Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alyson Leigh Rosenfeld
Space Kids (2023)
ဒီတစ်ခါတော့2023 ထွက် စွန့်စားခန်းAnimationကားလေးလာပါမယ်။ ဇာတ်လမ်းလေးက ဟိုးအရင်တုန်းကလူသားတွေက ကပ္ပလာဂြိုလ်ပေါ်မှာ စွမ်းအင်တွေအများကြီးပါတဲ့ ကာလာလို ဆိုတဲ့အပင်ကိုရှာတွေ့ခဲ့ကြပါတယ်။လူသားတို့ထုံးစံအတိုင်း အပင်တွေကိုစိတ်ကြိုက်ယူသွားပြီး နောက်ဆုံးကပ္ပလာဂြိုလ်က ဂြိုလ်ဂတုံးဖြစ်သွားရပါတယ်။ လက်ရှိကာလမှာကြီးပြင်းလာတဲ့ လူငယ်တွေဖြစ်တဲ့ အက်စဲလ်၊ ဂါဂါ နဲ့ဂျိုနိုတို့ကတော့ ဒီဂြိုလ်မှာကာလာလိုအပင် တွေရှိသေးတာကို လူကြီးတွေနဲ့ပါအတိုက်အခံလုပ်ပြီး အခိုင်အမာကိုယုံကြည်ကြတာပါ။ဆိုတော့ငယ်ဂုဏ်အပြည့်နဲ့ သူတို့ကိုယ်တိုင်သက်သေပြမယ်ဆိုပြီး သုံးယောက်သားကာလာလိုအပင်တွေရှာပုံတော်ထွက်ခဲ့ကြပါတယ်။ အဲဒါနဲ့ခရီးဆက်ခဲ့ရင်း လမ်းမှာအခက်အခဲကြုံရတဲ့အခါ သူတို့နဲ့ရည်ရွယ်ချက်တူ ဒေါက်တာဗန့်စ်ဆ်ိုတဲ့ ဘုရင့်နားမှာအနီးကပ်အလုပ်လုပ်ပေးတဲ့သူရဲ့အကူအညီရပြီးလေးယောက်အဖွဲ့လေးအဖြစ်ဆက်ခရီးဆက်ရင်း…..ကာလာလိုအပင်တွေဆီရောက်သွားချိန်မှာ မမျှော်လင့်ထားတဲ့အရာတွေ၊ လှည့်စားမှုတွေဘယ်လိုကြုံရမလဲဆိုတာတွေကို Character Animation ပုံစံအဆန်းလေးနဲ့မို့ ဂြိုလ်အသစ်ကို အမြင်အသစ်နဲ့ ပေါ့ပေါ့ပါးပါးရှုစားကြည့်လိုက်ပါ… File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
Space Kids (2023)
5.6
Gulliver Returns (2021)
ကလေးဘဝတုန်းက "ဂါလီဗာနဲ့ လူပုလေးများ"ဆိုတဲ့ အိပ်ရာဝင် ပုံပြင်ကို မကြားဖူးတဲ့သူမရှိပါဘူး လူပုလေးတွေနေတဲ့ ကျွန်းကိုရောက်ရှိသွားခဲ့တဲ့ ဂါလီဗာရဲ့အကြောင်းပေါ့ ဒီ Animationမှာတော့ ဂါလီဗာဟာ သူအရင်က ရောက်ရှိဖူး၊ အကူအညီပေးဖူးတဲ့နိုင်ငံတစ်ခုကို ပြန်လည်ရောက်ရှိသွားတဲ့အကြောင်း ရိုက်ကူးထား တာပါ။အားလုံးသိထားတဲ့အတိုင်း ဂါလီဗာဟာ လူဘီလူးကြီး ဖြစ်ရမယ်၊ အဲဒီနိုင်ငံက တိုင်းသူပြည်သားတွေက ပိစိလေးတွေ ဖြစ်နေရမယ်၊ ဒါဟာ သမာရိုးကျပုံပြင်ပါပဲ၊ ထိုနိုင်ငံကို ဂါလီဗာ လာကူခဲ့စဉ်က သမိုင်းမှတ်တမ်းမှာလည်း ဒီအတိုင်းပါပဲ၊ဒါပေမဲ့နှစ်ပေါင်း၄၀ကြာထွက်သွားပြီးမှ ပြန်ရောက်လာတဲ့ ဂါလီဗာကြောင့် ထိုနိုင်ငံသားတွေ ဦးနှောက်ခြောက်ရပါတော့တယ်၊ ရှေးလူကြီးတွေရဲ့ ရှေ့ဖြစ်အဟောအရ နှစ်ပေါင်း ၄၀ကြာချိန်မှာ ဂါလီဗာပြန်ရောက်လာတာမှန်ပေမယ့် သူတို့မှတ်တမ်းထဲကလို ဧရာမလူဘီလူကြီးမဟုတ်ဘဲ သူတို့ရဲ့ရွယ်တူ ကောင်လေးတစ်ယောက် ဖြစ်နေလို့ပါ။ကိုယ့်နိုင်ငံဆီ ဟောကိန်းအတိုင်းပြန်ရောက်လာတဲ့သူ၊ သူ့ကိုယ်သူဂါလီဗာလို့ တွင်တွင်ပြောနေတဲ့သူက တစ်သက်လုံးထင်လာသလို လူဘီလူးကြီး ဟုတ်မနေတာကြောင့် အတု အယောင်ဆောင်ဆိုပြီး မယုံကြသလို ဂါလီဗာကိုယ်တိုင်လည်း ဆွမ်းခံရင်းငှက်သင့်ဆိုတဲ့အတိုင်း လူဘီလူးအယောင်ဆောင်မှုနဲ့ ကွပ်မျက်ခံရမယ့် ကိန်းကိုဆိုက်သွားပါတယ်။ဒါပေမဲ့ အကောင်းထဲကအဆိုးလို့ ပြောရမလိုပဲ ဂါလီဗာကွပ်မျက်ခံရခါနီးမှ နိုင်ငံကြီးကို စစ်အင်အားနဲ့ တိုက်ခိုက်သိမ်းပိုက်ခံရမယ့် အခြေအနေတစ်ခုပေါ်လာတဲ့အခါ ဂါလီဗာအတုဆိုတဲ့ ...
