Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alysia Reiner
The Feeling That the Time for Doing Something Has Passed (2023)
The Feeling That the Time for Doing Something Has Passed (2023) (ImdB 5.5,Rt score 85%, Metacritic 77%)ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အမျိုးသမီးဒါရိုက်တာ ဂျိုအန်နာအာနိုးရဲ့ ကိုယ်တိုင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ပြီး လက်စွမ်းပြရိုက်ကူးထားတဲ့ ဟာသ-ဇာတ်ကြောင်းပြောပုံစံဇာတ်ကားလေးပဲဖြစ်ပါတယ်ဟာသဆိုတဲ့နေရာမှာ ဒီအတိုင်း ရီစရာတွေထက် လောကကြီးကိုအရွဲ့တိုက်စောင်းချိတ်ပြီး ထေ့ငေါ့နေတဲ့ပုံစံမျိုးကို ပိုတွေ့ရမှာပါ... ဇာတ်ကားခေါင်းစဉ်အတိုင်းပဲ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုက အခုလုပ်လို့မရတော့တဲ့ ဖီလင်ဆိုတာဘာလဲပေါ့ ကိုယ်ငယ်ငယ်တုန်းက ပါဝါရိန်းဂျားနာရီလိုချင်တယ် အခုချိန်မှာမလိုချင်တော့တာလား ရလဲဘာလုပ်ရမှန်းမသိတော့တာလား လုပ်ခွင့်မရလို့ပဲဝမ်းနည်းနေလား ဒါရိုက်တာက အဲ့လိုခံစားချက်မျိုးကို မိန်းမတစ်ယောက်နဲ့ဘဝနဲ့ယှဉ်ပြီး ပုံဖော်ပြသွားတာပါပဲဇာတ်လမ်းအကျဉ်းကတော့ သာမန်အလုပ်အကိုင်နဲ့မိန်းမတစ်ယောက်ရဲ့ နေ့စဉ်နိစ္စဓူဝငြီးငွေ့ဖွယ်ရာ ဘဝနဲ့ ဘဝကိုစိတ်အပန်းဖြေချင်လို့ လုပ်တဲ့ BDSM အတွေ့အကြုံကလည်း ဘေးကကြည့်တဲ့သူပါ ပျင်းဖို့ကောင်းအောင် ငြီးငွေ့ဖို့ကောင်းတာကို သူ့အနေနဲ့ ဘယ်လိုခံစားချက်တွေနဲ့ ရှေ့ဆက်နေတာလဲ ဘဝမှာငယ်ရွယ်တုန်းလုပ်ချင်ခဲ့တာတွေက ဘာတွေလဲ ဘာတွေဆက်လုပ်မှာလဲ ဘယ်လိုဆက်ရှင်သန်မှာလဲ ဘဝဆိုတာဘာလဲဆိုတာ ပရိသတ်ကြီးပဲ ဒီထဲက ဇာတ်ဆောင် အန်းနဲ့အတူ တစ်စိတ်တစ်ပိုင်းအဖြေဝင်ရှာကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်....Genre..... Comedy Quality…. 1080p ...
