Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Amin Joseph
6.5
Homefront (2013)
ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ...
movie
Homefront (2013)
7.2
The Mist (2007)
ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့်တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ်နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့The Mist ဆိုတဲ့ ရုပ်ရှင်ကားပါဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါစောင်ကို ကွေးနေအောင် ခြုံပါ(FA ဆိုရင်ပေါ့) :Pကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ...တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်းဝင်ရောက် တိုက်ခက်တဲ့ အချိန်ရေကန်ငယ်လေး ရဲ့ နံဘေးကပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကိုသစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစုနိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာမြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီးအပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက်အစားအသောက်က အရေးကြီးတာကြောင့်အိမ်နီးချင်း ...
movie
The Mist (2007)
2007
7.2
Dope (2015)
မယ်လ်ကွန်း အက်ဒဲကန်ဘီဆိုတာက လူမည်းဂိတယောက်။ကယ်လီဖိုးနီးယားပြည်နယ်က အင်ဂယ်ဝုဒ်ဆိုတဲ့မြို့လေးမှာနေတယ်။ သူ့ရဲ့ရပ်ကွက်ကတော့The Bottoms လို့သိကြတဲ့လမ်းသရဲလူမည်းဂိုဏ်းတွေ ဒုစရိုက်မှုတွေနဲ့ပြည့်နေတဲ့နေရာလေး။သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေက ဂျစ်ဘ်နဲ့ ဒစ်ဂီ။ သူတို့သုံးယောက်စလုံးက ဂိတွေလည်းဖြစ်သလို ၉၀ခုနှစ်တွေရဲ့ ဟစ်ဟော့ ရွှေခေတ်ကိုလွမ်းဆွတ်တမ်းတနေတဲ့ ဟစ်ဟော့ခေတ်အလွန် လူငယ်လေးတွေ။ တနေ့မှာ ဒွန်းဆိုတဲ့ ရပ်ကွက်ထဲကမူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းသားတယောက်ရဲ့ပါတီကို ကောင်မလေးတယောက် မျက်နှာလုပ်ဖို့သွားရင်း မူးယစ်ဆေးအထုပ်လိုက်ကြီးနဲ့သေနတ်တလက်က မယ်လ်ကွန်းရဲ့လွယ်အိတ်ထဲ ပါလာခဲ့ပါတော့တယ်။ဒီအထုပ်လိုက်ကြီးနဲ့ ဂိုဏ်းတွေကြားထဲကပြေးရင်းလွှားရင်း မယ်လ်ကွန်းတို့တသိုက် ဘာတွေဆက်ဖြစ်သွားမလဲ။ မယ်လ်ကွန်းရဲ့ ဟားဗတ်ကိုတက်ဖို့အစီအစဉ်က ဒီမူးယစ်ဆေးထုပ်ကြီးရောင်းထွက်ဖို့အပေါ်မူတည်လာခဲ့တဲ့အချိန်မှာ သူတို့သူငယ်ချင်းတသိုက် ဘာတွေဆက်လုပ်ကြမလဲ။အဆုံးမှာတော့ မယ်လ်ကွန်းတို့ကလေးတသိုက်ရဲ့စွန့်စားခန်းလေးဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို Dope ဆိုတဲ့ လူငယ်ဟာသဒရာမာဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦး။ဒီကားမှာကတော့ ရင့်သီးတဲ့စကားလုံးတွေ လိင်အသားပေးခန်းတချို့ပါ၀င်တဲ့အတွက်မိသားစုနဲ့ကြည့်ဖို့မသင့်လျော်ပါဘူး။ ဟစ်ဟော့လောကရဲ့အငွေ့အသက်တွေ သီချင်းတွေ ဝေဝေဆာဆာနဲ့ဖြစ်တဲ့အတွက်ကြောင့်ဟစ်ဟော့ ပရိသတ်ကြီးအတွက် ကားကောင်းလေးတကားဖြစ်မှာပါပဲခင်ဗျ။ File size…1.82 GB / 743 MB Quality…Blu Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 43m Genre ..... Adventure , ...
