Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Álvaro Cervantes
6.8
I Want You (2012)
စပိန်ရုပ်ရှင် I Want You ကတော့ ချောချောလှလှမင်းသား၊မင်းသမီးလေးတွေနဲ့ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့အချစ်ကားစစ်စစ်လို့ပြောရမှာပါ။ မတော်တဆမှုတစ်ခုမှာအချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့အာချေဟာ လန်ဒန်မှာနှစ်အနည်းငယ်ကြာအောင်သွားနေခဲ့ပြီးတဲ့နောက် မိသားစုရှိရာဘာစီလိုနာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။သူငယ်ချင်းရဲ့သေဆုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ်ခွင့်မလွှတ်နိုင်သေးတဲ့အာချေဟာ ရည်းစားဟောင်းဘာဘီကိုလည်း အရမ်းတွေ့ချင်ပေမယ့် သွားမတွေ့နိုင်ခဲ့ပါဘူး။တစ်ရက်မှာတော့ ဓာတ်ဆီဆိုင်မှာ ဂျင်ဆိုတဲ့ကောင်မလေးနဲ့အမှတ်မထင်တွေ့ဆုံမိခဲ့ပါတယ်။ချောတယ်၊ ခေတ်ဆန်တယ်၊ သူများကိုဂရုမစိုက်ဘဲလွတ်လွတ်လပ်လပ်လုပ်ချင်တာလုပ်ဖို့သတ္တိအပြည့်ရှိတဲ့ဂျင်ဟာအာချေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျင်နဲ့အနာဂတ်ကိုခရီးဆက်ချင်တဲ့အာချေတစ်ယောက် အတိတ်ကိုရောလွှတ်ချထားနိုင်ခဲ့မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.48GB / 1.23GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
I Want You (2012)
6.8
Hanna (2011)
Hanna ဆိုတဲ့ ဇာတ်ကားလေးကို director Joe Wrightက 2011 မှာရိုက်ကူးခဲ့ပါတယ် ဇာတ်ကားထဲမှာဆိုရင် Hanna ဆိုတဲ့ကောင်မလေးက ပြီးပြည့်စုံတဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့အတွက် သူ့အဖေ Eric ဆီကနေလျှို့ဝှက်စွာ ပျိုးထောင်ခံခဲ့ရတယ် နောက်တော့ သူ့အဖေက သူမကိုဥရောပတစ်လျှောက် မစ်ရှင်စေလွှတ်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Marissa လို့ခေါ်သူရဲ့ နောက်ယောင်ခံခြင်းကို ခံရပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ Hanna က သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လိုတွေမေးခွန်းထုတ်လာမလဲဆိုတာ ဇာတ်ကားလေးကိုဆက်ကြည့်ပေးပါဦးနော်... ( ဇာတ်ညွှန်းနဲ့ ဘာသာပြန်သူကတော့ Duckkie ပဲဖြစ်ပါတယ် ) File size…1.76GB / 739MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie
movie
Hanna (2011)
5.7
Love at First Kiss (2023)
