Channel Myanmar

Ammy Virk

Bad Newz (2024) 6
Bad Newz (2024) Bad Newz 2024 ဖူးစာရွာလည်Imdb 6/10၁၉နှစ်အရွယ် ဘရာဇီးအမျိုးသမီးတစ်ဦးဖြစ်ပျက်ခဲ့တာကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုံကားတစ်ကားတင်ဆက်ပေးချင်ပါတယ် ကုဋေ၈၀သုံးထားပြီး ရုံတင်ငွေအနေနဲ့ ကု‌ဋေ၁၁၅.၇၄ ပြန်လည်ရရှိထားတဲ့အပြင် အပေါက်ဆုံး၄ကားမြောက်ဇာတ်ကားဖြစ်လာခဲ့ပါတယ်ဒီကားထဲမှာ မင်းသားချောဗစ်ကီ ပါဝင်သရုပ်ဆောင်ထားပြီး အသည်းထဲကစွဲရတဲ့ မင်းသမီးလေးTriptii Dimri ကလည်း အစွမ်းကုန်လှပပေးထားပါသေးတယ်ဖအေမတူဘဲ အမြွှာမွေးဖွားခြင်း ဒီသတင်းကအိန္ဒိယတစ်ဝှမ်းဟိုးလေးတကျော်ကျော်ဖြစ်နေပါတယ် ဒီဇာတ်လမ်းကိုရုပ်ရှင်ပြန်လည်ရိုက်ကူးဖို့ ကာယကံရှင်ဆီသွားရောက်မေးမြန်းခဲ့ပြီး အသေးစိတ်နောက်ကြောင်းပြန်ပေးထားတာပါဇာတ်လမ်းကတော့ ဘောစိမိသားစုမင်္ဂလာပွဲကစခဲ့ပါတယ် သမီးရှင်တွေ သားရှင်တွေက ကိုယ့်သားသမီးကိုပွဲထုတ်ကြတဲ့ပွဲတစ်ခုဆိုလည်း မမှားဘူးပေါ့ရှင် ဒီပွဲမှာ အာခေးလ်နဲ့ ဆာလိုနီတို့တွေ့ခဲ့ကြတယ် နှစ်ဦးသားက Sagittarius နဲ့ Gemini ဆိုတော့ လိုက်ဖက်ညီတယ်ဆိုပြီး ၂ဖက်မိဘကလည်းသဘောကျတဲ့အပြင် အတိုင်အဖောက်လည်းညီကြတဲ့ စိတ်တူကိုယ်တူသူတို့၂ယောက် တွေ့တွေ့ချင်းပဲစွဲလမ်းမိသွားလို့ အာခေးလ်တစ်ယောက် အားကြိုးမာန်တက်လိုက်ပါတော့တယ်ဒါပေမဲ့လည်းဆာလိုနီ့အိပ်မက်က စားဖိုမှူး‌တွေအတွက် အမြင့်ဆုံးဆုကို ဆွတ်ခူးနိုင်ဖို့ပါ ပန်းတိုင်မရောက်ခင် လမ်းမှာဝင်တိုက်မိတဲ့ ခလုတ်တံသင်းလေးအာခေးလ်နဲ့တွေ့မိတော့ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါဦးမလား အဖေမတူတဲ့အမြွှာဇာတ်လမ်းကရော ဘယ်လိုဖြစ်တည်လာမလဲဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…2.3GB / 1.1GB Quality…WEB DL 1080p HEVC / 720p Format…mkv/ mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Bad Newz (2024)