movie
Dope (2015)
6.8
The Royal (2022)
The Royal (2022)~ IMDb rating - 6.8/10 ~ဒါကတော့ မိဘမေတ္တာဖွဲ့ မိသားစု ဒရာမာကားကောင်းလေးပါ။ ဝီလီဟာ ကမ္ဘာကျော် ဘေ့စ်ဘောသမားတစ်ယောက်ဖြစ်ခဲ့ပြီး... လောကဓံတရားကို မတွန်းမလှန်နိုင်တဲ့အခါ မူးယစ်ဆေးနွံနစ်ပြီး ထောင်နန်းစံခဲ့ရပါတော့တယ်။ထောင်ဒဏ်ဟာလည်း မသေးလှ၊ ၂၁နှစ်ဆိုပေမယ့် သူ့ရဲ့ကောင်းကောင်းမွန်မွန် နေထိုင်မှုကြောင့် ခံဝန်နဲ့ ၁၄နှစ်သာနေခဲ့ရပြီး လွတ်မြောက်လာခဲ့တယ်။ ဒီအပြစ်တွေကြောင့် သူလက်လွှတ်လိုက်ရတဲ့ မိသားစုတွေနဲ့ သူသိပ်မြတ်နိုးရတဲ့ ဘေ့စ်ဘောနောက်ကို ပြန်လိုက်ဖို့ ကြိုးစားပါတော့တယ်။ မိန်းမဖြစ်သူက နားလည်ခွင့်လွှတ်ပေးလိုက်ပေမယ့် သမီးလေး ကာမီလာကတော့ တစ်ဘဝလုံးပျောက်နေတဲ့အဖေကို တော်ရုံ ခွင့်မလွှတ်သလို လက်လည်းမခံပါဘူး။နောက်ပြီး ဘေ့စ်ဘောလောကကို ပြန်ဝင်ရောက်ချင်ပေမယ့် ငယ်ရွယ်နုပျိုမှုတွေ မရှိတော့တဲ့ ဝီလီတစ်ယောက် ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ ပြန်ဝင်ရောက်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။Kansas City Royal အသင်းမှာ ကစားခဲ့တဲ့ ထိပ်တန်း အမေရိကန် ဘေ့စ်ဘောသမား Willie Mays Aikens ရဲ့အကြောင်းကို တစ်စေ့တစ်စောင်း ...
movie
The Royal (2022)
2022
5.8
Baywatch (2017)
နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အပြိုင်အဆိုင်ကြဲထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပါ...Dwayne Johnson,Zac Efron တို့လိုမင်းသားတွေအပြင် ညှို့ဓာတ်ပြင်းမင်းသမီးတွေဖြစ်တဲ့ Alexandra Daddario,Kelly Rohrbach နဲ့ အိန္ဒိယမင်းသမီး Priyanka Chopra တို့ပါဝင်ထားပါတယ်။(အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ)ဇာတ်လမ်းကတော့...ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ...
movie
Baywatch (2017)
2017
4K HEVC
6.5
The Expendables (2010)
The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာနေတဲ့ ဇာတ်ကွက်တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p IMDb Rating__6.5/10 Format__mp4 Duration__1h43min Type__Action, Adventure, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie
The Expendables (2010)
2010
HEVC 1080p 5.1
6.1
The Gambler (2014)
The Gambler (2014)ဖဲကစားကြမယ်!!! လူအတော်များများ 21 ဖဲကိုဆော့ဖူးကြမှာပါ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဂျင်ဘန်းနက်ဟာ 21 ကစားနည်းတစ်မျိုးကို အဓိကထားပြီး ဆော့တာကို တွေ့ရမှာပါ သူက တက္ကသိုလ်မှာ ရသစာပေသင်ကြားနေတဲ့ဆရာတစ်ဦးအနေနဲ့ဘဝတစ်ခုရှိနေပေမယ့် တစ်ဖက်မှာလည်း မစွန့်လွှတ်နိုင်တဲ့ဝါသနာကြောင့် လောင်းကစားရုံတွေကိုသွားပြီး အချီကြီးလောင်းကြေးထပ်တတ်တဲ့လောင်းကစားသမားအဖြစ် ဘဝတစ်ခုရှိနေပါတယ် မင်းသမီးအဖြစ်ပါဝင်ထားတဲ့ မမမာဗယ်ကတော့ ဆရာ့အတန်းမှာလာတက်တဲ့ ဉာဏ်ကောင်းတဲ့တက္ကသိုလ်ကျောင်းသူလေးပေါ့ ကဲ ဒီထဲမှာ ဂျင်ရဲ့ပြဿနာကဘာလဲဆိုတော့ လောင်းကြေးထပ်လိုက်ရင် ပုံမှန်ကြေးမဟုတ်ပဲ ရှိသမျှပုံအောလောင်းတတ်တဲ့ All or nothingဆိုတဲ့ ဉာဉ်လေးပါပဲ ဒါကြောင့်လည်း ဟို့လူ့ဆီကချေး ဒီလူ့ဆီကချေးနဲ့ နောက်ဆုံးအကြွေးတွေတင်လာတဲ့အခါ.....သူဘာဆက်လုပ်မလဲ??? ချေးမိတဲ့သူတွေကလည်း ဂိုဏ်းစတားတွေဖြစ်နေတဲ့အတွက် သူနဲ့သူ့ဘေးကလူတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်လာတဲ့အခါ.....သူ ဘယ်လိုဖြေရှင်းမလဲ ??? ကျောင်းသူလေး မမမာဗယ်နဲ့ရော .... ???ဒီဇာတ်လမ်းလေးထဲမှာတော့ လောင်းကစားသမားတွေရဲ့ဘဝတွေ၊ မင်းသားရဲ့ စွန့်စွန့်စားစားလောင်းကြေးထပ်တဲ့အခန်းတွေနဲ့ မျှော်လင့်မထားတဲ့လှည့်ကွက်တွေနဲ့ အကြွေးပြန်ဆပ်ဖို့ပိုက်ဆံပြန်ရှာတဲ့ ဂျင်ရဲ့ဉာဏ်ပြေးမှုတွေကို ရင်တထိတ်ထိတ်နဲ့မြင်တွေ့ရမှာပါပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲ ဖြစ်ပါတယ်။Quality__1080p, 720p IMDb ...