Love at First Kiss (2023)ဘဝမှာ supernatural ability တစ်ခုသာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် အနာဂတ်ကိုကြိုမြင် ကြိုသိနေချင်ပါတယ်ဆိုတဲ့လူတွေ ရှိနေမှာပါ။ ဒါပေမဲ့ တကယ်တမ်းအားလုံးကိုကြိုသိနေရခြင်းက တကယ်ပဲကောင်းတာဟုတ်ရဲ့လား။ ဇာတ်သိမ်း Spoil မိသွားတဲ့ ရုပ်ရှင်တစ်ခုတောင် ကြည့်ရတာအရသာပျက်သွားပြီဆိုရင် ဇာတ်သိမ်းကိုကြိုမြင်နေရတဲ့ ဘဝတစ်ခုကရော.....မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းတစ်ပွင့်ခြွေဖူးရုံနဲ့တင် ဒီမိန်းကလေးနဲ့သူရဲ့ အချစ်ဇာတ်လမ်းကို မြင်နိုင်တဲ့ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားတဲ့ဟာဗီယာ၊ အနာဂတ်ရှေ့ရေးကို အမြဲကြိုမြင်နေတဲ့ဟာဗီတစ်ယောက် အဆင်မပြေနိုင်မှန်းသိနေတဲ့ RS တွေကို ဘာမပြောညာမပြောနဲ့ သစ်စိမ်းချိုးချိုးလေ့ရှိပါတယ်။ ဒီတော့ ဟာဗီကိုယ်တိုင်လည်း Commitment ဆိုတာကို ကြောက်လာသလို မိန်းကလေးတွေကြားမှာလည်း လူရှုပ်လူပွေအဖြစ် နာမည်ဆိုးထွက်သူတစ်ယောက် ဖြစ်လာတော့တာပေါ့။ဘယ်မိန်းကလေးနဲ့နမ်းနမ်း သာယာတဲ့အနာဂတ်ကိုမမြင်ရလို့ စိတ်ပျက်နေတဲ့အပြင် အလုပ်ကပါအဆင်မပြေလို့ အရှုံးပေါ်နေပြန်လို့ အနုတ်ပြနေတဲ့ဟာဗီရဲ့ဘဝထဲကို အနမ်း ၂ ပွင့်နဲ့အတူ ဝင်ရောက်လာခဲ့တဲ့ မိန်းကလေး ၂ ယောက်၊ အဲဒီထဲကတစ်ယောက်တော့ ဟာဗီရဲ့အချစ်ဆုံးသူငယ်ချင်းရောဘတ်တိုရဲ့ချစ်သူဖြစ်တဲ့ လူစီယာနဲ့ နောက်တစ်ယောက်ကတော့ အမြဲတမ်းခံစားချက်တွေကို သိမ်းထားတတ်တဲ့ဟာဗီကို ရင်ဖွင့်လာအောင်လုပ်နိုင်ခဲ့တဲ့ လွတ်လပ်ပြီးပျော်ပျော်နေရတာကြိုက်တဲ့အေရီယာနာ။ ဘယ်တစ်ယောက်နဲ့ ဘယ်လိုအနာဂတ်တွေကို ဟာဗီမြင်လိုက်ပြီးတော့ သူရွေးမဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ အားလုံးအတူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ...
movie
Love at First Kiss (2023)
2023
7.0
1898: Our Last Men in the Philippines(2016)
1898: Our Last Men in the Philippines(2016)*****************************************ဒီဇာတ်ကားဟာ လေးရာစုနီးပါး သက်တမ်းကြာရှည်ခဲ့တဲ့ စပိန်အင်ပါယာရဲ့နောက်ဆုံးကိုလိုနီနယ်မြေဆုံးရှုံးခဲ့ရတဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဘယ်သူမှမနိုင်နိုင်တဲ့စစ် ဘယ်သူမှ မရှုံးချင်တဲ့စစ်ပွဲလေးကို ရည်ညွှန်းရိုက်ကူးထားပါ။ဇာတ်လမ်းအစမှာ စပိန်အင်ပါယာပိုင် ဖိလစ်ပိုင်နိုင်ငံ ဘာလယ်ဆိုတဲ့ကျွန်းမြို့လေးဟာ နယ်ခံတော်လှန်ရေးသမားတွေအလစ်ငိုက်သိမ်းပိုက်တာခံရပြီး