Gaddi Jaandi Ae Chalaangaan Maardi (2024) 6
Gaddi Jaandi Ae Chalaangaan Maardi (2024) Gaddi Jaandi Ae Chalaangaan Maardi 2023 လက်ဖွဲ့ကားစိတ်ညစ်ညူးစရာ အလုပ်တက်ရက်ကြီးမှာ CM Bollywood Teamက ပရိသတ်ကြီးကို ဟာဒယရွှင်ဆေးတိုက်ကျွေးဖို့ ပန်ချာပီဟာသကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာတော့ ပစ္စည်းတွေ စားစရာတွေလိုပဲ သားတွေကို ဈေးတင်ရောင်းမယ့် ကပ်စေးနည်းဖေဖေကြီးနဲ့ ‌ခမည်းခမက်တွေကြားက အလွဲလေးတွေကို ရှုစားရမှာပါ။ချွေးမကိုမကြည့်ဘူး ခန်းဝင်ပစ္စည်းပဲကြည့်မယ် ချွေးမမှာလက်မပါလာတာအရေးမကြီးဘူး ခန်းဝင်ပစ္စည်းလျော့လို့တော့မရဘူးဆိုတဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် သားတွေကို အိမ်ထောင်ချပေးရမယ့်အချိန်ရောက်ရင် သတို့သမီးတွေကို ခန်းဝင်ကြိုက်ဈေးပေးရင် ရော့ခန်းဝင်ပစ္စည်း ရော့ငါ့သားလုပ်တတ်တဲ့သူပါ။ ဖြစ်ချင်တော့ သားကြီးဘိုလာကို မင်္ဂလာဆောင်ပေးချိန်မှာ သတို့သမီးဘက်က ဘိုလာ 8 တန်းကျ ပညာမတတ်ဆိုတာသိသွားပြီး ခန်းဝင်ပစ္စည်းထဲထည့်ပေးရမယ့် ဆိုင်ကယ်နဲ့ကုတင်က ပါမလာတော့ပါဘူး။ဒီတော့ တစ်ပြားကနေ နှစ်ပြားရအောင်ပွတ်နေတတ်တဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် ဒီဆိုင်ကယ်ကို ကြိတ်မနိုင်ခဲမရဖြစ်နေတာ ဘိုလာတို့သားလေး ကျောင်းနေအရွယ်ရောက်တဲ့အထိပါပဲ။ သားကြီးမှာ ဆုံးရှုံးခဲ့ရတာကို သားငယ်ဟက်ပီးအလှည့်ကျ ဆတိုးပြန်ယူဖို့ လုပ်ထားတာပေါ့လေ။ဒီလိုနဲ့ ခန်းဝင်ပစ္စည်းတောင်းလို့ကောင်းအောင် ၃၀၀၀၀ တန် MBA အောင်လက်မှတ်နဲ့ သူဌေးသမီးကိုထောင်ဖမ်းမယ့် လာ့ဘ်ဆင်းတို့နဲ့ ခန်းဝင်ပစ္စည်းတွေထဲ ကားကြီးတစ်စီးပါ ထည့်ပေးမှာဆိုတဲ့ ဟက်ပီးသဘောကျနေတဲ့ ပူဂျာတို့မိသားစုနဲ့တွေ့တဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Gaddi Jaandi Ae Chalaangaan Maardi (2024)

2023
Annhi Dea Mazaak Ae (2024) 5
Annhi Dea Mazaak Ae (2024) Annhi Dea Mazaak Ae (2023) "အချစ်ဖြင့်စတင်သော..." IMDb - 5.7/10အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ စိတ်အပန်းဖြေစရာ အချစ်ဟာသရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရာဂျာဆိုတာ တာဘန်ပေါင်းတဲ့နေရာမှာ ဆရာတစ်ဆူ။ မင်္ဂလာပွဲတွေမှာပါ ဧည့်ပရိသတ်နဲ့ သတို့သားထိ သူပေါင်းပေးတဲ့တာဘန်ကို သဘောကျနှစ်သက်ကြတာပါ။ တစ်နေ့တော့ ကံတရားက စွဲလန်းသွားစေမဲ့ မိန်းကလေးတစ်ယောက်ကို ဆုံတွေ့ခွင့်ပေးပေမဲ့ ကံတရားကြောင့် အက်စီးဒန့်တစ်ခုနဲ့ကြုံပြီး မြင်နိုင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။မြင်မြင်ချင်းစွဲလန်းခဲ့ရတဲ့ ကောင်မလေးကို အမြင်အာရုံဆုံးရှုံးသွားတဲ့ ရာဂျာရဲ့ခေါင်းထဲမှာတော့ ကောင်မလေးရဲ့ပုံရိပ်တွေပဲ ရှိနေခဲ့တယ်။ မျက်စိပြန်မြင်ရဖို့အရေး အစ်မဖြစ်သူတို့လင်မယားရှိတဲ့ အင်္ဂလန်နိုင်ငံကို ရာဂျာတစ်ယောက် ထွက်လာခဲ့ပါတော့တယ်။ရာဂျာတစ်ယောက် မျက်စိပြန်မြင်မှာလား...။ မြင်မြင်ချင်းချစ်ရတဲ့ မိန်းကလေးနဲ့ဆုံတွေ့နိုင်ပါ့မလားဆိုတာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.3GB / 979MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Annhi Dea Mazaak Ae (2024)

