Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
An Nguyen
6.7
The Brave One (2007)
ဒီတစ်ခါမှာတော့ မမဂျိုဒီဖို့စတာကို သေနတ်တစ်လက်နဲ့ မြင်ရမယ့်ဇာတ်ကားအဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။“Street Walk” လို့ခေါ်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ တင်ဆက်သူအဲရစ်ကာဘိန်းဟာ နယူးယောက်မြို့ကြီးကို ချစ်မြတ်နိုးသူဖြစ်ပြီးသိပ်မကြာခင်မှာပဲ ချစ်ရသူနဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ဘဝမှာ ပျော်မွေ့တဲ့အလုပ်အကိုင်ရယ် မြတ်နိုးရတဲ့လက်တွဲဖော်ရယ်ရှိပြီဆို ဘာများလိုအပ်ဦးမှာလဲ၊ အဲရစ်ကာအဖို့တော့ကမ္ဘာကြီးက သုခဘုံပါပဲ။ ဒီလို အဲရစ်ကာဘိန်းအတွက် တစ်ညတာကအရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ဒီနေရာလေးမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မပြောတော့ဘဲ၃ပတ်တာ ကိုမာဝင်နေရာကနေ ပြန်နိုးလာတဲ့အဲရစ်ကာအကြောင်းကနေ ပြန်ဆက်လိုက်ပါမယ်။အဲရစ်ကာ ပြန်သတိရတဲ့အချိန်မှာတော့ သူ့ချစ်သူကိုသင်္ဂြိုဟ်ပြီးသွားပါပြီ။ နယူးယောက်မြို့ကြီးဟာ သူ့အဖို့ အရင်လို ပျော်စရာမဟုတ်ဘဲကြောက်မက်ဖွယ်အတိဖြစ်လာတဲ့အလျောက်သေနတ်ဝယ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ အဲရစ်ကာဟာ နောက်ထပ် မတော်တဆမှုတစ်ခုမှာအခန့်မသင့် ပါဝင်ပတ်သတ်မိရင်း ပထမဆုံး လူတစ်ယောက်ကိုစသတ်မိရာကနေပြီးတော့ သူ့အတွက်ကောနယူးယောက်မြို့သားတွေအတွက်ပါအပြောင်းအလဲကြီးတစ်ခု ဖြစ်လာခဲ့ပြီး “စေတနာ့လူသတ်သမား”ဆိုတဲ့ နာမတစ်ခုဟာနယူးယောက်တစ်ခွင် ဟိန်းသွားပါတော့တယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတောတော့ဆက်ကြည့်လိုက်ကြပါဦး။ File size… 1.7 GB / 775MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Crime / ...
movie
The Brave One (2007)
7.1
Definitely, Maybe (2008)
Definitely, Maybe (2008) IMDb - 7.1/10_____Rotten - 70% Will Hayes (Ryan Reynolds) ဆိုတဲ့ လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်မှာ သမီးလေးတစ်ယောက်ရှိပြီး ဇနီးမယားနဲ့တော့ ကွဲကွာနေသူပါ... တစ်နေ့သမီးလေးဟာ ကျောင်းရဲ့ လိင်ပိုင်းဆိုင်ရာသင်ခန်းစာတွေသင်ပြီးနောက်မှာ အဖေ့ထံက တစ်သက်လုံးမကြားခဲ့ရတဲ့အမေ့အကြောင်းကို စပ်စုပါတော့တယ်.... ဖခင်ဖြစ်တဲ့သူဟာ အမေဆိုတာကြီးကိုတမ်းတပြီး သမီးလေးကိုမကြီးပျင်းစေချင်တော့ အမေ့အကြောင်းကို တစ်ကြောင်းတောင် မပြောပြထားသလို လွမ်းမောစရာအတိတ်ကြီးကိုလည်း ပြန်လည်အမှတ်မရချင်တော့တာကြောင့်ပေါ့... ကျွန်တော်တို့အားလုံးလည်း တစ်စုံတစ်ယောက်ကိုသိပ်ချစ်ခဲ့ပေမယ့် အကြောင်းကြောင်း ကြောင့်လက်တွဲဖြုတ်ခဲ့ရတဲ့အခါမှာ အတတ်နိုင်ဆုံးမေ့ပျောက်ဖို့ကြိုးစားကြတယ်... သို့ပေမယ့် ချစ်ခဲ့သူနဲ့ပတ်သက်လို့မေ့ပျောက်ဖို့ကြိုးစားတဲ့အခါမှာ ကျွန်တော်တို့ဘယ်တုန်းကများအောင်မြင်ခဲ့ဖူးလို့လဲ... နောက်ဆုံးသမီးလေးကို ကွဲသွားတဲ့မိန်းမအကြောင်းကို ပြောပြဖြစ်တယ်... သူပြောတဲ့အကြောင်းတွေက တကယ်စိတ်ဝင်စားဖို့ကောင်းသလို ရယ်လည်းရယ် ရင်လည်းခုန်ဖို့ကောင်းတယ်... ရိုက်ပြထားတာလည်း တကယ်ကြည်နူးဖွယ်ရာကောင်းတယ်... ခံစားကြည့်လိုက်ပါဦး.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paingပဲဖြစ်ပါတယ်.... File Size : (950 MB) Quality : Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie
Definitely, Maybe (2008)
2008