Channel Myanmar

Anastasia Mateshko

Foxter and Max (2019) 6.1
Foxter and Max (2019)  ဒီတစ်ခါမှာတော့ ခွေးချစ်သူတွေအတွက်ရင်ထဲနွေးသွားရမယ့် ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းလေးကိုတော့ ခွေးအရမ်းမွေးချင်ပေမယ့်အိမ်က မွေးခွင့်မပြုတဲ့ ကောင်ကလေး Max နဲ့စတင်ထားပါတယ် ။ Max ဟာ ကာတွန်းရုပ်ဆွဲရတာဝါသနာပါပြီး ခပ်အေးအေးနေတတ်တဲ့ ကောင်လေးဖြစ်တာကြောင့် အတန်းဖော်တွေဆီကလည်း အနိုင်ကျင့်ခံရလေ့ ရှိပါတယ်။ အဲဒီလို Max ဆီကို တံတားအောက်ကထူးဆန်းတဲ့မှုတ်ဆေးတစ်ဘူး အကြောင်းပြုပြီး Foxter လို့ခေါ်တဲ့ စက်ရုပ်ခွေးလေးတစ်ကောင်ရောက်လာတဲ့အခါမှာတော့ Max ရဲ့ ဘဝကြီးက တစ်ဆစ်ချိုးပြောင်းလဲသွားတော့တာပါပဲ ။ ဒါပေမယ့် စက်ရုပ်ခွေးလေး Foxter ကိုမကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အသုံးချဖို့ ကြံစည်နေတဲ့လူမိုက်တွေကလည်း ရှိနေပါသေးတယ် ။ Max ဟာ ခွေးလေးFoxter ကို လူမိုက်တွေလက်ထဲ ပါမသွားအောင် ကာကွယ်နိုင်ပါ့မလား ။ ဒါမှမဟုတ် Foxter ကပဲ Max ကို ပြန်ကာကွယ်ရမလားဆိုတာတော့ 2019 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ယူကရိန်းရုပ်ရှင် Foxter and Max မှာ ...
movie

Foxter and Max (2019)

Carol of the Bells (2022) 8.1
Carol of the Bells (2022) Carol of the Bells (2022) ==================ဒီဇာတ်ကားလေးကတော့ ဆိုဗီယက်ပြည်ထောင်စုကို နာဇီဂျာမနီတို့ ကျုးကျော်စဥ်က ဂျူးလူမျိုးတွေရယ် ဆိုဗီယက်ပြည်သူတွေ ဘယ်လိုဒုက္ခများစွာခံရလဲ၊ သတ် ဖြတ်ခံခဲ့ရလဲဆိုတဲ့ဒုက္ခများစွာကို အိမ်နီးချင်းမိသားစုနှစ်စု အကြောင်းလေးနဲ့ အတူရိုက်ပြထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ရန်သူ​အပေါ်မှာတောင်​ ဂီတရဲ့သက်ရောက် နိုင်စွမ်း အနှစ်သာရတွေကိုအမွှမ်းတင်ပြသထားတဲ့ ဇာတ် လမ်းလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းကအနည်းငယ်အေးသလိုထင်ရပေမယ့်၊ ဂီတကို ချစ်တဲ့သူတွေအတွက်တော့ inspiration ကောင်းကောင်း ပေးနိုင်တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ momo ဖြစ်ပါတယ်)File Size..........(2.16 GB) / (725 MB) / (398 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs 05Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History Translator.......momo Encoder..........SWM
movie

Carol of the Bells (2022)

2022