Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Amanda Wyss
7.1
Better Off Dead…(1985)
ဒီကားလေးကတော့ 1985 တုန်းကထွက်ထားတဲ့ Romance/Comedy ကားလေးဖြစ်ပါတယ် Romance/comedy. ဆိုပေမဲ့ comedy ဘက်ကို ပိုသွားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ကားလေးပါ ထွက်ထားတာကြာပြီ ဆိုပေမဲ့လည်း တော်တော်လေးရီရတဲ့ old but goldကားလေးပါဇာတ်လမ်းလေးကတော့ရှင်းပါတယ် Lane Myer က ကောင်မလေးပစ်တာခံရပြီးတော့ စိတ်ဓာတ်ကျနေတဲ့ လူငယ်တစ်ယောက်ပါ သူကသူ့ကိုသူအဆုံးစီရင်ဖို့ခနခနကြိုးစားရင်း မအောင်မြင်တာနဲ့ နောက်ဆုံးကောင်မလေးကိုပြန်ရအောင်လုပ်ရင်းနဲ့ဘယ်လိုတလွဲတွေဖြစ်မလည်း နောက်ဆုံး ကောင်မလေးနဲ့ ရောပြန်အဆင်ပြေသွားမှာလား? ဆိုတာကို ဟာသ နှောပြီးရိုက်ထားတဲ့ကားလေးဖြစ်ပါတယ် File size…(2.2 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie
Better Off Dead…(1985)
6.5
New Nightmare (1994)
Wes Craven's The New Nightmare (1994) IMdb - 6.5/10, Rotten Tomatoes - 80%လောကကြီးထဲမှာ ဟိုးရှေးခေတ်ကတည်းကစပြီး ဘုရားသခင်ရဲ့ဖန်ဆင်းမှုတွေထဲမှာ ရောပြီးပါဝင်လာတဲ့ မကောင်းဆိုးဝါးဆိုတာ ရှိပါတယ်တဲ့။ သူက ခေတ်အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်လာခဲ့ပါသတဲ့။လူတွေက စိတ်ကူးစိတ်သန်းတွေထုတ်ပြီး ဇာတ်လမ်းတွေ ပုံပြင်တွေ ရေးဖြစ်တဲ့အချိန်မှာတော့ စာရေးဆရာတွေရဲ့ စိတ်ကူးဉာဏ်က မကောင်းဆိုးဝါးကို ဖမ်းယူပြီး ဇာတ်လမ်းထဲမှာ ထည့်ပိတ်လိုက်မိတယ်ဆိုပဲ။ ဇာတ်လမ်းမပြီးသေးသရွေ့တော့ မကောင်းဆိုးဝါးဟာ ဇာတ်လမ်းထဲမှာပဲ ပိတ်မိနေတာပေါ့။ ဇာတ်လမ်းပြီးသွားတဲ့အခါမှာတော့ မကောင်းဆိုဝါးက ပုံစံအသစ်နဲ့ပဲဖြစ်ဖြစ် ပုံစံအဟောင်းနဲ့ပဲဖြစ်ဖြစ် လောကကမ္ဘာအစစ်ထဲကို လွတ်မြောက်လာပါရောတဲ့။အခု Elm လမ်းပေါ်က အိပ်မက်ဆိုးဇာတ်ကားတွေထဲမှာ Freddy အဖြစ် ပိတ်မိနေတဲ့ မကောင်းဆိုးဝါးကြီးက Part 6 The Final Nightmare အပြီး ဇာတ်လမ်းအပြီးသတ်သွားတာကြောင့် လူ့လောကကို ထိုးဖောက်ဝင်လာဖို့ ကြိုးစားတဲ့အချိန်ပေါ့။ Freddy ...
movie
New Nightmare (1994)
1994
[18+] Fast Times at Ridgemont High (1982)
IMDb Rating (7.2)/Rotten Tomatoes (77%)Simple is beautiful ဆိုတာ ဒါမျိုးပေါ့...ဒီဇာတ်ကားက ဘာ Plot Twist မှ မပါဘဲ တကယ့်ကို ရိုးရိုးလေးတင်ဆက်ထားတာပါ...ဒါပေမယ့် ရိုးလွန်းတဲ့အလှတရားတွေနဲ့ လူ့သဘောလေးတွေကို မြင်နေရတာ သိပ်သဘာဝကျပါတယ်...လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေကို အများကြီးတန်ဖိုးထားပြီး တည်ဆောက်ထားတဲ့အနောက်တိုင်းလူနေမှုဘဝကိုမြင်တွေ့ရတာလဲ အားကျကျေနပ်စရာပါ...ဇာတ်ကားကြည့်နေစဉ်တစ်လျှောက်လုံး မျက်နှာကြီးပြုံးဖြီးနေအောင် ကျေနပ်စွာကြည့်ရှုရမယ့်Teen Comedy Romance Drama ဇာတ်ကားလေးပါ။ဒီဇာတ်ကားထဲမှာ တခြားနာမည်ကြီးတဲ့ ဝိသေသတွေရှိပါသေးတယ်...ကြည့်နေရင်း နောက်ပြန်ရစ်လိုက် ပြန်ကြည့်လိုက်နဲ့Pause လုပ် အခံရဆုံး ဇာတ်ကားတွေထဲကတစ်ကားအဖြစ် နာမည်ကြီးတာပါ။ဒီထဲက မင်းသမီးနှစ်ယောက်လုံးရဲ့ တကယ့်ကို နုပျိုလှပတဲ့အရွယ်မှာ ရိုးရိုးရှင်းရှင်း အကုန်ချပြ ရိုက်ကူးထားတာကိုး။မင်းသားရှောင်ပိန်းလဲပါတယ်..တခြားနာမည်ကြီးတွေလဲပါတယ်..ပါဆို နီကိုလပ်ကေ့ချ်တောင် ဖြတ်လျှောက်ပါသေးတယ်။ဇာတ်လမ်းကိုအနည်းငယ်ပြောရမယ်ဆိုရင်..ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် Stacy ဆိုတဲ့ကောင်မလေးက ချိန်းတွေ့တဲ့နေရာမှာ အတွေ့အကြုံမရှိသူပီပီချိန်းတွေ့တဲ့အတွေ့အကြုံကို အရမ်းခံစားဖူးချင်နေတဲ့သူပါ။ဒါကြောင့် အဲ့ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့ သူငယ်ချင်းရဲ့အကြံပြုချက်အတိုင်းလိုက်နာရင်း၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲသို့ ကျရောက်သွားပါတော့တယ်။အိမ်မှာ အဖေတို့ အမေတို့ ဦးလေးတို့ကငါတို့ခေတ်တုန်းက ...
