Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ana Abad-Santos
6
Road Trip (2024)
Road Trip (2024) ခရီးလေးတစ်ခေါက်ဒီတစ်ခါတော့ CMပရိသတ်ကြီးအတွက် မိုးအေးအေးလေးနဲ့ ငယ်ဘဝကိုတစ်ခါလောက် ပြန်တွေးမိမယ့် ဖိလစ်ပိုင် လူငယ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဆယ်ကျော်သက်ဘဝမှာ သူငယ်ချင်းတွေနဲ့ ခရီးတစ်ခေါက် ထွက်မယ်လို့ လူတိုင်းစဥ်းစားဖူးကြပါတယ်။ တချို့ကျတော့လည်း သူငယ်ချင်းတွေစုံစုံညီညီနဲ့ ဆန္ဒတွေ ပြည့်ပြီးခရီးတွေ ထွက်ဖြစ်ကြတယ်။ တချို့ကျတော့လည်း အသက်ကြီးတဲ့ထိ ခရီးမထွက်ဖြစ်ဘဲ ပါးစပ်အရသာခံရင်း ပြီးဆုံးသွားရတယ်။ဆိုဖီယာ၊ မာရီကာ၊ ဂျီဂျီနဲ့ချီကီတို့ သူငယ်ချင်းလေးယောက်ကတော့ ဒုတိယအမျိုးအစားပေါ့။ ပူလက်တောင်ကို ခရီးထွက်ကြမယ်ဆိုတဲ့ ငယ်ဘဝဆန္ဒလေးကို အသက်၄၇နှစ်ကြာမှ အကောင်အထည်ဖော်ကြရတယ်။ ဒီတစ်ခါတော့ ဆယ်ကျော်သက်ဘဝလို အရာရာလွတ်လွတ်လပ်လပ် မဟုတ်တော့ဘူး။ မိသားစုတာဝန်၊ အလုပ်တာဝန်တွေ ရောယှက်လာခဲ့ပြီ။ငယ်ရွယ်ချိန်တုန်းကာသူတို့တွေဟာ ငယ်တုန်းကအတိုင်း ရှိနေကြသေးရဲ့လား။ ဘာတွေပြောင်းလဲသွားမလဲ။ မတည့်အတူနေ လေးယောက် ခရီးထွက်မယ့်အစီအစဥ် အောင်မြင်ပါ့မလား။ငယ်ရွယ်စဥ်မှာ လုပ်ခဲ့တဲ့အမှားတွေ၊ အမှတ်တရတွေ၊ အထင်လွဲတာတွေ၊ ရန်ဖြစ်ကြတာတွေကို ပြန်ပြီးတွေးတောကြရင်း ဒီခရီးလေးမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ဒီကားလေးမှာစောင့်ကြည့်ပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollyood Team ဖြစ်ပါတယ်) File size…2.02GB / 869MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie
Road Trip (2024)
2024
5.7
A Very Good Girl (2023)
A Very Good Girl [2023] ( IMDb 5.8/10, RT 58% )မာစီဆိုတဲ့ ကောင်မလေးဟာ သူ့အမေသေဆုံးသွားအောင် လုပ်ခဲ့တဲ့ မားသားမောလ် ကုန်တိုက်ပိုင်ရှင် မော်လီကို လက်စားချေဖို့ ကြံစည်ထားတာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်... မာစီတို့ဟာ ကိုယ်ကကောင်းရင် အများက ပြန်ကောင်းလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ နေထိုင်ခဲ့ကြပေမယ့် လက်တွေ့လောကဟာ သူတို့ ထင်သလို ဖြစ်မနေပါဘူး... ဒီလိုနဲ့ မိခင်ကိုပါဆုံးရှုံးရပြီးတဲ့နောက်မှာ မာစီ အသက်ရှင်ရတဲ့ အကြောင်းပြချက်ဟာ တစ်ခုသာရှိပါတော့တယ်... အဲ့ဒါက မော်လီကို လက်စားချေဖို့ပါပဲ... အဲ့အတွက် မာစီဟာ ဖီလိုဆိုတဲ့ လူကုံထံမလေးအသွင်ဆောင်ပြီး မော်လီ့အဝန်းအဝိုင်းထဲကို ရောက်ဖို့ ကြိုးစားပါတော့တယ်... ဒီနောက်မှာတော့ တစ်ဆင့်ပြီး တစ်ဆင့် သူစီစဉ်အကွက်ချထားတဲ့အတိုင်း ကြိုးစားပါတော့တယ်... ဇာတ်လမ်းဟာ ပရိသတ်ထင်သလိုတော့ သာမန်ဇာတ်ကားများနည်းတူ အဆုံးသတ်သွားတာ မဟုတ်ဘဲ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, ...
