Channel Myanmar

Amadu Mamadakov

9th Company (2005)
9th Company (2005)  IMDb 7.1, RT 69%SEAL Team, Jarhead, The Pacific, Jack Ryan, The Terminal List အစရှိတဲ့ စစ်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် ၁၉၈၈ ဇန်နဝါရီ ၈ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ၊ ပက်တီးယားပြည်နယ် တောင်ကုန်း ၃၂၃၄မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် တိုက်ပွဲ တစ်ခုကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာကို တင်ဆက်ပေးချင်ပါတယ်။ဆိုက်ဘေးရီးယားက လူငယ်တချို့ဟာ ရုရှားနိုင်ငံ တပ်မတော်မှာ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းခဲ့ပါတယ်။ ဗိုရိုဗိယက်၊ ချူဂိုင်နဗ်၊ ရိုင်ယာဘိုကွန်၊ လူတာယက်ဗ်အိုလက်၊ ရုသ်စလန်၊ ဂျိုကန်ဒါ၊ စတက်၊ ပေါ့ကီ၊ ပီနိုရှေး၊ ဘက်ဘူလာတော့ဗ်တို့ကတော့ လူသစ်စုဆောင်းလေ့ကျင့်ရေးမှာ တပ်ရင်း အတူတူကျတဲ့ တပ်စုဖြစ်ပါတယ်။ သူတို့ သွားရောက် စစ်မှုသွားရောက်ထမ်းဆောင်ရမယ့် နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်မှုမထမ်းဆောင်ခင်မှာ စစ်ပြန်ကြီး ...
movie

9th Company (2005)

Mongol: The Rise of Genghis Khan (2007) 7.2
Mongol: The Rise of Genghis Khan (2007) ဒီရုပ်ရှင်ကားအကြောင်း မပြောခင် ချင်ဂစ်ခန်း(Chinggis Khan)လို့ကောဂန်ဂျစ်ခန်း(Genghis Khan)လို့ရော ခေါ်ကြတဲ့ထယ်မူဂျင်းဆိုတဲ့ မွန်ဂိုလူမျိုးတစ်ယောက်အကြောင်းကိုအရင်ဆုံး ပြောပြချင်ပါတယ်။ ကမ္ဘာ့သမိုင်းရေးရာတွေကို စိတ်ဝင်စားတဲ့သူဆိုရင်တော့နာမည်ကြားရုံနဲ့ တန်းသိလောက်မယ့် တစ်ခေတ်တစ်ခါကကမ္ဘာ့အကြီးဆုံးအင်ပါယာကြီးကို တည်ထောင်အုပ်စိုးခဲ့တဲ့ပုဂ္ဂိုလ်ကြီးပဲဖြစ်ပါတယ်။ သူ့ကို မသိတဲ့လူတွေတောင် သူပြောခဲ့တဲ့စကားတွေကိုတော့ ကြားဖူးကြမှာပါ၊“ကြောက်ရင် မလုပ်နဲ့၊ လုပ်ပြီဆိုရင်လည်း မကြောက်နဲ့”ဆိုတာမျိုးတွေပေါ့။ သူ မသေဆုံးခင်ထိဆို သူ့အင်ပါယာမှာ အာရှရဲ့သုံးပုံတစ်ပုံလောက်ကို အုပ်စိုးထားနိုင်ခဲ့တာပါ။ဒီဘက်ခေတ်အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ရုရှား၊ တရုတ်၊ ကိုရီးယား၊ အရှေ့တောင်အာရှ၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနဲ့အရှေ့ဥရောပထိ ပါဝင်ခဲ့ပါတယ်။ ဟုတ်ပါတယ်…ဒီရုပ်ရှင်ဟာ ဒီလိုကြီးကျယ်ခမ်းနားခဲ့တဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ အတိတ်သမိုင်းပါ။သူ့အတိတ်သမိုင်းသာလျှင် ကြီးကျယ်တာမဟုတ်ပါဘူး၊သူ့အကြောင်းရိုက်ထားတဲ့ ဒီရုပ်ရှင်ဟာလည်း ဆုပေါင်း ၁၆ ဆုရရှိခဲ့ပြီး၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင် ၁၀ ကားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဇာတ်လမ်းကိုတော့ ကျွန်အဖြစ်နဲ့ လှောင်အိမ်ထဲမှာ ရောက်နေတဲ့ခပ်ငယ်ငယ်အရွယ် ထယ်မူဂျင်းရဲ့ နောက်ကြောင်းပြန်မှုကနေ စတင်ထားပါတယ်။ အတ္ထုပတ္တိရုပ်ရှင်သဘောလည်းဖြစ်တာကြောင့် ဇာတ်လမ်းကိုတော့ဒီ့ထက်ပိုမပြောတော့ပါဘူး။ ဂျန်ဂျစ်ခန်းဆိုတဲ့ပုဂ္ဂိုလ်ကြီးဖြစ်လာဖို့အတွက် ထယ်မူဂျင်းဆိုတဲ့ကောင်လေးရဲ့ အချစ်၊ မိသားစု နဲ့ သွေးစိမ်းရှင်ရှင်ထွက်တဲ့တိုက်ပွဲတွေကို အနုပညာမြောက်မြောက် ရောစပ်ထားပါတယ်။ ဒီရုပ်ရှင် ရိုက်ကူးတုန်းက ၁၄ လတိတိကြာမြင့်ခဲ့ပြီးရိုက်ကူးရေးအဖွဲ့ဝင်တွေထဲမှာ ...
movie