movie
Gulliver Returns (2021)
6.3
The Stolen Princess: Ruslan and Ludmila (2018)
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Stolen Princess" ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်..Animation movie နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်ရတန်မယ့်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်အညွှန်း-ပုံပြင်လေးတစ်ပုဒ်ရှိသတဲ့ ပုံပြင်လေးကတော့...ကြက်သွေးရောင် နေဝင်ချိန်ရောက်တိုင်း အချစ်စစ်နဲ့ ချစ်မိသွားတဲ့မင်းသမီးတိုင်းကို ချယ်နမောဆိုတဲ့ မှော်ဆရာက ဖမ်းလေ့ရှိပါတယ်..ချစ်မိသွားတဲ့ မင်းသမီးရဲ့အချစ်စစ် စွမ်းအားနဲ့ သူ့မှော်အစွမ်းတွေကို ပြန်ဖြည့်သတဲ့...ဒီပုံပြင်ကတော့ ရူစလန်ဆိုတဲ့ ဇာတ်မင်းသားလေး ပြန်ကပြတဲ့ ပုံပြင်ပြဇာတ်ပါ...ရူစလန်ဟာ အဖေဖြစ်သူရဲ့ ဇာတ်မင်းသားအမွေကို ဆက်ခံခဲ့ရပေမဲ့သူက တိုင်းပြည်ရဲ့ သူရဲကောင်းဖြစ်ချင်သူပါ...မီလာဆိုတာကတော့ ရူစလန်နေထိုင်တဲ့ တိုင်းပြည်ရဲ့ မင်းသမီးပါ...ဖခင်ဖြစ်သူ ဘုရင်ကြီးက မီလာကို အိမ်ထောင်ချပေးချင်ပါတယ်...မီလာကလည်း စွန့်စားချင်သူ..အိမ်ထောင်ပြုချင်သူမဟုတ်...ဒီလိုနဲ့ မီလာဟာ နန်းတော်ကနေ ထွက်ပြေးခဲ့ပါတယ်...လမ်းတစ်နေရာမှာ ရူစလန်နဲ့ ဆုံမိလေရဲ့... ရူစလန်က မီလာကို မင်းသမီးမှန်း မသိပါဘူး...ဒုက္ခရောက်နေတဲ့ မီလာကို ကူညီရင်း ရူစလန်နဲ့ မီလာ မေတ္တာမျှခဲ့ကြပါတယ်....ဒီအချိန်မှာပဲ ပုံပြင်တစ်ပုဒ်လို့ ယုံကြည်ထားကြတဲ့ ချယ်နမောထွက်ပေါ်လာခဲ့ပြီးမီလာကို ဖမ်းခေါ်သွားပါတော့တယ်ရူစလန်ဟာ မီလာကိုကယ်ဖို့ ပြန်လမ်းမရှိတဲ့ ...
movie
The Stolen Princess: Ruslan and Ludmila (2018)
2018
7.4
Pokémon the Movie: The Power of Us (2018)
နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိတဲ့ ပွဲတော် တစ်ခုကတော့ ပိုကီမွန် ဖမ်းပွဲပါ အဲ့ဒီပွဲကို နိုင်ငံတကာမှ ပိုကီမွန် ထရိန်နာတွေက လာရောက်ပြီး ယှဉ်ပြိုင်လေ့ ရှိပါတယ် ဒီနှစ်မှာတော့ ထိုပွဲကို အက်ရှ် နဲ့ ပီကာချူး အပြင် တစ်ခြား ထရိန်နာ အသစ်တွေလဲ လာရောက်ယှဉ်ပြိုင်ခဲ့သလို အနှောက်အယှက်တွေလဲ တွေ့ရမှာဖြစ်ပါတယ်.. ထရိန်နာ အသစ်လေး လီဆာ လဲ ရောက်ရှိလာသလို သူ့အကြောင်းနဲ့သူ လာရောက်ယှဉ်ပြိုင်သူတွေကြား ပိုကီမွန် အသစ်တွေကိုလဲ ထပ်မံတွေ့ရှိရမှာပါ ဒီကာတွန်းကားလေးကို ကောင်းမြတ်သူက ဘာသာပြန်ပေးထားပါတယ်
movie
2018