movie
A Very Good Girl (2023)
2023
6.1
Third World Romance (2023)
ဆင်းရဲသားကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ အလုပ်တွေကြိုးကြိုးစားစားလုပ်ရင်း နောက်၃၊၄နှစ်နေတော့ ချမ်းသာသွားကြပါတယ်။...ဒီလိုဆိုရင်တော့ သိပ်ကိုစိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းဖြစ်နေမှာပေါ့။အချိန်တိုတိုလေးအတွင်း လူချမ်းသာကြီးဖြစ် အိမ်တွေကားတွေပိုင်သွားတယ်ဆိုတာဇိမ်ခံရုပ်ရှင်တွေထဲမှာပဲရှိတာပါ လက်တွေ့ဘဝကြီးမှာတော့ ဘာကိုမှအလကားရမနေပါဘူး။ လက်ရှိဘဝလေးကတဆင့် ချောင်လည်အောင် ကြိုးစားရုန်းကန်ရင်အသက်ရှင်နေရတာပါပဲ။ဒီဇာတ်လမ်းလေးထဲမှာလည်း အထက်လူကြီးရဲ့ခေါင်းပုံဖြတ်မှုကြောင့်အလုပ်ထွက်လိုက်တဲ့ Breeနဲ့ ပျော်ရွှင်ဖို့ကိုသာဘဝရည်မှန်းချက်အဖြစ်ထားတဲ့စူပါမားကတ်ကလုပ်သားလေးVinတို့ဟာ လက်တွေ့လောကကြီးဟာထင်သလောက်မလွယ်ကူကြောင်းပြနေပါတယ်။ကပ်ရောဂါကြီးဖြစ်ပြီးခါစ အားလုံးလည်း နာလန်ပြန်ထူဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။အစိုးရကထောက်ပံ့တဲ့ စားနပ်ရိက္ခာသွားယူရင်း Vinဟာ Breeကို သဘောကျသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်နေတဲ့ Breeကို လက်ရှိသူလုပ်နေတဲ့ စူပါမားကတ်မှာအလုပ်သွင်းပေးလိုက်ပါတယ်။ ဘဝမှာ နေပျော်ဖို့ပဲအဓိကထားပြီး စိတ်ထားပြည့်ဝတဲ့Vinဟာ Breeလိုအပ်တာမှန်သမျှကို တက်နိုင်သမျှလေးဖြည့်ဆည်းပေးရှာပါတယ်။ဆင်းရဲတဲ့ဘဝမှာ အကြောက်တရားကင်းဖို့ကလွဲရင် ဘာကိုမှရွေးချယ်စရာမရှိဘူးလို့ခံယူထားတဲ့Bree။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ခံယူချက်တွေကို ပြောင်းပြန်လှန်ပစ်ရမယ့်ဖြစ်ရပ်နဲ့ကြုံရတဲ့အခါ... File size…1.88GB / 892MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 52m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie
Third World Romance (2023)
What If (2023)
What If (2023)ဇာတ်လမ်းဟာ drama-romance ဇာတ်လမ်းဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာ Manny Paloက ရိုက်ကူးထားတာပါ။ Alessandra de Rossi နှင့် JM de Guzman တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းက ဟန်းနီးမွန်းထွက်လာတဲ့ ကြင်စဦးဇနီးမောင်နှံကိုအခြေတည်ရိုက်ကူးထားတာပါ။သူတို့ဟာအိမ်ထောင်ရေးကို