movie
The Gambler (2014)
5.8
G.I. Joe: Retaliation (2013)
G.I. Joe: Retaliation (2013)_____IMDb - 5.8/10 GI Joe The Rise of Cobra ရဲ့ အဆက်အနေနဲ့ ထွက်ရှိလာခဲ့ပြီး ပထမရုပ်ရှင်က မင်းသားတွေဖြစ်တဲ့ Channing Tatum တို့ လီဗျောင်ဟွန်းတို့အပြင်ဒီရုပ်ရှင်မှာတော့ Dwayne Johnson တို့ Bruce Willis တို့လို ဖိုက်တာတွေပိုပါဝင်လာတာမို့ပိုကြမ်းလာတယ်ပြောရမှာပေါ့...။တကယ့်ဖိုက်တာမင်းသားတွေ အပြိုင်အဆိုင်ကြမ်းထားကြတာမို့ဇာတ်လမ်းထက် သူတို့ကြမ်းတာကို မနည်းလိုက်ကြည့်ရမလိုဖြစ်နေရပါတယ်။ဇာတ်လမ်းကတော့...G.I.Joe အဖွဲ့ရဲ့ ကပ္ပတိန်ဒုခ်နဲ့ အဖွဲ့သားတွေ ထောင်ချောက်ဆင်သတ်ဖြတ်ခံရပီးတဲ့နောက်အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ရုတ်ဘလော့ခ် ( The Rock) လေဒီဂျေး , ဖလင့် နဲ့ Snake eyes တို့တွေပူးပေါင်းပြီးCobra commander , Firefly , Zartan နဲ့ Storm Shadow တို့ရဲ့ကမ္ဘာကြီးကိုဖျက်ဆီးမဲ့အစီအစဉ်ကိုဘယ်လိုတွေတားဆီးကျမယ်...သူတို့အဖွဲ့အတွက် ဘယ်လိုလက်စားချေမယ်ဆိုတာကိုAction ဇာတ်ဝင်ခန်းအလန်းစားတွေနဲ့ကြည့်ရှုခံစားရမှာပါ။(Extended Version ကိုမှ HEVC Quality ပါ ...
movie
G.I. Joe: Retaliation (2013)
2013
HEVC 1080p 5.1
6.2
Stuber (2019)
မျက်လုံးခွဲစိတ်ထားရတဲ့ စိတ်မြန်လက်မြန်သမားရဲတစ်ယောက်နဲ့ အိစိစိနဲ့ စိတ်ပျော့လွယ်တဲ့ အူဘာတက္ကစီသမားတို့ ဘိန်းဖြူရောင်းဝယ်ရေးဂိုဏ်းကိုစုံစမ်းထောက်လှမ်းဖို့ အကြောင်းဖန်လာပါတယ် ဘယ်လိုမှကိုမကိုက်ညီကျတဲ့ သူတို့နှစ်ယောက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လူဆိုးတွေ ကြားထဲမှာ သတ်လိုက်ဖြတ်လိုက် ပြေးလိုက်လွှားလိုက်နဲ့ပဲ ဘိန်းမှောင်ခိုသမားကိုဖမ်းမိနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ကြယ်၅ပွင့်လေးလိုချင်လွန်းလို့ သူမှာ သေရေးရှင်ရေးကြားထဲအထိကို ရောက်သွားတဲ့ အူဘာသမားလေးရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျ။ တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ရီနေရတဲ့ဇာတ်ကားလေးပါ။File size…(1.3 GB) and (670 MB) Quality…1080p WEB_DL.DD.5.1 H264 FGT Format…mp4 Duration…1h33min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm,Dolly and August
movie
Stuber (2019)
2019
6.6
City of Lies(2018)
City of Lies(2018)Who Shot Biggie???ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ အဲ့ဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ... အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်...ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင် LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်...မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို Los Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်...1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ...ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ ...
