Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anant Joshi
Blackout (2024)
Blackout 2024 ကံခေလွန်းတဲ့မီးပြတ်ညဝေဖန်သံတွေ ဆူညံသွားစေတဲ့ ၁၂ တန်းကျတဲ့ 12th failထဲကမင်းသားVikrant Masseyရဲ့ crimeနဲ့comedyရောစပ်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ပရိသတ်အသဲနှလုံးကို quality performance တွေနဲ့ အမြဲသိမ်းပိုက်ထားတဲ့Vikrantတစ်ယောက် ဒီတစ်ခါရော ဘယ်လိုလာမလဲ ရှုစားကြပါဦးစို့။ဇာတ်လိုက်ကျော်ကြီးလန်နီက သတင်းထောက်ဆိုပေမဲ့ တဇွတ်ထိုးဆန်ပြီး အရှက်တွေသိက္ခာတွေမငဲ့ဘဲ ထင်ရာစိုင်းတတ်တဲ့သူ၊ ကလေးတွေဘောလုံးကစားလို့ သူ့ကိုလာမှန်ရင် ဘောလုံးကိုခွဲပြီးမှပြန်ပေးတတ်တဲ့သူမျိုးပါ။ လန်နီတစ်ယောက် တခြားသူတွေကိုဘယ်လိုပဲဆက်ဆံနေပါစေ မိန်းမကိုတော့အရမ်းချစ်တတ်တဲ့သူကြီးပေါ့။လန်နီရဲ့မဟေသီ ရိုရှ်နီကတော့ ဟင်းမချက်တတ်တာကလွဲရင် ဘာမှပြောစရာမရှိတဲ့သူလေးပေါ့။ ဒီလိုနဲ့ညစာစားဖို့ပြန်လာတဲ့ ကိုလန်နီတစ်ယောက် မဟေသီရဲ့ဟင်းချက်စကေးကြောင့် စားစရာမရှိနေရတဲ့ထဲ မီးကပါပြတ်သွားတော့ မိန်းမကိုပဲစားမယ်ဆိုပြီး ကွန်ဒုံးအဝယ်ထွက်ပါသတဲ့။မီးပြတ်တာကိုရိုးနေတဲ့ လင်းနို့တစ်ပိုင်းမီယမ်မာသားတွေအတွက် မထူးဆန်းပေမဲ့ အမြဲမီးလာနေတဲ့ရပ်ကွက်က ဆရာလန်နီကတော့ အမှောင်ထဲကားမောင်းရင်း လူတိုက်မိရာကနေ ကံဆိုးမိုးမှောင်ကျဖို့ဖြစ်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…2.1GB / 867MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Blackout (2024)
2024
9.2
12th Fail (2023)
12th Fail (2023) "ရိုးဂုဏ်"IMDb - 9.2/10 2009ခုနှစ်က ထုတ်ဝေခဲ့တဲ့ ရဲအရာရှိ မာနို့ဂျ်ကူမားရှာရ်မာနဲ့ အခွန်အရာရှိ ရှရတ်ဒါးဂျိုရှီ ရှာမာတို့အကြောင်း ဖြစ်ရပ်မှန်၀တ္ထုကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ဘတ်ဂျတ်ငွေရဲ့ သုံးဆကျော် ပြန်လည်ရရှိခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။Haseen Dillruba(2021)မှာ ချစ်ရတဲ့ဇနီးသည်အတွက် လက်တစ်ဖက်ကိုစတေးခဲ့တဲ့ ချစ်တတ်လွန်းသူကြီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဗစ်ခရန့်မတ်ဆီက ရဲအရာရှိ မာနို့ဂျ်အဖြစ်ပါဝင်ထားပါတယ်။ ချမ်ဘာလ်ဆိုတဲ့ မြစ်လက်တက်လေးရဲ့ဘေးက ဘီလာဂွန်လို့ခေါ်တဲ့ ဇနပုဒ်ငယ်လေးမှာနေတဲ့ မိသားစုလေးတစ်ခု။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်မှာ သူ့ရဲ့ရိုးသားတဲ့စိတ် မဟုတ်မခံစိတ်ကြောင့် တာဝန်ကရပ်ဆိုင်းခံရပါတယ်။ အဲဒါကို မကျေနပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုကိုတိုက်ဖျက်ဖို့ အကျင့်ပျက်ချစားမှုကို တိုက်ဖျက်ဖို့ အထက်တရားရုံးတက်မယ်ဆိုပြီး မြို့တက်သွားပါတော့တယ်။ ရဲအရာရှိမာနို့ဂျ်ဖြစ်လာမဲ့သူကတော့ သူတို့အိမ်က သားလတ်။၁၂တန်းစာမေးပွဲအောင်ရင် ရုံးဝန်ထမ်းလေးလုပ်မယ်ပေါ့။ စာမေးပွဲမှာ ခိုးချဖို့အရေး အများကြီးကြိုးစားခဲ့ရပြီးမှ အသစ်ပြောင်းလာတဲ့ ဒုရဲအုပ်ကြီးရောက်လာလို့ ခဲလေသမျှ သဲရေကျပြီး အစ်ကိုဖြစ်သူနဲ့ ထော်လာဂျီမောင်းစားရပါတော့တယ်။ထော်လာဂျီလေးမောင်းလို့ အဆင်ပြေမယ်လုပ်မှ ခရိုနီတွေကြောင့် ...
