Channel Myanmar

Ami Touma

Immersion (2023) 5.0
Immersion (2023) Immersion (2023)==============Immersion 2023 ဇာတ်ကားဟာ လျှို့ဝှတ်သည်းထိတ်ရင်ဖို ကားမျိုးဖြစ်ပါတယ်။ နည်းပညာနှင့်ရိုးရာဓလေ့ကို ပေါင်းစပ်ပြီးတော့ စိတ်ဝင်စားဖွယ်ဖြစ်လာအောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ နည်းပညာမှာ သီးခြားဦးနှောက်တွေရဲ့ လျှပ်စစ်သံလိုက်စွမ်းအားများပေါင်းစည်းနိုင်စွမ်း ဟာ အနာဂတ်သိပ္ပံပညာနှင့်နည်းပညာလောကအတွက် အရေးကြီးလှတဲ့နယ်ပယ်တစ်ခုဖြစ်ပြီးတော့ စူးစမ်းမှုတွေမြောက်များစွာလုပ်နေကြရတဲ့အရာပါ။ နာမ်လောကသားတွေဖြစ်ကြတဲ့ဝိညာဥ်တွေရဲ့ တည်ရှိမှုဟာ ရိုးရာဓလေ့ထုံးတမ်းတွေရဲ့ဘောင်ထဲမှာဖြစ်ပါတယ်။ဒီနှစ်ခုဟာ နယ်ပယ်တစ်ခုအတွင်းမှာ ထင်မှတ်မထားဘဲ သွားဆုံးလိုပ်တဲ့အခါမှာ VR နည်းပညာသမားတွေ ဒုက္ခရောက်သွားကြပါတော့တယ်။စိတ်ဝင်စားဖွယ်တင်ပြထားပါတယ်။ ဒါရိုက်တာ Takashi Shimizu က ရိုက်ကူးထားပြီးတော့ IMDb rating 4.8 ရရှိထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ )File size_(2GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa
movie

Immersion (2023)

The Water Flows to the Sea (2023) 6.3
The Water Flows to the Sea (2023)  ၂၀၂၃ ဇွန်လ ၉ ရက်ကထွက်ရှိထားတဲ့ဂျပန်Romance ရုပ်ရှင်ဟာ မမနဲ့မောင်လေးကြားကအချစ်ဇာတ်လမ်းဖြစ်ပြီး Mizu wa Umi niMukatte Nagareru ဆိုတဲ့ Manga စီးရီးကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************** နာအိုတာဆုဆိုတဲ့အထက်တန်းကျောင်းသားလေးဟာအိမ်ကနေကျောင်းတက်ရမှာဝေးတာကြောင့် ဦးလေးအိမ်မှာလာနေဖို့ဖြစ်လာခဲ့ပါတယ်။ မိုးသည်းတဲ့နေ့မှာဦးလေးအိမ်နဲ့အနီးဆုံးဘူတာကိုရောက်ရှိလာတဲ့နာအိုတာဆုကိုအရွယ်ရောက်ပြီးအမျိုးသမီးဆာကာကီကလာကြိုရာကနေဇာတ်လမ်းကိုစတင်ထားပါတယ်။ နာအိုတာဆုရဲ့ဦးလေးဟာတကယ်တော့ မျှဝေနေထိုင်ကြရတဲ့အိမ်မှာနေတာဖြစ်တဲ့အတွက် နာအိုတာဆုဟာ တခြားလူတွေနဲ့ပါအတူနေရဖို့ဖြစ်လာပါတယ်။ ဆာကာကီက အသက် ၂၆ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး နာအိုတာဆုရဲ့ဦးလေးရှီဂီမီချီကတော့ကာတွန်းရေးဆရာတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ မိဘတွေမသိအောင်ပုံမှန်အလုပ်ကနေထွက်ထားသူဖြစ်ပါတယ်။သူတို့နဲ့အတူတခြားနေထိုင်သူတွေဖြစ်တဲ့နာရူဆဲက ကမ္ဘာပတ်နေတဲ့တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး အီဇူမီယာကတော့အမျိုးသမီးအဝတ်အစားတွေနဲ့ဗေဒင်ဟောသူတစ်ဦးပါ။သူတို့တွေနဲ့အတူနေထိုင်ကြရင်း နာအိုတာဆုဟာ ဆာကာကီကိုချစ်သွားခဲ့ပေမယ့် သူတို့နှစ်ဦးချစ်ကြိုက်လို့မရတဲ့ အတိတ်ကအကြောင်းအရာတွေပြန်လည်ပေါ်ပေါက်လာတဲ့အခါမှာတော့နာအိုတာဆုနဲ့ဆာကာကီတို့ရဲ့အချစ်က ရှေ့ဆက်နိုင်ဦးမှာလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။  File size…2.53GB / 1.05GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 3m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

The Water Flows to the Sea (2023)