Mongol: The Rise of Genghis Khan (2007)

The Star (2002) 7.0
The Star (2002)  1944 ခုနှစ်မှာ ဆိုဗီယက်ပြည်‌‌ထောင်စုရဲ့တပ်နီကြီးက‌နေဂျာမန်နာဇီတွေကိုအလဲထိုးပြီး ဘာလင်ကိုမျက်စောင်းထိုးနိုင်စေခဲ့တဲ့ထိုးစစ်ဖြစ်တဲ့ Operation Bagrationကိုအောင်မြင်စေနိုင်ခဲ့တဲ့ကင်းထောက်တပ်တခုရဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ Operation Bagration မတိုင်ခင် ၁၉၄၄ခုနှစ်မေလအတွင်း။ ဆိုဗီယက်တွေမှာ ပြဿနာတက်နေတာကဂျာမန်ခုခံစစ်တွေရဲ့ နောက်တန်းမှာ လူပြန်စုနေတယ်လို့သတင်းရထားပေမယ့် အတိအကျက ထောက်လှမ်းမရနိုင်သေးဘူး။လွှတ်ထားသမျှကင်းထောက် တပ်ဖွဲ့ နှစ်ဖွဲ့ကလည်းအဆက်အသွယ်ပြတ်သွားခဲ့ပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ် ကြိုးစားပြီး ဒုဗိုလ်‌လေးတရာ့ဗ်ကင်ဦးဆောင်တဲ့ကြယ်ပွင့်လို့ အမည်ရတဲ့ကင်းထောက်အဖွဲ့တခုကိုထပ်လွှတ်ဖို့ဖြစ်လာပါတော့တယ်။ဒီကင်းထောက်အဖွဲ့ရဲ့ဂျာမန်ရှေ့တန်းတွေအကြားအရဲစွန့်ခဲ့တာတွေ ဂျာမန်တွေရဲ့စစ်အင်အားတွေကို တပ်ဖွဲ့တွေအကြားထောက်လှမ်းသတင်းပို့‌ပေးခဲ့တာတွေကိုရင်တဖိုဖိုနဲ့ကြည့်ရှူခံစားကြရမှာပဲဖြစ်ပါတယ်။ကင်းထောက်တပ်ဖွဲ့လေးတစ်ခုက ဒီစစ်ဆင်ရေးကြီးကိုဘယ်လိုမျိုးပြောင်းလဲပေးနိုင်ခဲ့မလဲဆိုတာကို CMပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦး။ File size…2.07GB / 992MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 37m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Star (2002)

Kalashnikov (2020) 6.0
Kalashnikov (2020) ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင်အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလိုလက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့်လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ ...
movie

Kalashnikov (2020)

2020