movie
12th Fail (2023)
2023
4K HEVC
6.9
Kathal (Kathal: A Jackfruit Mystery) [2023]
Kathal 2023 *************IMDb 7/10 ဒီနေ့ တင်ဆက် ပေးမှာကတာ့ မင်းသမီးချော ဆန်ယာမလိုဟ်တရာက ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆာင်ထားပြီး Netfilxကနေ တင်ဆက်ထားတဲ့ Kathal ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ကထာလ် ဆိုတာ အိန္ဒိယလို ပိန္နဲသီးကိုခေါ်တာတဲ့။ ဇာတ်ကားနာမည်အတိုင်းပါပဲ။ ပိန္နဲသီးပျောက်ရှာပုံတော်ပါ။ထက်ထက်မြက်မြက် ရဲမေ မာဟင်မာတစ်ယောက်။ ကပ်ဖားတတ်တဲ့ အထက်လူကြီးတွေရဲ့ ဖိအားပေးမှုနဲ့ MLA ရဲ့ ပိန္နဲသီးပျောက်ကို လိုက်ရှာပေးရတော့တာပါပဲ။ပိန္နဲသီးကရိုးရိုး ပိန္နဲသီးတော့မဟုတ်ဘူးဗျ။ MLA ခမျာ CM ကိုလာဘ်ထိုးအချိုသတ်ဖို့ ပိုးမွေးသလို ဥထားတဲ့ မလေးရှားဖြစ် ပိန္နဲသီး၊ နာမည်တောင်ပေးထားသေး အန်ကယ်ဟုန်ဂ်တဲ့လေ။ပေါ့ပေါ့ပါးပါးနဲ့ ရီရီမောမောကြည့်ရင်း နောက်ဆုံး ပိန္နဲသီးသူခိုးကိုရှာတွေ့သွားမလား။ ဒါမှမဟုတ် ဒီကိစ္စက ဒီလောက်ရိုးရှင်းပါ့မလား၊ ဒါတွေကို ပိတ်ရက်မှာကြည့်ရှုရင်း ခဏအပန်းဖြေလိုက်ကြပါဦးဗျာ။ Crime/Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာ မလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတာ့ HM,Bpl,ThaikSan,Yunniနဲ့ Cherry တို့ပဲ ဖြစ်ပါတယ်။ File size…2.69GB / 1.24GB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard ...
movie
Kathal (Kathal: A Jackfruit Mystery) [2023]
2023
8.3
Cobalt Blue (2021)
"ကိုယ့်ရဲ့အစ်ကိုဖြစ်သူ ဒါမှမဟုတ် ညီမဖြစ်သူနဲ့ လူတစ်ယောက်တည်းကို သဘောကျမိရင်" ဆိုတဲ့ အတွေးမျိုးတွေးမိကြဖူးလား။ကယ်ရလာဆိုတဲ့နေရာမှာနေထိုင်ကြတဲ့ ယဉ်ကျေးမှုရိုးရာကို အလွန်လေးစားတန်ဖိုးထားကြတဲ့ မိသားစုရဲ့မျိုးဆက်အငယ်လေးတွေဖြစ်တဲ့ မောင်နှမနှစ်ယောက်။ စာရေးဆရာဖြစ်ချင်တဲ့ တနေးနဲ့ ဟော့ကီကစားသမားတစ်ယောက်ဖြစ်ချင်တဲ့ အနူဂျာတို့ဟာ အိပ်မက်တွေမတူကြသလိုခံယူချက် မျှော်လင့်ချက်တို့မတူကြပါဘဲ သူတို့အိမ်မှာ လာငှားနေတဲ့လူတစ်ယောက်တည်းကိုပဲ ချစ်မိသွားခဲ့ကြတာပါ။ဒီကိစ္စကိုသိသွားတဲ့ သူတို့ရဲ့ မိသားစုကရော ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုဖြေရှင်းမလဲ...သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ....ဘဝနဲ့အချစ်ယှဉ်လာတဲ့အခါ မေတ္တာတရားကို ဘယ်လိုတန်ဖိုးဖြတ်ကြမလဲ ဆိုတာကို သပ်ရပ်ရှင်းလင်းတဲ့ရိုက်ကွက်တွေနဲ့ ချပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။LGBTQတို့ရဲ့ လက်တွေ့ဘဝကို အကောင်းဆုံး ချပြထားတဲ့ "Cobalt Blue"ဆိုတဲ့ ဒီဇာတ်လမ်းလေး။ အပြာရောင်ဆိုတာကတော့ ဝမ်းနည်းကြေကွဲခြင်းကိုဖော်ပြတဲ့အရောင်ဖြစ်သလို ဒီဇာတ်လမ်းလေးဟာလည်း နှလုံးသားတွေကွဲကြေရတဲ့ မောင်နှမနှစ်ယောက်ကြားထဲက ခံစားချက်တွေကို ဖော်ပြနေတာများဖြစ်နေမလား။"ချစ်မိတဲ့အချိန်ကျရင် သိလာပါလိမ့်မယ်။ အချစ်က မင်းကို သန်မာလာအောင် လုပ်ပေးနိုင်တယ်"တဲ့။IMDb 8.1အထိရရှိထားပြီး 2021 Decemberကမှထွက်ထားကာ Sachin Kundalkarရဲ့ ဝတ္ထုကိုပြန်ရိုက်ထားတဲ့Cobalt Blue(ကိုဘော့ပြာရောင်)ဆိုတဲ့ အိန္ဒိယကားလေးဖြစ်ပါတယ်။ အားပေးကြည့်ရှုလိုက်ပါဉီးနော်။ File size…1.6GB / 800MB Quality…1080p ...
movie
Cobalt Blue (2021)
2021