ပြိုကွဲစေနိုင်တဲ့ ခက်ခဲတဲ့ အမှန်တရားတွေကို ရင်ဆိုင်ရတယ်။ နှစ်ဦးစလုံးက မတူညီသောဘဝတွေ အလိုဆန္ဒနှင့်လိုအပ်ချက်တွေ၊ မိသားစုဝင်ရောက်စွက်ဖက်မှု၊ အသက်မွေးဝမ်းကျောင်း၊ မနာလိုမှုတွေလို လက်တွေ့အိမ်ထောင်ရေးပဋိပက္ခတွေကိုရိုက်ကူးတင်ဆက်ထားတာပါ။သူတို့ အဆင်ပြေသွားမှာလား၊ ကွဲသွားမှာလား ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.7GB | 536MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie
What If (2023)
2023
5.8
Love You Long Time (2023)
ဒီဖိလစ်ပိုင်ကားကတော့ မြင်ဖူးနေကျဖိလစ်ပိုင်ကားတွေနဲ့ ကွဲထွက်ပါတယ်။အရာရာကို သဘာဝရှုခင်းလှလှ၊ ရုပ်ရှင်ဓာတ်ပုံလှလှတွေနဲ့ ငြိမ့်ငြိမ့်လေးပြသွားတာအချစ်ကဗျာတစ်ပုဒ် ဖတ်နေရသလိုပါပဲ။ အစပိုင်းမှာ ကြည့်ရတာပျင်းကောင်းပျင်းနိုင်ပေမဲ့စိတ်ရှည်ရှည်နဲ့ဆက်ကြည့်ရင် ဒီရုပ်ရှင်ကပေးစွမ်းချင်တဲ့ရသတွေကို ခံစားရမှာပါ။ အချစ်ဆိုတာလည်း ခက်တော့ခက်သား ဝေးရမယ်ဆိုမှ ပိုတွေ့ချင်မိတယ် ခွဲရမယ်ဆိုမှဆွဲထားချင်မိတယ်။ Before Trilogy တွေကိုကြည့်ပြီး မရိုးမရွဖြစ်စေတဲ့အရာကလည်းဒီလိုပဲ ဘဝမှာအလွယ်ရခဲ့သမျှအချစ်တွေအားလုံးကို ပေါပေါပဲပဲလုပ်ခဲ့ပြီးမှ ရထားခရီးစဉ်ဆုံးရင် ခွဲရတော့မယ့်လူကိုမှ ချစ်မိသွားလို့ နှစ်ယောက်သား နောင်တမရအောင် လမ်းခုလတ်ကဘူတာမှာ တစ်ညတာဆင်းနေခဲ့ကြတယ်မဟုတ်လား။ ကိုယ်ရဲ့ပစ္စုပ္ပန်က မင်းရဲ့အတိတ်မင်းရဲ့ပစ္စုပ္ပန်က ကိုယ့်အနာဂတ်အဖြစ် ၄ နှစ်တာ ကွာဟနေတဲ့ အချိန်ကာလကိုကိုယ်တို့အချစ်နဲ့ ဘယ်လိုပိတ်ဆို့ကြမလဲ။ ကိုယ်ကတော့ ဖုန်းအဟောင်းတစ်လုံးနဲ့မကျေနပ်နိုင်ဘူး။ မင်းကိုထိတွေ့ခွင့်တွေ၊ မင်းနဲ့အတူထိုင်ပြီး ကော်ဖီသောက်ခွင့်တွေ၊မင်းချသမျှဆုံးဖြတ်ချက်တိုင်းမှာ အရေးပါခွင့်တွေကို လောဘတက်ချင်သေးတယ်။မျှော်လင့်ချက်ဟာ အရာရာဆိုတာကို လက်ခံကြလားဗျ။ မျှော်လင့်ချက်ကြောင့်အသက်ရှင်သလို မျှော်လင့်ချက်ကြောင့် သေဆုံးနိုင်တာပါပဲ။ ကိုယ့်ကိုယ်ကိုသေလူလို့သက်မှတ်ထားတဲ့ကိုယ်က ဒီမျှော်လင့်ချက်တွေကြောင့်ပဲ အသက်ရှင်ချင်လာမိတယ်...ဒီဇာတ်ကားလေးကတော့Healing movie ကောင်းကောင်းတစ်ခုဖြစ်တဲ့အတွက် အချစ်ကြောင့်စိတ်ပင်ပန်းနွမ်းနယ်နေခဲ့ရင် ဒီကားကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်ခင်ဗျာ။ File size…1.26GB / 481MB Quality…NF WEB-DL ...