စပိန်မြို့စောင့်တပ်သားတွေဟာလည်းအားလုံးနီးပါးသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီကိုလိုနီမြို့လေးကို ပြန်သိမ်းဖို့အတွက် ကပ္ပတိန် အန်းရစ်နဲ့ လက်ဖတင်နင် မာတင်စီရီဇိုတို့ဦးဆောင်ပြီးနောက်ထပ်တပ်စုတစ်စုကိုစပိန်ကစေလွှတ်လိုက်ပါတယ်။အဲ့ကာလဟာစပိန်အင်ပါယာရဲ့ဆုတ်ယုတ်အချိန်လည်းဖြစ်နေတာကြောင့် သူတို့တပ်စုကို ရိက္ခာအင်အား ဘာ့မှထောက်ပံ့မပေးနိုင်တော့ပါဘူး။အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကိုတော့ဇာတ်လမ်းထဲမှာစောင့်ကြည့်ရင်းကြည့်ရှုခံစားလိုက်ပါဦး။File Size :(2.1GB) (899 MB) and (380 MB) Quality : Blu-Ray 1080p ,720p Format…mp4 Duration…01:45:00 Genre : War, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
1898: Our Last Men in the Philippines(2016)
6.7
42 segundos (2022)
42 segundos (The Final Game) (2022)~ IMDb rating - 6.7/10 ~သင့်အနေနဲ့ အားကစားရုပ်ရှင်ကားကောင်းလေးတွေ၊ ဘောလုံးပွဲ Documentary ကောင်းလေးတွေ၊ ရုပ်ရှင်လေးတွေကြည့်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။သင်ဟာ ပီလီရဲ့ရုပ်ရှင်နဲ့ Documentary ကို ကြည့်ထားဖူးသူ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဖာဂူဆန်၊ ရွန်းနီ၊ အာဆင်ဝင်းဂါးစတဲ့ ဘောလုံးအကျော်အမော်တွေရဲ့ ရုပ်ရှင်တွေကို မလွတ်တမ်းကြည့်ရှုတတ်သူဆိုရင်တော့ ဒီရုပ်ရှင်ကားကောင်းလေးဟာလည်း သင့်အတွက် ထပ်မံထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကောင်းလေးကတော့ ဘောလုံးလောကအကြောင်း၊ ဘောလုံးပြိုင်ပွဲတွေအကြောင်းမဟုတ်ဘဲ အိုလံပစ်ပြိုင်ပွဲတွေထဲက ဝါတာပိုလိုအသင်းတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းလေးပါပဲ။ IMDb အနေနဲ့လည်း 6.7/10 တောင်ရရှိထားတဲ့ စပိန်ကားကောင်းလေးဖြစ်ပြီး ရထားတဲ့ Rating တွေနဲ့ ထိုက်ထိုက်တန်တန် သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပိုင်နိုင်မှု၊ ဇာတ်လမ်းဇာတ်ကွက်နိုင်နင်းမှုရှိတဲ့ ကားကောင်းလေးလည်းဖြစ်ပါတယ်။ အားကစားရုပ်ရှင်ကြည့်တတ်သူတိုင်းအတွက် နောက်ထပ် ဆွေမျိုးမေ့စေမယ့်ဟင်းတစ်ခွက်ဖြစ်ပြီး မမြည်းစမ်းလိုက်ရရင်တော့ နောင်တရနိုင်တဲ့ဟင်းလျာလေးတစ်ခွက်လို့ပြောရမှာပါပဲ။ဒီရုပ်ရှင်လေးထဲမှာတော့ ၁၉၉၂ ခုနှစ်တုန်းက ဝါတာပိုလိုအိုလံပစ်ဖိုင်နယ်ပွဲအတွက် ကြိုးစားနေကြတဲ့ ...