movie
The Feeling That the Time for Doing Something Has Passed (2023)
5.3
The Independent (2022)
The Independent(2022) ====================== ဂျွန်ဆီးနားကြီးကို တည်တည်တံ့တံ့နဲ့ အမေရိကန် သမ္မတောင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးသမားတစ်ယောက်အဖြစ်တွေ့ရမှာပါအမေရိကန် နိုင်ငံရေးလောကရဲ့ ဒီမိုကရက်တစ်နဲ့ ရီပါ့ဘလစ်ကန်တွေကြား အားပြိုင်မှုက ထင်သလောက်မရိုးရှင်းပဲ နောက်ကွယ်က မဲအသာစီးရအောင် လွှမ်းမိုးထိန်းချုပ်နေတဲ့ လက်မဲကြီးတွေရှိနေပါတယ်... နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ၊ စီးပွားရေးခရိုနီကြီးတွေက ရွေးကောက်ပွဲကာလမှာ ပြည်သူကိုဖူးဖူးမှုတ်ပြီး အာဏာရရေးအတွက် ယှဉ်ပြိုင်နေကြတဲ့အချိန်ဖြစ်ပါတယ် နိတ်စတာလင်ဆိုတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရှင်တစ်ယောက်က နိုင်ငံရေးလောကထဲဝင်လာပြီး တစ်သီးပုဂ္ဂိုလ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်က သူ့ရဲ့တည့်တိုးဟောပြောချက်တွေကြောင့် လူတွေကြားထဲမှာ ရေပန်းစားကြော်ကြားလာပါပြီ နှစ်ကောင်တဲ့ပြေးနေတဲ့ ပြိုင်ပွဲတစ်ခုကနေ နိတ်စတာလင်ပါ ဝင်ရောက်လာပြီး ... ဒီမိုကရက်တစ်...ရီပါ့ဘလစ်ကန်နဲ့ နိတ်စတာလင်ရဲ့ Independent ပါတီဆိုပြီး အင်အားကြီး ၃ ခုဖြစ်လာပါတယ်.... ဒီအကြောင်းကို ဝါရှင်တန်ခရိုနီကယ်က အလုပ်သင် ဂျာနယ်လစ်လေးတစ်ယောက်က သတင်းလိုက်ရင်း နောက်ကွယ်က ပါတီကြီးတစ်ခုရဲ့ငွေကြးအလွဲသုံးစားလုပ်မှုနဲ့ မသမာစွာ ယှဉ်ပြိုင်မှုတွေကိုပါ တွေ့ရှိလိုက်ရတာကြောင့် ဒီအကြောင်းတွေကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားရင်း နောက်ဆုံး အမေရိကန်ရဲ့ သမ္မတက ဘယ်သူဖြစ်သွားမလဲဆိုတာကို ကြည့်ရမယ့် နိုင်ငံရေး နဲ့ အမေရိကန်ရဲ့ဂျာနယ်လစ်ဆင် လောကကို ကောင်းကောင်းကြီး နားလည်သွားစေမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ် Dialouge ကောင်းကောင်းတွေနဲ့ ဇာတ်ကားကိုဆွဲဆောင်သွားပြီး ကတုံးပေါ်ထိပ်ကွက်ဆိုသလို လူအချင်းချင်း ဉာဏ်နီဉာဏ်နက်တွေနဲ့ အာဏာကုန်လုကြတဲ့ နိုင်ငံရေးကားကောင်းတစ်ခုဖြစ်ပါတယ်(အညွှန်းနဲ့ ...
movie
The Independent (2022)
2022
4.5
So Cold the River (2022)
So Cold the River (2022) ====================ဝက်စ်ဘေဒန်မြို့လေးမှာ “ဘရက်ဒ်ဖော့ကျိန်စာ” ဆိုပြီးစိုးမိုးနေတဲ့အချိန် လူတွေကလည်း ဘရက်ဒ်ဖော့လို့ဆိုလိုက်တာနဲ့ အရမ်းကြောက်နေခဲ့ပါတယ်။ တကယ်တော့ သူတို့ကြောက်တာက ကမ့်ဘဲလ်ဘရက်ဒ်ဖော့ဆိုတဲ့လူကိုပါ။ သူကဘယ်လောက်ထိဆိုးသွမ်းလဲဆိုရင် ဘရက်ဒ်ဖော့မိသားစုဝင်တွေပါ အချင်းချင်းပြန်ကြောက်ရတဲ့အထိ သူ့နာမည်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။ကမ့်ဘဲလ်ဘရက်ဒ်ဖော့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ပေးပါဆိုပြီးတော့ အဲရစ်ကာကိုအလုပ်လာအပ်ခဲ့ပါတယ်။ အဲရစ်ကာကလည်း ခေသူမဟုတ်။ သဘာဝလွန်တွေနဲ့ အဆက်အသွယ်ရှိတဲ့ ထူးခြားတဲ့လူတစ်ယောက်ဆိုပြီး မှတ်တမ်းရုပ်ရှင်နယ်ပယ်မှာ နာမည်ကြီးနေတဲ့သူတစ်ယောက်ပါ။ မှတ်တမ်း ရုပ်ရှင်ရိုက်ဖို့ တစ်ခုတည်းသောသဲလွန်စအဖြစ် ကမ့်ဘဲလ်ဘရက်ဒ်ဖော့ရဲ့ မီးခံသေတ္တာထဲမှာသိမ်းထားတဲ့ ရေပုလင်းလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒါလေးကို ယူလာပြီး အဲရစ်ကာတစ်ယောက် ဝက်စ်ဘေဒန်မြို့မှာ သဲလွန်စရှာရပါတော့တယ်။ရေပုလင်းဆိုတော့လည်း ရေဆာနေတဲ့အချိန်၊ စိတ်အိုက်နေတဲ့အချိန် သောက်မိ ကြတာပေါ့နော်။ အဲ့ဒီရေပုလင်းက တကယ်တော့ မကောင်းဆိုးဝါးပါတဲ့။ ဝက်စ် ဘေဒန်မှာလည်း မြေအောက်ရေက အရမ်းအစွမ်းထက်ပါတယ်တဲ့။ အဲ့ဒါတွေကို ဆက်စပ်ကြည့်ရင်းနဲ့... အဲရစ်ကာတစ်ယောက် ဘာတွေရှာတွေ့သွားမလဲ၊ အဲ့ဒီရေ ကရော ဘာကြောင့်ကြောက်ဖို့ကောင်းနေတာလဲ၊ ဘရက်ဒ်ဖော့ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်ဦးမလဲဆိုတာတော့ ရင်တထိတ်ထိတ်နဲ့ ဆက်ကြည့်လိုက်ပါတော့နော် ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(983 MB) / (486 MB) Quality............WebRip 1080p / 720p Duration.........1Hr ...
movie
So Cold the River (2022)
2022
6.0
A Mouthful of Air (2021)
A Mouthful of Air (2021)===================IMDb Rating - 6.0/10ဂန္တဝင် ရုပ်ရှင် Mamma Mia ထဲမှမင်းသမီး Amanda ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေး ဟာဆိုရင်ဖြင့် IMDb 6 အထိရရှိထားတဲ့ အမေရိကန် Drama အမျိုးအစားလေးပဲ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် ဇာတ်လမ်းအကျဥ်းလေးကိုမိတ်ဆက်ပေးချင်ပါတယ် . . . ဂျူးလီဟာ ကလေးတွေရဲ့အကြောက်တရားတွေကို ဖျောက်ဖျက်ပေးနိုင်ပြီး နှစ်လိုဖွယ်ကောင်းတဲ့အပြင် နွေးထွေးမှုကိုပါဆောင်ကျဥ်းပေးနိုင်တဲ့ စာရေးဆရာမတစ်ယောက်ပါ။ သူဟာ မထင်မရှား သာမန်စာရေး ဆရာမ လုံးဝ မဟုတ်ပါဘူး။ သူရေးသမျှစာအုပ်တိုင်းက best-selling ဖြစ်တဲ့အထိကို အောင်မြင်ကျော် ကြားတဲ့ စာရေးဆရာမတစ်ဦးပါ။ အခုလိုမျိုး ဂျူလီတစ်ယောက် စာတွေရေးရင်း ကလေးတွေရဲ့ အကြောက် တရားကို ပျောက်ကွယ်အောင် လုပ်နိုင်ပေမယ့်လည်း သူရဲ့တစ်ဘဝလုံးကို နှောင့်ယှက်နေတဲ့ လျှို့ဝှက်တံခါး ကိုတော့ မဖွင့်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ မိခင်တစ်ဖြစ်လဲ ဂျူးလီမှာ ဒုတိယရင်သွေးလေးထပ်ရလာတဲ့အခါ သူရဲ့ အကြောက်တရားက ကြီးစိုးလာပြီးတော့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားစစ်ပွဲကိုတိုက်ခိုက်ရပါတော့တယ်။ ဒါဆိုရင် ဂျူးလီရဲ့ ...
movie
A Mouthful of Air (2021)
2021