movie
[18+] Fast Times at Ridgemont High (1982)
7.5
A Nightmare on Elm Street (1984)
A Nightmare on Elm Street (1984) =========================Rotten Tomatoes… 94%IMDb… 7.5ကျွန်တော်တို့ငယ်ငယ်တုန်းကဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။မှတ်မိတယ်မလား ?သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီးလိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်လုပ်မလဲ။နိုးထလာတာနဲ့ သင်ပြန်အိပ်ဖို့ကိုကြောက်နေပါလိမ့်မယ်။ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါဘာတွေဖြစ်လာလေမလဲ ?မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။စိတ်တွေခြောက်ခြားလာမယ်။မူမမှန်ဖြစ်လာမယ်။အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?ဇာတ်လမ်းအကျဉ်း =============Freddy Krueger ဟာ လူငယ်လေးတွေကိုအိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာလူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။နန်စီ တို့သူငယ်ချင်းတစ်စုကိုFreddy Krueger မှ အိပ်မက်တွေပေးပြီးလိုက်သတ်တဲ့အခါမှာတော့…. ။ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီးJohnny Depp သရုပ်ဆောင်ထားတဲ့ရုပ်ရှင်လည်းဖြစ်တာမို့သူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Chan Myae Kyaw ဖြစ်ပါတယ်။) File size…(1.6 GB) and (970 MB) Quality…BluRay 1080p and 720p Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Chan Myae Kyaw
movie
A Nightmare on Elm Street (1984)
4.5
Big Legend (2018)
Action/Thriller ပရိတ်သတ်ကြီးအတွက်ပါဒီကားရဲ့ အစကတော့ ရိုဆန်ဆန်လေး ဖွင့်ထားပါတယ် ချစ်သူစုံတွဲတစ်တွဲ camping ထွက်လာကြတာပေါ့တိုင်လာက စစ်ပြန်တစ်ယောက်ရှုခင်းအရမ်းလှတဲ့ ခရီးတစ်နေရာမှာ လက်ထပ်ခွင့်တောင်းတော့ နာတာလီက အရမ်းပျော်နေတာပေါ့အဲ့လိုပျော်နေတဲ့ ချစ်သူစုံတွဲကြား ဝင်လာမယ့် ကြမ္မာဆိုးကိုတော့ သူတို့ ကြိုမမြင်ခဲ့ကြရှာဘူးအဲ့ဒီညမှာပဲ မူမမှန်တဲ့အသံတွေကြားတော့ တိုင်လာကထွက်ကြည့်တယ် ကျန်နေခဲ့တဲ့ နာတာလီတစ်ယောက် အဖမ်းခံလိုက်ရတဲ့အခါ...ဒီတောကြီးမျက်မည်းမှာ ဘယ်သူကများ ဖမ်းသွားတာလဲ..သားရဲလား လူလား...စိတ်ရောဂါကုဆေးရုံကို တစ်နှစ်တက်အပြီးမှာတော့ ချစ်ရတဲ့သူ အသက်ရှင်ရက်ရှိနေချင်ရှိနေမှာဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်နိုင်တဲ့ တိုင်လာတစ်ယောက် အဖြေရှာဖို့ တောထဲကို နောက်တစ်ခါ ခြေချပါတော့တယ်...တရားခံကိုမိမလား မိမိပဲအသက်ဘေးနဲ့ကြုံရမလားဆိုတာတော့Low Budget Film တစ်ကားဖြစ်ပေမယ့် Acting ပိုင်း Cinematography ပိုင်းဆိုင်ရာကောင်းမွန်ပြီး Entertaining ဖြစ်တဲ့ကားတစ်ကားဖြစ်ပါတယ်IMDB rating ကတော့ 4.5/10 ပါ (ဘာသာပြန်သူကတော့ မေမြတ်သူပါ) File Size : (750 MB) and (300 MB) Quality : WEB-DL 720p Running ...
movie
Big Legend (2018)
2018