Channel Myanmar

Anders T. Andersen

(18+) An Affair (2018) 5.5
(18+) An Affair (2018) An affair (2018) ဟာ IMDb 5.5 ရရှိထားတဲ့ နော်ဝေး drama/suspense အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဂျွမ်းဘားမယ်ဟောင်းဖြစ်တဲ့ အနီတာ ဟာ အထက်တန်းကျောင်းမှာဆရာမအဖြစ်နဲ့ အလုပ်ရခဲ့ပါတယ်။အဲ့အချိန်မှာပဲ အတန်းထဲက ကျောင်းသားတစ်ယောက်ဟာ သူ့ကိုစွဲလန်းနေမှန်းသိလိုက်ရချိန်မှာ အနီတာ တစ်ယောက်ဘယ်လိုတုန့်ပြန်မလဲ၊ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်မလား၊ ကျင့်ဝတ်တွေကို စောင့်ထိန်းမလား၊ သူဘယ်လမ်းကိုရွေးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။လိင်အသားပေး အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ လူတွေရဲ့သဘော သဘာဝကို မြင်သာအောင်ရိုက်ပြထားတဲ့ သဘာဝဆန်ဆန်ဇာတ်လမ်းမျိုးကြိုက်သူတို့အဖို့တော့ စိတ်အာသာပြေစေမှာပါ........... File size…1GB/ 419MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….Xcross Translated by  KK
movie

(18+) An Affair (2018)

2018
The Spy 2019
The Spy 2019 ဒီဇာတ်လေးကတော့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ ဆွန်ဂျာ၀စ်ဂက်ဆိုတဲ့ အမျိုးသမီးဟာ ဒုတိယကမ္ဘာစစ်ကာလတုန်းက နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက်ပါ။ တစ်နေ့မှာ တာဘိုဗန်လို့ ခေါ်တဲ့ နာဇီစစ်ဗိုလ် တစ်ယောက်ဟာ သူ့ကို မျက်စိကျသွားပြီး သူနဲ့အတူ ညစာစားဖို့ ဖိတ်ပါတော့တယ်။ ဒါပေမယ့် ဆွန်ဂျာဟာ မသွားခဲ့ပါဘူး။ ရလဒ်အနေနဲ့ ဆွန်ဂျာ့ရဲ့ အဖေဖြစ်သူ ထောင်ထဲရောက်သွားပါတယ်။ အဲ့ဒီအချိန်မှာ ဆွီဒင်အကြီးအကဲတစ်ယောက်ဟာ ဂျာမန် (နာဇီ) ဘက်က သတင်းတွေရဖို့ ဆွန်ဂျာ့ကို သူလျှိုလုပ်ဖို့ ကမ်းလှမ်းလာပါတော့တယ်။ သူလျှိုလုပ်ခြင်းအားဖြင့် သူ့ကို သဘောကျတဲ့ တာဘိုဗန်ကိုပါ ချဉ်းကပ်ပြီး အဖေဖြစ်သူ ထောင်ထဲကလွတ်အောင် ကယ်နိုင်မှာဖြစ်လို့ ဆွန်ဂျာဟာ ကမ်းလှမ်းမှုကို လက်ခံလိုက်ပါတော့တယ် ။ ဒါပေမယ့် ထူးဆန်းမှုတွေက ထပ်ပြီးဖြစ်လာပါတယ်။ နာဇီဗိုလ်မှူးကြီး တာဘိုဗန်ဟာ ဆွန်ဂျာ့ကို ယုံကြည်မှုလွန်ကဲသွားပြီး ဆွီဒင်ဘက်ကို သူ့အတွက် သူလျှိုသူလုပ်ပေးဖို့ ဆွန်ဂျာ့ကို ပြောလာပါတော့တယ်။ ဆွန်ဂျာတစ်ယောက် နှစ်ဖက်သူလျှိုလုပ်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ...
movie

The Spy 2019