movie
City of Lies(2018)
2018
5.8
The After Party (2018)
ဂီတပညာရှင် အဆိုတော်တစ်ယောက်ဖြစ်ဖို့ ဆိုတာ သေမလောက်ခက်ပါတယ် အဲ ကျွန်တော့်အမြင်ပြောရ ရင်အဲ့ထဲမှာမှ Rapper တစ်ယောက်ဖြစ်ဖို့ဆိုတာ သာမန်ကြိုးစားရုံလောက်နဲ့ ခေါင်းတောင် မပြူနိုင်လောက်အောင်ခက်ခဲပါတယ် ကျွန်တော်တို့ Rap God ကြီး Eminem ရဲ့ စုတ်ပြတ်ပြုတ်ထွက်ပြီး ကွဲပြဲနေတဲ့ ဘဝတွေ မြန်မာနိုင်ငံက G-fatt J-fire Ice Cold တို့လို အိမ်နဲ့ အတိုက်ခံဖြစ် ဘာအလုပ်အကိုင်မှ မရှိပဲ ဒီ Hip-Hop အတွက်ကိုယ်ရောစိတ်ပါ လမိုင်းကပ်အောင် ဆည်းပူးခဲ့တာတွေ သာဓကအများကြီးရှိပါတယ် လေပေါတာ နဲနဲများသွားပြီ review လေးသွားလိုက်ရအောင် အမေရီကန် ကပြားတစ်ယောက်ဖြစ်တဲ့ အိုဝင်ဆိုတဲ့ ပါရမီရှင် Rapper လေးတစ်ယောက်နဲ့ သူ့ BFF ကြီး ဂျက်ဖရီတို့အောင်မြင်မှုနောက်လိုက်နေတာ သုံးနှစ်သုံးမိုးရှိပါပြီ ဂျက်ဖရီက သူ့ဘော်ဒါ လူမဲ Rapper အိုဝင်အတွက် မန်နေဂျာလုပ်ပေးနေခဲ့တာလဲ ကလေး ဘဝကတည်းကဆိုပါတော့ ဒီလိုနဲ့ နာမည်ကြီး စတားတစ်ယောက်ဖြစ်ဖို့ အသံသွင်းကုမ္ပဏီ ပိုင်ရှင်တွေနောက်လိုက်ရင်း မမျှော်လင့်ပဲ ပါတီတစ်ခုမှာ ပိုင်ရှင်ဘောစိနဲ့သွားတွေ့ရဖို့ အကြောင်းဖန်လာခဲ့ပါတယ် နာမည်လေးကလဲပေးထားတာသိပ်ကို လှတယ် The After Party တဲ့လေ နောက်ဆက်တွဲပါတီပေါ့ နောက်ဆက်တွဲပါတီကြီး ပြီးတဲ့နောက်မှာ သူတို့ဘဝလေးဘယ်လို ဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်ပဲ Download လုပ်ကြည့်ရှူခံစား ကြည့်ပါ ဒီကားကို ကျွန်တော့်အမြင်ကတော့ ဟာသ Rapper ကားတစ်ကားထက်အမျာကြီး ပိုတယ်မြင်မိပါတယ် ဘာလို့ဆိုလူငယ်လေး နှစ်ယောက် သူတို့ ...
movie
The After Party (2018)
2018
4.1
Superfast! (2015)
2015 မှာ ထွက်ရှိထားတဲ့ Super Fast ဇာတ်ကားဖြစ်ပါတယ်...နာမည်ကျော် ကားဇာတ်လမ်းတွဲ ဖြစ်တဲ့ fast and furious ဇာတ်ကားတွေကို အပြောင် သဘောအနေနဲ့ရိုက်ကူးထားခြင်းဖြစ်ပါတယ်..fast and furious ကြည့်ဖူးတဲ့ သူတွေအတွက်ကတော့ ပိုပြီးဟာသမြောက်မှာဖြစ်သလို ပိုပြီးလည်းကြည့် လို့ကောင်းမယ့်ကားဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းကိုတော့ထွေထွေထူးထူးပေးစရာလိုမယ်မထင်ပါဘူး..ဖောက်ချက်တွေကလည်း အူတက်အောင်ရယ်ရပါတယ် :3 ရယ်မောခြင်းဖြင့်နဲ့စိတ်အမောတွေ ဖြေနိုင်ကြပါစေလို့ Channel Myanmar Team မှ ဆုတောင်းပေးလိုက်ပါတယ် :DFilesize : 568 MB Quality : 720pFormat : mkv Running Time : 1h 39min Subtitle : Myanmar Subtitle ( Hardsub ) Encoder : LK
movie
Superfast! (2015)
2015