Channel Myanmar

Andi Vasluianu

Do Not Expect Too Much from the End of the World (2023)
Do Not Expect Too Much from the End of the World (2023) ထူးခြားဆန်းပြားတဲ့ ရိုမေးနီးယား ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးပါရစေဗျ။ အန်ဂျလာဆိုတဲ့ ကောင်မလေးက ကော်ပိုရေးရှင်းတစ်ခုမှာ ဗီဒီယိုထုတ်လုပ်ရေးလက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ လစာနည်းနည်း၊ အလုပ်ချိန်များများနဲ့... ဟိုဟာအခိုင်းခံရ ဒီဟာအခိုင်းခံရ၊ ဟိုလူ့ညှိရ ဒီလူ့ညှိရနဲ့ အတော်တိုင်ပတ်တဲ့အလုပ်ပါ။လူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရင် ယဥ်ကျေးပျူငှာတယ်ဆိုပေမဲ့ အလုပ်လုပ်ရင်း ပင်ပန်းလာရင် အင်စတာဂရမ်လေးဖွင့်ပြီး ယောကျာ်းပုံစံ နှုတ်ခမ်းမွှေး filterတွေထည့်၊ ရိုင်းရိုင်းစိုင်းစိုင်း ဟာသတွေပြော ပျစ်နှစ်နေအောင်ဆဲပြီး သူ့ဘာသာ ပျော်အောင်နေရရှာတယ်။ ဒီဇာတ်ကားမှာ အဓိကကတော့ လုပ်ငန်းခွင်မှာ ဒဏ်ရာရလို့ ဒုက္ခိတဖြစ်သွားတဲ့ လူတွေကို "လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးရုပ်ရှင်" ဆိုပြီး လူလိုက်ရှာပြီး ရုပ်ရှင်ရိုက်ဖို့ စီစဥ်ကြတာပါ။ဥရောပအဆင်းရဲဆုံး ရိုမေးနီယားနိုင်ငံရဲ့ အခြေအနေတွေလည်း အရိပ်အမြွက်ပြထားပြီး အန်ဂျလာ ပြောတဲ့စကားလုံးတွေက ရယ်ရပေမဲ့ အရိုင်းဆန်ပြီး အဖော်အချွတ်တွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(2.5 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:44:00 Genre... ...
movie

Do Not Expect Too Much from the End of the World (2023)

Freedom (2023) 7.7
Freedom (2023) Freedom (2023) IMDb 7.8/10ဒီဇာတ်ကားလေးကတော့ ၁၉၈၉ ခုနှစ်ရိုမေးနီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ တော်လှန်ရေးကြီးကိုအခြေခံပြီးရိုက်ကူးထားတဲ့ Political/Thriller/Drama အမျိုးအစားဇာတ်ကားကြီးဖြစ်ပါတယ်တော်လှန်ရေးကြီးဖြစ်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ခေါင်းဆောင်ကို တပ်ကဖမ်းသွားပြီး အခြားလူတွေနဲ့အတူ ရေကူးကန်အလွတ်ကြီးထဲမှာ အကျဉ်းချထားလိုက်ပါတယ် သူ့အနေနဲ့ အပြင်မှာကျန်ခဲ့တဲ့မိန်းမနဲ့ကလေးဆီကိုပြန်ချင်တော့ လွတ်မြောက်ဖို့ကြိုးစားပုံကို တော်လှန်ရေးနောက်ခံအကြောင်းအရာတွေနဲ့အတူ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Drama, Histroy, Thriller, War Quality…. 1080p | 720p File size… 1.7GB | 904MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Freedom (2023)

2023
Taximetristi(2023) 7.1
Taximetristi(2023)  IMDb - 7.1/10 သမရိုးကျ ရိုမေးနီးယားရုပ်ရှင်တွေနဲ့မတူပဲကွဲထွက်နေတဲ့ 2023 ထွက် ရိုမေးနီးယားရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဗူးခရက်မြို့မှာ တက္ကစီမောင်းနေတဲ့ ဒရိုင်ဘာသူငယ်ချင်းနှစ်ယောက်ကိုအခြေတည်ထားတာဖြစ်ပြီး၊ သူတို့တက္ကစီမောင်းတဲ့ ညလေးတညမှာဖြစ်ပျက်ခဲ့တာတွေကို သဘာဝကျကျရိုက်ပြထားတာပါ။ တစ်ညထဲမှာသူတို့ကြုံ တွေ့ခဲ့ရတဲ့ လူတွေရဲ့ အတွေးအမြင်နဲ့အပြုအမူ တွေအပြင်သူတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝမှာ ရုန်းကန်နေရပုံတွေနဲ့ လမ်းမပေါ်မှာတင် ပါးစပ်သွားဖွာမိတဲ့ အမျိုးသမီးက လူမိုက်ခေါင်းဆောင်ရဲ့ အမျိုးသမီးဖြစ်နေပြီး ပြဿနာတက်ရပုံတွေနဲ့ တစ်ညထဲမှာတင်သူတို့ဘဝ အကောင်း၊ အဆိုး ပြောင်းလဲသွားရပုံတွေကို တကယ့်လူမှုဘဝမှာကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေအတိုင်း ရိုက်ပြထားတဲ့ ရိုမေးနီးယားဇာတ်ကားကောင်းလေးတကားဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(2.2 GB)/(1.1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT
movie

Taximetristi(2023)