Channel Myanmar

Alyson Hannigan

American Wedding (2003)
American Wedding (2003)  ဒီဇာတ်ကားလေးကတော့ American Pie Saga တို့လိုပဲ ၂၀ ရာစုအစောပိုင်းက ထွက်ရှိခဲ့တဲ့ အဖိုးတန် လိင်အသားပေး ဟာသဇာတ်မြူးဖြစ်ပါတယ်။ လိင်အသားပေး ရွတ်နောက်နောက် အသုံးအနှုန်းတွေ၊ ဇာတ်ဝင်ခန်းတွေ၊ လုံးဝမထင်မှတ်ထားတဲ့ ဟာသဇာတ်ဝင်ခန်းတွေ လှိုင်လှိုင်ပါဝင်တဲ့ ဟာဒယအပြည့်နဲ့ အတိတ်ကို လွမ်းဆွတ်ရင်း အူတက်အောင် ခွီရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဂျင်မ်နဲ့ မီရှယ်ဟာ ပူပူနွေးနွေး ကျောင်းလည်းပြီး ဘွဲ့လည်းရထားပြီး အချစ်ဆိပ် အထွတ်အထိပ် တက်နေတဲ့အချိန်မှာ နှစ်ယောက်သား လက်ထပ်ဖို့ လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ နှစ်ဘက်မိဘတွေကိုလည်း အသိပေးပြီး သူငယ်ချင်းမိတ်ဆွေတစ်သိုက်နဲ့ စည်ကားသိုက်မြိုက်စွာ မင်္ဂလာပွဲကျင်းပဖို့ ပြင်ဆင်ကြပါတော့တယ်။ဂျင်မ်ရဲ့ ဘော်ဒါတွေကလည်း သတို့သားအရံတွေ လုပ်ဖို့ သဘောတူပြီး ဘော်ဒါတွေထဲက စတိဗ်နဲ့ ပေါလ်ဟာ သတို့သမီးအရံတဖြစ်လည်း မီရှယ့်ရဲ့ ညီမဖြစ်တဲ့ ခေးဒန်းစ်ကို ဖောင်းဒိုင်းရဖို့အတွက် နှစ်ယောက်သား အပြိုင်အဆိုင် ကြံစည်အားထုတ်ရာကနေ သောက်တလွဲလူသားတွေ စုနေတဲ့ မင်္ဂလာပွဲကြီးက ဘယ်လိုသောက်တလွဲဇာတ်တွေနဲ့ ငါးပါးမှောက်ကြမလဲဆိုတာကို ...
movie

American Wedding (2003)

Office Race (2023) 5.2
Office Race (2023)  ပက်ကယ်စတီကတော့ ကိုယ့်ကိုကိုယ် ဘာစိတ်ဝင်စားလို့စားမှန်းမသိ ဘာဝါသနာပါလို့ပါမှန်းမသိ အလုပ်မှာရော အိမ်မှာပါ ရေလိုက်ငါးလိုက် သက်သာသလိုနေရင်း ဘဝတက်လမ်းမမြင်တဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့ဘော့စ်ဖြစ်သူက သူ့ကို ကျော်ပြီး သူ့လက်အောက်က ဝန်ထမ်းဖြစ်တဲ့ စပင်ဆာကို ရာထူးတိုးပေးလိုက်ပါတော့တယ်။ ဒီအချိန်မှာ ပက်နဲ့ စပင်ဆာနဲ့ အဆင်မပြေဖြစ်ပြီး ကုမ္မဏီတစ်ခုနဲ့ စာချုပ်မချုပ်နိုင်ရင် အလုပ်ပြုတ်မယ့်ကိန်းမြင်နေရတဲ့ပက်က အဲကုမ္မဏီရဲ့ ကိုယ်စားလှယ်ကို အပီချုပ်ဖို့ကြိုးစားရပါတော့တယ်၊ အဲဒီကိုယ်စားလှယ်က မာရသွန်ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်မှာ ဖြစ်တဲ့အတွက် သူလည်း စာချုပ်ချုပ်နိုင်လို့ချုပ်နိုင်ငြား မာရသွန်ပြိုင်ပွဲမှာ စာရင်းပေးသွင်းထားကြောင်း ဖောရှောရိုက်ပါတော့တယ်။ အဲကနေ စကားကျွံပြီး စပင်ဆာနဲ့လည်း အဆင်မပြေဖြစ်ပြီး ပြိုင်ပွဲမှာ ဘယ်သူနိုင်အောင်ပြေးမလဲဆိုတာကို စပင်ဆာနဲ့ ဒေါ်လာတစ်သိန်းကြေး အလောင်းအစားလုပ်ပါတော့တယ်။ ပက်အနေနဲ့ရော စာချုပ်ချုပ်နိုင်ပါ့မလား၊ သူလုပ်ထားတဲ့အလောင်းအစားမှာရော နိုင်ပါ့မလား၊ သူ့ရဲ့ရေလိုက်ငါးလိုက် စိတ်ဝင်စားစရာမရှိတဲ့ဘဝကြီးကိုရော အပြောင်းအလဲရှိလာပါ့မလားဆိုတာကို စိတ်ဝင်တစား တပျော်တပါး ရယ်မောပြီး ကြည့်ရှုရမှာပါ။File size…(1.7 GB)/(962 MB) Quality….Webrip 1080p ...
movie

