Channel Myanmar

Amit Singh Thakur

Bachubhai (2023) 7.5
Bachubhai (2023) Bachubhai ( 2023 ) ဘာချူဘိုင်CM Bollywood ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဘာချူဘိုင်ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ .. ဘာချူဘိုင်ဆိုတဲ့အဘိုးကြီးဟာ အင်မတန်တိကျပြီးအလုပ်မှာတော်တဲ့သူဖြစ်ပါတယ်။ လုပ်သက်ကလဲ နှစ်ပေါင်း ၃၀ တောင်ရှိခဲ့ပြီမလို့ သူ့ကုမ္ပဏီမှာ သူဌေးတောင် သူ့ကိုမကျော်နိုင်ပါဘူး။ သူက အလုပ်မှာဆရာကျပေမဲ့ သူ့အားနည်းချက်က ဘွဲ့လက်မှတ်မရှိတာပဲဖြစ်ပါတယ်။တစ်ရက် ကုမ္ပဏီကို ကိုရီးယားတွေလက်လွှဲယူလိုက်တဲ့အခါမှာတော့ ဘွဲ့လက်မှတ်က ပြဿနာအကြီးကြီးဖြစ်လာပါပြီ။ အလုပ်မှာ ဘယ်လောက်ပဲကျွမ်းကျင်ပြီး ဘယ်လောက်ပဲတော်နေပါစေ ဘွဲ့လက်မှတ်မရှိတာကြောင့် ကုမ္ပဏီကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ဒီအခါမှာ ခံပြင်းစိတ်နဲ့ ဘာတွေဆက်လုပ်မလဲ.. ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ မင်းသားက အသက်ကြီးကြီးဘိုးတော်ကြီးဖြစ်နေပေမဲ့ ဘယ်လောက်တောင်ကောင်းလဲဆို 21st Transmedia Gujarati Awards ဆုပေးပွဲမှာ nominations 6 ခုရတဲ့အထိပါပဲဗျာ။ဒါကြောင့် ဒီလိုချစ်ကြိုက်ကွဲညား မဲပြာမုဆိုးထဲက ကွဲထွက်နေတဲ့ ဇာတ်ကားကောင်းလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။( ဘာသာပြန်နဲ့အညွှန်းကတော့ KKKZ , Yunni , Tomo , Alexia , LL တို့ဖြစ်ပါတယ်) File size… 1.7GB / 839MB Quality…WEB ...
movie

Bachubhai (2023)

2023
Yodha (2024) 6.3
Yodha (2024) Yodha (2024) စစ်သည်တော်IMDb-6.2/10ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် Shershaah , Mission Manjnu တို့လို စစ်ကားစပိုင်အက်ရှင်ကားတွေနဲ့ လိုက်ဖက်တဲ့ မင်းသား ဆစ်ဒ်ဒါ့မာဟိုဒရာရဲ့ ရုံတင်အက်ရှင်ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ် တွဲဖက်သရုပ်ဆောင်မင်းသမီးကလည်း ထိပ်တန်းနာမည်ကြီးတော့မဟုတ်ပေမယ့် ဇာတ်ကားတွေမှာမြင်နေကျ မျက်နှာပြည့်ပြည့်အပြုံးချိုချိလေးနဲ့ ရာ့ရှီခါနာပဲ ဖြစ်ပါတယ်ဒီမင်းသားရဲ့ဇာတ်ကားတွေကတော့ သိတဲ့အတိုင်းပါပဲ အက်ရှင်ခန်းတွေ တိုက်ပွဲခန်းတွေက ကြည့်ကောင်းပြီး တော်ကီတွေနဲနဲအိုဗာပေမယ့် လက်ခံပေးလို့ရတဲ့အနေအထားမှာတော့ ရှိပါတယ် အခုဒီဇာတ်ကားထဲမှာလည်း မင်းသားက ယိုဒါအထူးတပ်ဖွဲ့ရဲ့ ကွန်မန်ဒိုစစ်သည်တစ်ယောက်အဖြစ် သရုပ်ဆောင်ပြီး အက်ရှင်ခန်းတွေ စွန့်စားခန်းတွေကို ရှုစားရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ယိုဒါအထူးတပ်ဖွဲ့လို့ခေါ်တဲ့ အိန္ဒိယရဲ့အထူးတပ်ဖွဲ့မှာ ဖခင်ဖြစ်သူက တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားပေမယ့်လည်း သားဖြစ်သူအာရွန်က သူ့အဖေလိုပဲ အထူးတပ်ဖွဲ့မှာ ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်လုပ်ဖော်ကိုင်ဖက် ပရီယာဆိုတဲ့ကောင်မလေးနဲ့လည်း လက်ထပ်ပြီးတော့ တာဝန်ထမ်းဆောင်လိုက် မိန်းမနဲ့ကြည်နူးလိုက်နဲ့ပဲ ဘဝကြီးကို ဖြတ်သန်းနေချိန်မှာ လေယာဉ်ပြန်ပေးမှုတစ်ခုဖြစ်ပြီး အဲ့လေယာဉ်ပေါ်မှာ အာရွန်က ဗီအိုင်ပီသက်တော်စောင့်အဖြစ်ပါလာတဲ့အခါမှာတော့ အပြင်ကအဖွဲ့တွေကလည်း ညှိနှိုင်းကယ်တင်ဖို့ကြိုးစားရသလို အာရွန်လည်း လေယာဉ်ပေါ်ကနေ တစ်ကိုယ်တော် ပြန်ပေးသမားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ်ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ Con Air တို့ Air Force One တို့လို့ ဖီလင်မျိုးနဲနဲတော့ ရတာမို့ အက်ရှင်ကားကြိုက်တယ်ဆိုတဲ့ ပရိသတ်တွေအပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ် File size…2.2GB ...
movie

Yodha (2024)

2024