Channel Myanmar

Amber Gristak

Maid in Manhattan (2002)
Maid in Manhattan (2002)  ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon 
movie

Maid in Manhattan (2002)

Stay(2005) 6.7
Stay(2005) Stay (2005)==========Ryan Gosling Ewan McGregor တို့လိုဝါရင့်သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့ThrillerMystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့အနုပညာကျောင်းသားလေးတယောက်ကသူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာကဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေကတခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကိုကြိုပြောနိုင်တာမျိုး‌တွေလည်းရှိသလို ဆမ်နဲ့တခြားလူ‌တွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲသိနေတာတွေကအစရှိနေတယ်။ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင်တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက်ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကိုအစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာကကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ?ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကိုstay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။  File size…1.26GB / 562MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 39m Genre .....Drama , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Stay(2005)