Channel Myanmar

Amanda Schull

J. Edgar (2011) 6.5
J. Edgar (2011) J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)  File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

J. Edgar (2011)

The Blessing Bracelet (2023) 6.7
The Blessing Bracelet (2023) The Blessing Bracelet (2023)~ IMDb - 6.7/10, Rotten Tomatoes - 100% ~Romance ပရိသတ်တွေအတွက်ဇာတ်ကားသစ်လေးတစ်ခုလာပါပြီ။ ဒေါင်းန်ဆိုတဲ့ Single Mom အမျိုးသမီးနဲ့ ခွေးချစ်သူ အေဒမ်တို့ကြားမှာပေါ်ပေါက်လာမယ့် အချစ်ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ Main Leads တွေအဖြစ် နာမည်ကျော် SUITS စီးရီးက Amanda Schull နဲ့ Carlo Marks တို့ပါဝင်ထားပါတယ်ဒေါင်းန်က ကွာရှင်းထားပေမဲ့ သားလေးတစ်ယောက်ရှိပြီး ဘဝကိုကြိုးကြိုးစားစားရှင်သန်နေသူတစ်ယောက်ပါ။ တက်ကြွ အကောင်းမြင်စိတ်ရှိပြီး အလုပ်မှာလည်းအလေးထားရတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒေါင်းန်မှာ လူမသိတဲ့ပြဿနာတွေ ရင်ဆိုင်နေရတယ်။ ခင်ပွန်းဟောင်းထားခဲ့တဲ့အကြွေးတွေကို ဒိုင်ခံဆပ်နေရတဲ့အခါ အလုပ်တစ်ခုတည်းနဲ့မလုံလောက်တော့တဲ့အတွက် ဒုတိယအလုပ်ထပ်ရှာနေတုန်းမှာ အိမ်ကအပေါင်ဆုံးတော့မယ့် အခြေအနေဖြစ်လာခဲ့တယ်။ ​အဲဒီအချိန်မှာ အထက်တန်းကျောင်းအကြီးတန်းနှစ်မှာ ဒေါင်းန်လုပ်ခဲ့တဲ့ ပုတီးစေ့လက်ကောက်လေးတွေကိုပြန်သတိရသွားခဲ့တယ်။ လက်ကောက်လေးတွေက ဒေါင်းန်ကို ခက်ခဲတဲ့နေ့ရက်တွေမှာ သူ့ဘဝမှာလက်ခံရရှိဖူးတဲ့ကောင်းချီးတွေကို ပြန်အမှတ်ရပြီးကျေးဇူးတရားထားတတ်အောင်ကူညီပေးတာပါ။ အဲဒီ Blessing Bracelet ...
movie

The Blessing Bracelet (2023)

2023