Office Race (2023)

Flora & Ulysses (2021) 6.5
Flora & Ulysses (2021) Flora & Ulysses (2021)=================IMDb Rating - 6.5/10ဒီတစ်ခေါက်မှာတော့ IMDb 6.5/10 ရထားတဲ့ Disney Movies အလန်းစား ComedySuperHero ဇာတ်ကားလေး ဖြစ်တဲ့  Flora and Ulysses ဆိုတဲ့ မိသားစုဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။အသက် ဆယ်နှစ်အရွယ် ဖလော်ရာဆိုတဲ့ကောင်မလေးဟာ  သူမအဖေရေးထားတဲ့ ကောမစ်စာအုပ်တွေဖတ်ရတာကြိုက်ပြီး စိတ်ကူးစိတ်သန်းများစွာရှိတဲ့ ကလေးမလေးဖြစ်ပါတယ်။တစ်နေ့မှာ ယူလစ်စီဆိုတဲ့ ရှဉ့်လေးတစ်ကောင်ကို မထင်မှတ်ထားဘဲ ကယ်တင်လိုက်ပြီးတဲ့နောက်မှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုအနေနဲ့ အဲ့ရှဉ့်ကလေးဟာ အစွမ်းသတိတွေရှိနေပါတယ်၊ တစ်နေ့မှာတော့ ရှဥ့်လေးကို တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲက လိုက်လံဖမ်းစီးတာကြောင့် အဲ့ ရှဥ့်ကလေးနဲ့အတူထွက်ပြေးရပါတော့တယ်၊ ဒီကားလေးထဲမှာ ရှဥ့်ကလေးရဲ့ အစွမ်းနဲ့  ပေါင်းပြီး ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ဆိုတာကို အသည်းတယားယားနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်၊  ရှဉ့်ကလေး ယူလစ်စီရဲ့ ချစ်ဖို့ကောင်းတဲ့အပြုအမူတွေအပြင်  ကလေးလေးတွေရဲ့ လောကကြီးအပေါ်ထားတဲ့ အပြစ်ကင်းတဲ့ အမြင်ချစ်ခြင်းမေတ္တာရဲ့ အရေးကြီးတဲ့အချက် စတာလေးတွေကိုပါ ပေါ့ပေါ့ပါးပါး ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်၊(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ...
movie

Flora & Ulysses (2021)

2021
American Pie 8: American Reunion (2012) 6.7
American Pie 8: American Reunion (2012) American Pie 8: American Reunion (2012) IMDb - 6.7/10_____Rotten - 45%   နာမည်ကျော်ကျောင်းသား ဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နောက်ဆုံးဇာတ်ကားကို ထပ်ဖြည့်လိုက်ပြီဖြစ်တာကြောင့် American Pie (၈) ကားလုံးမြန်မာစာတန်းထိုးနဲ့တင်ဆက်ပြီးပါပြီ။ ဒီဇာတ်ကားမှာတော့ မူလဘူတ American Pie အဖွဲ့သားတွေ အသက်တွေကြီး ... အိမ်ထောင်တွေ ဘာတွေကျပြီးသွားတာတောင် ဘယ်လောက်ထိ လွဲချော် သောင်းကျန်းကြဦးမလဲဆိုတာကို တွေ့ရမှာပါ။ အနောက်တိုင်းဆန်ဆန် ဟာသရောနှောပြီး ပွင့်လင်းစွာ တင်ဆက်ထားတာကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=american+pie မှာ Download လုပ်လို့ရပါတယ်။  File size...(905 MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:53:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie 8: American Reunion (2012)

2012
American Pie (1999) 7.0
American Pie (1999) American Pie (1999) IMDb - 7.0/10_____Rotten - 61%ကဲ.....ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ဇာတ်ကားကြိုက်နှစ်သူပရိတ်သတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားများလာပါတော့မယ်။ American Pie ဆိုတဲ့ နာမည်ကျော် ကျောင်းသားဟာသဇာတ်ကားတွေပဲဖြစ်ပါတယ်။ စုစုပေါင်း (၈) ကားရှိပါတယ်။ တစ်ကားနဲ့တစ်ကား မဆက်စပ်ဘဲ ကြည့်လို့ရတဲ့အတွက် ခြားခြားပြီးတော့ မြန်မာစာတန်းထိုးနဲ့ (၈) ကားလုံးတင်ပေးထားပါတယ်။ ဒီနေ့ကတော့ No(1) ဇာတ်ကားပေါ့။ ၁၉၉၉ ခုနှစ်က ထွက်ပါတယ်။ အားပေးမှုတော်တော်လေးရရှိခဲ့ပြီး IMDb Rating (7/10) ရရှိထားလို့ Comedy အမျိုးအစားဇာတ်ကားတွေထဲမှာ Rating မြင့်တဲ့ဇာတ်ကားတစ်ကားပါ။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=american+pie မှာ Download လုပ်လို့ရပါတယ်။   (မြန်မာစာတန်းထိုးကိုတော့ ကသာသားလေးမှ တင်ဆက်လိုက်တာပါ။)   File size...(946 MB) Quality...Blu-ray Rip 720p Format...mkv Duration....01:35:37 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie (1999)

1999