movie
Love You Long Time (2023)
6.3
Barcelona: A Love Untold (2016)
KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့...ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီကချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက်စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့ စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်....တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသားတွေ့ဆုံခဲ့ကြပါတယ်....မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင်တူနေတဲ့အတွက်အယ်လီဟာ မီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်းချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်....ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ????ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ???လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်....တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲနာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Thazin Myint မှတင်ဆက်ထားပါတယ်။)Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/52 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။File size…(2.3 GB)/(860 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….02:11:45 Subtitle….Myanmar ...
movie
Barcelona: A Love Untold (2016)
2016
[18+] Bula (2022)
Bula (2022)မယ်လ်ဒီက အဝတ်လျှော်လုပ်ငန်းတစ်ခုမှာအလုပ်လုပ်တဲ့မိန်းမငယ်တစ်ယောက်၊ ခင်ပွန်းသည်ဒုက္ခိတကြီးကိုပြုစုလုပ်ကျွေးနေသူလဲဖြစ်တော့ သူ့ဘဝကရိုးရှင်းဟန်ရှိတယ်။ဒါပေမယ့်အပေါ်ယံဖြူစင်တဲ့မျက်နှာစာအောက်မှာ သိပ်ကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်နေထိုင်တာကို ပတ်ဝန်းကျင်တစ်ခုလုံးမသိရအောင် အနေအထိုင် သိုသိပ်ကျစ်လျစ်ပါတယ်။ သူ့မှာပြင်းပြဖောက်ပြန်တဲ့ တဏှာရမ္မက်တွေရှိတယ်။ သူ့ဖောက်သည်တွေရဲ့အဝတ်အစားတွေ ဝတ်စုံတွေကိုခိုးယူဝတ်ဆင်ပြီး သူပြုသမျှနုရာရှာတဲ့ ခင်ပွန်းသည် ဒုက္ခိတကြီးနဲ့ သူ့ရဲ့ uniform fetish တွေ Roleplay တွေနဲ့ဆန္ဒကိုဖြေဖျောက်ပါတယ်။ ဒါတင်မကပိုကြောက်ဖို့ကောင်းတဲ့အချက်က သူဟာလိုချင်တဲ့အရာတစ်ခုကို သက်မဲ့အရာဝတ္ထုကအစ သက်ရှိဘဝအဆုံး မရရအောင်ယူတတ်တဲ့သူ ရဖို့အတွက်ဘာမဆိုလုပ်ရဲတဲ့သူဖြစ်နေတာပါပဲ။ဒီလိုနဲ့ သူတို့ရဲ့ဖောက်သည်အသစ်ဖြစ်တဲ့ ရဲအရာရှိနဲ့ချစ်သူမော်ဒယ်မလေးတို့ကိုမြင်ရတဲ့အချိန်မှာ သူဟာ မော်ဒယ်မိန်းကလေးဘဝကိုအားကျပြီး ရဲအရာရှိကိုငမ်းငမ်းတက်လိုချင်လာတဲ့အချိန်... အဲ့ဒါတွေနဲ့ တပြိုင်တည်း သူတို့ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကွင်းဆက်လူသတ်မှုတွေကိုပါ ဒီရဲအရာရှိက စုံစမ်းစစ်ဆေးဖို့ဖြစ်လာတဲ့အချိန်မှာ သူတို့ချင်းထိပ်တိုက်ဆုံဖို့ ဖြစ်လာပါတော့တယ်။လုပ်ချင်တာလုပ်ထားပြီးရင် အလှဆုံးပြုံးနေတတ်တဲ့ မင်းသမီးငယ်လေး Ayanna Misola နဲ့ High (School) On Sex ထဲကကျောင်းဆရာမမ Rob Guinto တို့နှစ်ဦးတွဲပွဲကြမ်းထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ အရမ်းကောင်းပါတယ် စတော်ဘယ်ရီလိုပါပဲ...(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ...
