Channel Myanmar

Amy Zimmer

The Feeling That the Time for Doing Something Has Passed (2023)
The Feeling That the Time for Doing Something Has Passed (2023) The Feeling That the Time for Doing Something Has Passed (2023) (ImdB 5.5,Rt score 85%, Metacritic 77%)ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အမျိုးသမီးဒါရိုက်တာ ဂျိုအန်နာအာနိုးရဲ့ ကိုယ်တိုင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ပြီး လက်စွမ်းပြရိုက်ကူးထားတဲ့ ဟာသ-ဇာတ်ကြောင်းပြောပုံစံဇာတ်ကားလေးပဲဖြစ်ပါတယ်ဟာသဆိုတဲ့နေရာမှာ ဒီအတိုင်း ရီစရာတွေထက် လောကကြီးကိုအရွဲ့တိုက်စောင်းချိတ်ပြီး ထေ့ငေါ့နေတဲ့ပုံစံမျိုးကို ပိုတွေ့ရမှာပါ... ဇာတ်ကားခေါင်းစဉ်အတိုင်းပဲ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုက အခုလုပ်လို့မရတော့တဲ့ ဖီလင်ဆိုတာဘာလဲပေါ့ ကိုယ်ငယ်ငယ်တုန်းက ပါဝါရိန်းဂျားနာရီလိုချင်တယ် အခုချိန်မှာမလိုချင်တော့တာလား ရလဲဘာလုပ်ရမှန်းမသိတော့တာလား လုပ်ခွင့်မရလို့ပဲဝမ်းနည်းနေလား ဒါရိုက်တာက အဲ့လိုခံစားချက်မျိုးကို မိန်းမတစ်ယောက်နဲ့ဘဝနဲ့ယှဉ်ပြီး ပုံဖော်ပြသွားတာပါပဲဇာတ်လမ်းအကျဉ်းကတော့ သာမန်အလုပ်အကိုင်နဲ့မိန်းမတစ်ယောက်ရဲ့ နေ့စဉ်နိစ္စဓူဝငြီးငွေ့ဖွယ်ရာ ဘဝနဲ့ ဘဝကိုစိတ်အပန်းဖြေချင်လို့ လုပ်တဲ့ BDSM အတွေ့အကြုံကလည်း ဘေးကကြည့်တဲ့သူပါ ပျင်းဖို့ကောင်းအောင် ငြီးငွေ့ဖို့ကောင်းတာကို သူ့အနေနဲ့ ဘယ်လိုခံစားချက်တွေနဲ့ ရှေ့ဆက်နေတာလဲ ဘဝမှာငယ်ရွယ်တုန်းလုပ်ချင်ခဲ့တာတွေက ဘာတွေလဲ ဘာတွေဆက်လုပ်မှာလဲ ဘယ်လိုဆက်ရှင်သန်မှာလဲ ဘဝဆိုတာဘာလဲဆိုတာ ပရိသတ်ကြီးပဲ ဒီထဲက ဇာတ်ဆောင် အန်းနဲ့အတူ တစ်စိတ်တစ်ပိုင်းအဖြေဝင်ရှာကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်....Genre..... Comedy Quality…. 1080p ...
movie

The Feeling That the Time for Doing Something Has Passed (2023)

Stress Positions (2024) 5.5
Stress Positions (2024)  ဒီတစ်ခေါက်မှာတော့ရယ်လည်းရယ်ရ ခေါင်းလည်းစားရအဓိပ္ပာယ်အနှစ်သာရလေးတွေလည်းပါတဲ့ LGBT တွေရဲ့ဘ၀ကိုပုံစံတစ်မျိုးတစ်ဖုံထူးထူးခြားခြားလေးရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Stress Positions ဖြစ်ပြီးLGBT ဒရာမာ ဟာသအမျိုးအစားလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ တယ်ရီနဲ့ခါလာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကအဓိကအနေနဲ့ပါဝင်ထားပြီး တယ်ရီကသာမန် Gay ခါလာကတော့လိင်ပြောင်းထားတဲ့ Transgender ပဲဖြစ်ပါတယ်။တယ်ရီကမကြာသေးခင်ကမှ ယောက်ျားဖြစ်သူနဲ့ကွာရှင်းထားတာဖြစ်ပြီးလက်ရှိမှာတော့ပိုက်ဆံအပြင်အလုပ်အကိုင်ပါမယ်မယ်ရရမရှိတဲ့အတွက် ယောက်ျားဖြစ်သူရဲ့ ဂေးပါတီတွေလုပ်တဲ့ ပါတီအိမ်လို့ခေါ်တဲ့အိမ်ကြီးထဲမှာ နေနေရတာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်မတော်တဆမှုတစ်ခုဖြစ်ပြီး ခြေထောက်ကျိုးထားတဲ့ သူ့ရဲ့တူဖြစ်သူမော်ဒယ်လေးကိုပါ အိမ်ပေါ်ခေါ်တင်ပြီး ပြုစုပေးနေရတဲ့အတွက် တယ်ရီ့ဘ၀ကတော့ လွယ်ကူတယ်လို့တော့မဟုတ်ပါဘူး။သူက ကိုဗစ်ကိုအရမ်းစိတ်ပူတတ်တဲ့သူဖြစ်ပြီး သူငယ်ချင်းအကြောင်းကိုသိနေလို့ သူ့တူအဆင်လေးနဲ့တောင်တစ်ခါမှတောင်ပေးမတွေ့ပါဘူး။ဒါပေမယ့်လည်း နောက်ပိုင်းမှာတွေ့ဖြစ်အောင်တွေ့သွားကြပြီး သူတို့သူငယ်ချင်းတွေကြားထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ LGBTတွေရဲ့ဘ၀တွေကခက်ခဲပုံတွေအကြောင်း ပွင့်ချိန်တန်ရင်တော့ပွင့်သင့်ကြောင်းတွေကို ဟာသလေးတွေနဲ့နှောပြီး တင်ဆက်သွားမဲ့ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…2.06GB / 806MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Stress Positions (2024)

Problemista (2023) 7.0
Problemista (2023)  အယ်လီဟန်ဒရိုဟာ သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အလ်ဆာဗိုဒေါကနေ နယူးယောက်ကို ပြောင်းရွှေ့လာခဲ့ပါတယ် သူ့ရဲ့အိမ်မက်ကဝောာ့ အရုပ်ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တာဖြစ်ပြီး အလုပ်လျှောက်တဲ့အခါမှာတော့ သူဟာ အငြင်းခံခဲ့ရပါတယ် ။ဒီလိုနဲ့ ရရာအလုပ်ကိုလုပ်ရင်း အယ်လီဟန်ဒရိုဟာ အလုပ်ဗီဇာရရှိနိုင်ရေးအတွက် ကြိုးစားနေရတာပါ။ သူဟာ အလုပ်ဗီဇာရရှိမှ အမေရိကမှာ ဆက်နေလို့ရမှာဖြစ်ပြီး မရခဲ့ရင်တော့ သူ့ရဲ့ မွေးရပ်မြေကို ပြန်သွားရမှာပါ အခွင့်အလမ်းတွေရချင်လို့ နိုင်ငံခြားကိုထွက်လာပြီး အဆင်မပြေမှုပေါင်းများစွာကြားထဲက အယ်လီဟန်ဒရိုတစ်ယောက် ဘယ်လိုရုန်းကန်သွားမှာလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.8 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Problemista (2023)