2023
Maurh – Lehndi Rutt De Nayak (2023) 8.4
Maurh – Lehndi Rutt De Nayak (2023) Maurh (2023)ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ IMDb 8.5/10, the times of india 4.9/5 ရရှိထားတဲ့ ၁၈၈၅ ခုနှစ်နဲ့ ၁၈၉၃ခုနှစ်အတွင်း ပန်ဂျက်တောင်ပိုင်းက ဂျေအွန်နာဆိုတဲ့ တော်လှန်ရေးသမားရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။တစ်ကမ္ဘာလုံးအနှံ့ ဗြိတိသျှတွေခြေချနေကြတဲ့ အဲ့ကာလမှာ ပန်ဂျပ်ပြည်နယ်ကလူတွေအတွက်တော့ အိမ်ခွေးကိုလည်းကြောက်ရ အပြင်ခွေးကိုလည်းလန့်ရဆိုတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။ ဗြိတိသျှကိုလည်းကြောက်ရ၊ ဘုရင့်အနွယ်တော်ဆိုတဲ့ မြေရှင်တွေကြောင့်လည်းကိုယ်စိုက်တဲ့အသီး ကိုယ္မစားရ မဝရေစာလေးစားပြီး အကြောက်ကြီးကြောက်နေခဲ့ရတဲ့ ကာလပါပဲ။ ဒီမှာမှ မစားရတဲ့အသီးကို သွားထိမိတဲ့သူကတော့ အနေအေးတဲ့ လူရိုးလေးဂျေအွန်နာရဲ့အမေပါပဲ။သားကြီးကြိုက်တဲ့ မုန်ညှင်းစိမ်းလေးနည်းနည်းဝင်ခူးမိရာကစတဲ့မီးဟာ တစ်အိမ်လုံးကို တစ်စတစ်စနဲ့ပြန့်သွားပြီး ကြေးစားလူမိုက်အစ်ကိုကြီး တော်လှန်ရေးတပ်ထဲဝင်ပြီး အသက်ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုအစ်ကိုကြီးရဲ့ သေဆုံးမှုကိုကလဲ့စားချေပေးမယ့် ဂျေအွန်နာ လူတိုင်းမှာပြောစမှတ်တွင်သွားရတဲ့ဇာတ်လမ်း၊ ယုံတမ်းနဲ့ ပါးစပ်ရာဇဝင်တွေ ဘာလို့ဖြစ်လာတယ်။ သူ့ရဲ့စွန်းစားခန်း ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို မိသားစုသံယောဇဉ်တွေ၊ ပန်ဂျပ်ပြည်သူတွေရဲ့ ဒုက္ခတွေကို ပေါ်လွင်အောင်တင်ပြထားတဲ့ကားလေးမို့ CM Bollywood Team မှ Aditi~ BpL~ ZWE~ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် File size…3.78GB / 1.4GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 20m Subtitle….Myanmar ...
movie

Maurh – Lehndi Rutt De Nayak (2023)