movie
[18+] Bula (2022)
2022
6.2
Just a Stranger
Just A Stranger (2019) ~~~~~~~~~~~~~~~~~~~~~IMDb - 6.2/10 ဒီဇာတ်ကားလေးကတော့ 2019တုန်းက အရမ်းကိုအောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင် Romance/Drama ကားလေးဖြစ်ပါတယ်ရုံတင်ပြီး (၁၂)ရက်အကြာမှာပဲ Box office မှာ PHP 100million အထိဝင်ငွေရရှိခဲ့ပါတယ်~~~ အညွှန်း ~~~အချစ်မပါတဲ့ အိမ်ထောင်ရေးကြောင့် မပျော်မရွှင်ဖြစ်နေတဲ့ (၃၈)နှစ်အရွယ် မေနဲ့ မိဘတွေရဲ့ တင်းကြပ်တဲ့ချုပ်ထိန်းမှုတွေနဲ့ ချစ်သူကောင်မလေးရဲ့နားလည်မပေးမှုတွေကြောင့် စိတ်ညစ်နေတဲ့ ဂျေရီဂိုဆိုတဲ့ (၁၉)နှစ်အရွယ်ကောင်လေးတို့နှစ်ယောက် ခရီးထွက်ရင်း ကမ်းခြေတစ်ခုမှာ မထင်မှတ်ဘဲ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက် တစ်ညတာ အတူနေဖြစ်သွားကြပါတယ်~~~~~~ မေကတော့ သူ့နေရပ် ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်~ တစ်ဖက်မှာလည်း ဖခင်ဖြစ်သူရဲ့အလုပ်ကြောင့် ဂျေရီဂိုတို့မိသားစုဟာ ဖိလစ်ပိုင်ကို ပြန်ပြောင်းဖြစ်ခဲ့ကြပါတယ်~ရက်အနည်းငယ်အကြာမှာတော့ ပြတိုက်တစ်ခုမှာ သူတို့နှစ်ယောက် မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာရာကနေ အသက်နှစ်ဆလောက်ကွာနေတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်~ဇာတ်လမ်းရဲ့အစပိုင်းကိုတော့ သာမာန်ပဲလို့ထင်ရနိုင်ချေရှိပေမယ့် မထင်မှတ်ထားတဲ့ ဇာတ်သိမ်းခန်းကြောင့် ရသတစ်ခုခုကို ကျိန်းသေပေါက်ခံစားရမှာဖြစ်လို့ လုံးဝလက်မလွှတ်သင့်ပါဘူးနော်~Review by Van Sui ParFile size… 1.67GB and 758MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1hr ...
movie
Just a Stranger
2019
7.6
Metro Manila (2013)
Metro Manila ရုပ်ရှင်ဇာတ်ကားဟာ 2013 ခုနှစ်ကထွက်ရှိထားတဲ့ British ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ဇာတ်အိမ်တည်ထားပါတယ် IMDb 7.6 , Rotten tomatoes 94%ထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Jake Macapagal,John Arcilla,Althea Vega တို့အဓေိကပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ Banaue မှာနေထိုင်တဲ့လယ်သမားလေး Oscar တစ်ယောက် စီးပွားရေးမကောင်းတာကြောင့် ဇနီးနဲ့သားသမီး ၂ယောက်ကိုခေါ်ကာ Manila မြို့ကြီးဆီပြောင်းရွှေ့လာပါတယ် သို့သော်အလိမ်ခံရတာကြောင့် တိုက်ခန်းပြောင်းပေးရပြီး ဆင်ခြေဖုံးရပ်ကွက် လေးဆီပြောင်းရွှေ့နေထိုင်ရပါတော့တယ် ကံကောင်းထောက်မပြီး Oscar တစ်ယောက် ကုမ္ပဏီတစ်ခုမှာ လုံခြုံရေးအရာရှိအနေနဲ့အလုပ်ရခဲ့ပါတယ် လုပ်ဖော်ကိုင်ဖက် Ong ကလည်း မိသားစုပြောင်းရွှေ့နေထိုင်ဖို့ တိုက်ခန်းတစ်ခန်းစီစဉ်ပေးခဲ့ပါတယ် သို့သော် ဒါတွေက တစ်ကယ်ပဲကံကောင်းခြင်းတွေလား......Ong ကရောလုပ်ဖော်ကိုင်ဖက်ကောင်းလား.....သူတို့မိသားစုမြို့ကြီးမှာဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုသူတို့ခံစားကြည့်လိုက်ပါဦး Qty - 720p BlurayDuration - 2hr 10minGern - Drama / ThrillTranslator - May Thu SoeEncoder ...
movie
Metro Manila (2013)
2013