2023
Aaja Mexico Challiye (2022) 6.8
Aaja Mexico Challiye (2022) Aaja Mexico Challiye (2022)IMDb-6.8/10ဘွဲ့ရပညာတတ်လူငယ်တွေနိုင်ငံရပ်ခြားကို ထွက်ကုန်ကြတာမြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး:3 Saunkan Saunkne ကားထဲက မယားနှစ်ယောက်နဲ့ အခွီမင်းသားကြီး Amy Virk က ဒီကားမှာတော့ မျက်ရည်လည်တဲ့အထိမတူတဲ့ဇာတ်ရုပ်နဲ့သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ပန်မန်ဟာ အများနည်းတူ အမေရိကန်သွားပြီး အလုပ်လုပ်၀င်ငွေတွေရှာချင်နေတဲ့တက်ကြွပန်ချာပီလူငယ်လေးတစ်ယောက်ပါ နိုင်ငံရပ်ခြားကိုပို့ပေးတဲ့ အေဂျင်စီတွေခြေချင်းလိမ်နေတဲ့အချိန်ကာလတစ်ခုပေါ့အမေရိကန်ကို သွားချင်လွန်းနေတဲ့ပန်မန်ကို အေဂျင်စီကတောင်းတဲ့မတန်တဆဈေးနဲ့ တစ်အိမ်လုံးကအနစ်နာခံပြီးပို့ပေးလိုက်ကြတယ် ခရီးစဉ်တစ်လျောက်တက်ကြွနေတဲ့ကောင်လေးဟာ လေဆိပ်အဆင်းမှာတော့ လွဲချော်မှုတွေစလာပြီ အေးဂျင့်ဆိုတဲ့လူကလည်းဖုန်းမကိုင်တော့ပါဘူး အဲဒီချိန်မှာပဲ သူ့လိုအမေရိကန်အိမ်မက်နဲ့အလိမ်ခံလိုက်ရတဲ့လူတွေနဲ့ဆုံဆည်းပြီး ဒုက္ခသုခတွေကြုံလာရပါတော့တယ်ဒီလိုနဲ့ပန်မန်အပါအ၀င် အမေရိကန်အိမ်မက်တွေနဲ့လူတွေဟာ အေးဂျင့်ကျေးဇူးနဲ့ အမေရိကန်မရောက်ပဲ မက္ကဆီကိုက တောကြီးထဲရောက်သွားချိန်မှာတော့.... စိတ်တောင်မကူးခဲ့ဖူးတဲ့ မက္ကဆီကိုတောကြီးထဲမှာ ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲ သူတို့တွေ ဒီအခက်အခဲတွေကျော်ပြီးအမေရိကန်ကိုရောက်နိုင်ပါဦးမလား ရှူစားကြည့်ပါဦး File size…2.7GB / 1.25GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Cherry
movie

Aaja Mexico Challiye (2022)

2022
Saunkan Saunkne (2022) 6.3
Saunkan Saunkne (2022) Saunkan Saunkne 2022=====================IMDb 6.4 ရရှိထားပြီး တစ်ချိန်လုံးထိုင်ရယ်နေရမယ့် Romance/Comedy ကားလေးလာပါပြီလက်ထပ်ပြီးတာနှစ်ကြာနေပေမယ့် ကလေးမရတဲ့လင်မယားနှစ်ယောက်..ကလေးရဖို့ဆရာဝန်တွေပယောဂဆရာတွေဆီ စုံနေအောင်ပတ်ပြပေမယ့် အကုန်လက်လျော့နေတဲ့အနေအထားမှာယောက္ခမဖြစ်သူကချွေးမကို ကိစ္စတစ်ခုတိုင်ပင်လာပါတယ် တခြားတော့မဟုတ်ပါဘူးသူ့သားမျိုးဆက်ပြတ်သွားမှာစိုးတာကြောင့် နောက်အိမ်ထောင်ထပ်ပြုခိုင်းဖို့ပါမျိုးဆက်ကြောင့်ရော သူကိုယ်တိုင်ကြောင့်ပါ ကလေးမရဖြစ်နေတဲ့ချွေးမလုပ်သူကမတတ်သာတဲ့အဆုံးသဘောတူလိုက်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဒုတိယမိန်းမကိုသူကိုယ်တိုင်လိုက်ရှာပါတော့တယ် မယားငယ်ကို မယားကြီးကိုယ်တိုင်ကလိုက်ရှာနေရတဲ့အဖြစ်ဟာတွေးကြည့်ရုံနဲ့တင် ဂွကျနေမှာပါ ဒီမှာလည်းအလွဲအလွဲအမှားမှားတွေနဲ့နောက်ဆုံး အပြင်လူထက် အတွင်းလူကပိုစိတ်ချရတယ်ဆိုပြီး ညီမဖြစ်သူကိုသွားတွေးမိတဲ့အခါ...ဘာတွေဆက်ဖြစ်လာမလဲ ညီမဖြစ်သူကရော သူတို့အကြံကိုသဘောတူပါ့မလားတစ်လင်တစ်မယားစနစ်မဟုတ်ဘဲ တစ်လင်နှစ်မယားစနစ်နဲ့ ဗရုတ်ကျစရာမိသားစုကြောင့်၂နာရီခွဲကြာချိန်လေးမှာ ရယ်မောနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်   File size…2.3GB / 1.09GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & OeliuJ & Honeyey  
movie

Saunkan Saunkne (2022)

2022
83 (2021) 7.4
83 (2021) 83 (2021) ဇာတ်လမ်းအညွှန်းအခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ်တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ...
movie

83 (2021)

2021
Bhuj: The Pride of India(2021) 6.0
Bhuj: The Pride of India(2021) Bhuj: The Pride of India(2021) အညွှန်း***********************************ဖြစ်ရပ်မှန်အခြေခံတဲ့ အိန္ဒိယစစ်ကားတစ်ကား... ဒီရုပ်ရှင်ဟာ ၁၉၇၁ ခုနှစ်မှာဖြစ်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲကိုအခြေခံရိုက်ကူးထားတာ ဖြစ်ပြီး Ajay Devgn , Sanjay Dutt , Sonakshi Sinha က ခေါင်းဆောင်ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း (တာဝန်ခံ)အရာရှိ ဗီဂျေးကာရ်နစ်ခ်ရဲ့လက်အောက်မှာရှိတဲ့ ဘူဂျ်လေတပ်စခန်းဟာပါကစ္စတန်လေတပ်ရဲ့ဗုံးကြဲခြင်းကို ခံလိုက်ရလို့ လေယာဉ်ပြေးလမ်းတွေပျက်စီး ကုန်တယ်....ဒါ့အပြင် တင့်ကားလက်နက်အပြည့်အစုံ ၊အင်အားအလုံးအရင်းနဲ့ နယ်စပ်ကို ကျူးကျော်ဝင်ရောက်လာမယ့် ပါကစ္စတန်ကြည်းတပ်ကိုအိန္ဒိယနယ်ခြားစောင့်တပ်တွေက မထိန်းနိုင်တော့ပါဘူး။အဲ့ဒီနေရာကို တစ်ခြားတပ်ရင်းတွေကနေ ရဟတ်ယာဉ်နဲ့စစ်ကူပို့ပေးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း တစ်ဖက်မှာ ပါကစ္စတန်ရေတပ်က အမြောက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေတာကြောင့် ရဟတ်ယာဉ်တွေ ဝေဟင်မှာ မပျံရဲတော့ပါဘူး။တကယ့်ခံစစ်စည်းကျိုးပေါက်ရင်တခြားနေရာတွေပါအလွယ်တကူပေးလိုက်ရမှာမို့ ဒီနေရာကိုမဖြစ်မနေ ပါကစ္စတန်တွေမသိမ်းနိုင်အောင် အသဲအသန်ကြိုးစားရမဲ့အနေအထားဖြစ်ပါတယ်..စစ်ရေးအရ အရေးနိမ့်ကျမှုများစွာရှိလို့ အိန္ဒိယတပ်မတော်ဟာ နောက်ဆုံးနည်းတစ်နည်းနဲ့စစ်ပွဲကိုပြန်လည်စိုးမိုးဖို့ကြိုးစားပါတော့တယ်....သူတို့တွေဘယ်လိုကြိုးစားကြလဲ...သူတို့စီစဉ်ထားသလိုဖြစ်လာပါ့မလား..ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အတွက် အိန္ဒိယ ၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြောင်း ဖြစ်ပါတယ်။ရိုက်ချက်တွေတော်တော်ကြီး အဆင့်အတန်းမြင့်မားတဲ့ရုပ်ရှင်ဖြစ်လို့ ဇာတ်လမ်းအစအဆုံးကို ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ပါတော့...။  File ...
movie

Bhuj: The Pride of India(2021)