movie
42 segundos (2022)
2022
5.8
Valley of the Dead (2020)
Malnazidos (a.k.a) Valley of The Dead (2020)(1080p ရပါပြီ)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ရှေ့လကမှ Netflix မှာ ပြသသွားတဲ့ စပိန် ဇွန်ဘီဇာတ်ကားသစ်လေးပါ။ စပိန်ပြည်တွင်းစစ်ပွဲအတွင်းက အကြောင်းအရာကို နောက်ခံထားပြီး ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ကပ္ပတိန်ဟန်လိုဇာနိုဟာ နိုင်ငံရေးအကြောင်းအရာတွေမှာ ၀င်စွက်ဖက်ခဲ့တဲ့အတွက်ကြောင့် အထက်လူကြီးတွေရဲ့ အမုန်း ခံရပြီး အန္တရာယ်များတဲ့ တာ၀န်တစ်ခုကို ထမ်းဆောင်ဖို့ စေလွှတ်ခြင်းခံရပါတယ်။တာဝန်ထမ်းဆောင်ဖို့ သွားနေတဲ့ လမ်းခရီးမှာ ကပ္ပတိန်ဟန်လိုဇာနိုနဲ့ သူရဲ့တပည့်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်း ခံရပြီး ထူးဆန်းတာတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတော့တယ်။ဒီထူးဆန်းတဲ့ဖြစ်ရပ်တွေက ဘယ်လိုဖြစ်လာလဲ? ကပ္ပတိန်တို့အဖွဲ့ ဘာတွေနဲ့ ကြုံတွေ့လာရမလဲ? ဆိုတာ ဆက်လက်ရှုလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ YKH ပါ။)File Size : 1.6GB, 668MB, 339MB Quality ...
movie
Valley of the Dead (2020)
2020
6.4
The Tree of Blood (2018)
ရီဘီကာ နဲ့ မာ့ခ် တို့စုံတွဲနှစ်ယောက်ဟာ သူတို့နှစ်ဦးနှစ်ဖက်ကမိသားစုတွေရဲ့ အမှတ်တရတွေလွှမ်းခြုံထားတဲ့ဘက်စ်ခ်ပြည်နယ် ကျေးလက်ဒေသက လယ်ကွင်းအိမ်လေးတစ်လုံးဆီ ရောက်လာကြပါတယ်။အဲ့အိမ်မှာမိသားစုကိုယ်စီရဲ့အဖြစ်အပျက်တွေကို အပြန်အလှန်ပြောပြပြီး ဖြစ်ရပ်တွေချိတ်ဆက်နေပုံကို အဖြေရှာကြဖို့ဖြစ်ပါတယ်။ရီဘီကာဟာ အဆိုတော်မိန်းကလေးတစ်ယောက်ရဲ့သမီးဖြစ်ပြီး ဖခင်ကိုမသိရပဲမွေးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ရီဘီကာရဲ့အမေနဲ့ ဗစ်တာဆိုတဲ့လူတစ်ယောက်တွေ့ပြီး လက်တွဲခဲ့ကြပါတယ်။ ဗစ်တာရဲ့ညီဖြစ်သူအိုလ်မိုရဲ့မင်္ဂလာပွဲမှာ ရီဘီကာနဲ့ မာ့ခ်တို့ စတွေ့ပြီးချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။မာ့ခ်ရဲ့အမေဟာ ဗစ်တာရဲ့ညီအိုလ်မိုရဲ့ဇနီးဖြစ်သူစာရေးဆရာမ အမ်မိုင်ယာရဲ့အယ်ဒီတာဖြစ်ပြီးအိုလ်မိုရော ဇနီးဖြစ်သူအမ်မိုင်ယာနဲ့ပါ ပတ်သတ်ခဲ့ဖူးသူဖြစ်ပါတယ်။ဒီအထိဆိုရင် ဒီစာကိုဖတ်နေတဲ့သူလည်းခေါင်းရှုပ်နေလောက်ပါတယ်။ ဒီဇာတ်ကားကိုဝေဖန်သူတွေကလည်း ကြည့်ရှုသူအတွက်တော်တော်ရှုပ်ထွေးတယ်လို့ဝေဖန်ထားကြပါတယ်။ ဒါပေမယ့်အချိန်ပေးပြီးသေသေချာချာကြည့်နိုင်ရင်တော့တော်တော်စိတ်ဝင်စားစရာကောင်းတာတွေ့ရမှာပါ။ရီဘီကာ နဲ့မာ့ခ်တို့ မိသားစုအဖြစ်အပျက်တွေပြောကြရင်းနာကျင်စရာအမှန်တရားတွေ ပေါ်လာပြီးမိသားစုရဲ့မှောင်မိုက်နက်နဲတဲ့ လျှို့ဝှက်ချက်ကြီးကိုသိရဖို့လမ်းစပေါ်လာပါတော့တယ်။ဒီကားဟာ စပိန်နိုင်ငံကဇာတ်ကားဖြစ်ပြီးမိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့ 18+တွေ၊သတ်ဖြတ်တာတွေ၊အဆုံးစီရင်တာတွေပါပါတယ်။ကြည့်ပြီးရင်စိတ်ထဲတစ်မျိုးကြီးကျန်နေခဲ့တဲ့အခန်းမျိုးတွေလည်းပါပါတယ်။ရှုပ်ရှုပ်ထွေးထွေးစဥ်းစားရင်းကြည့်ပြီးအဖြေရှာရတဲ့ဇာတ်လမ်းနက်နဲတဲ့ဇာတ်ကားတွေကိုမှကြိုက်တယ်ဆိုရင်တော့လက်လွှတ်မခံဖို့ပြောချင်ပါတယ်။ Translated by : Pyi T NyeinEncoded by : YKQuality : 1080p Blu-Ray and 720p Blu-RayFile Size : 2.2GB and 1.4GBDuration : 2h 20minsSubtitle : Myanmar (Hardsub)
movie
The Tree of Blood (2018)
7.2
Offering to the Storm (2020)
Offering to the stormက The Bazatan Trilogy ရဲ့ နောက်ဆုံးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ စုံစမ်းရေးမှူး အမာရာဆယ်လာဇာတစ်ယောက် ကလေးငယ်တွေ ရုတ်တရက်သေခြင်းဆိုပြီး ဖုံးကွယ်ထားတဲ့ ဓလေ့ရိုးရာကလေးသတ်သမားတွေရဲ့ မကောင်းမှုကြီးကို နောက်ဆုံးတစ်ခေါက် စစ်ဆေးဖို့ ပြန်လာတဲ့အခါ............. ဒီရုပ်ရှင်ကားဟာ လျှို့ဝှက်ချက်တွေ၊ စဥ်းစားစရာတွေနဲ့ အတက်အကျပြင်းထန်ပြီး Rosemary's Baby (1968)ရဲ့ ရင်ထိတ်ဖွယ်ရာ ခံစားချက်က်ို ပြန်လည်အမှတ်ရသွားစေပါတယ်။ လူသားတွေရဲ့ အလိုဆန္ဒပြည့်ဖို့နဲ့ပတ်သက်ရင် စိတ်ကူးကြည့်လို့တောင်မရတဲ့ ဆိုးရွားမှုတွေ၊ ငွေအတွက်၊ လိုချင်တာရဖို့ ဘာမဆိုပေးဆပ်ကြတဲ့ ချောက်ချားဖွယ်ရာစိတ်ဓာတ်တွေကို ပေါ်လွင်စေတဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ စုန်းအတတ်တွေ၊ ရှေးဒဏ္ဍာရီတွေနဲ့ အယူသီးတာတွေနဲ့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် စိတ်မခိုင်တဲ့လူတွေအတွက်တော့ သူငယ်ချင်းနဲ့ အတူကြည့်ပါ။ ဇာတ်ကားတစ်ကားလုံးက ၂နာရီကျော်ကြာပေမယ့် နောက်ဆုံးဇာတ်သိမ်း အထိ ဘာဖြစ်မလဲ ဘာဖြစ်မလဲ တဖြေးဖြေးနဲ့ ဇာတ်ကားထဲ စိတ်ရောကိုယ်နစ်သွားပြီး အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ တစ်ခုရှိသေးတယ်။ဇာတ်သိမ်းပိုင်းက တကယ့်အသက်ပါ။ မထင်မှတ််ထားတွေနဲ့ တကယ့်ကို ပါးစပ်အဟောင်းသာ ဖြစ်ရပါတယ်။ အမာရာနဲ့ သူ့ရဲ့လက်အောင်ငယ်သားတွေရဲ့ ဆက်ဆံရေး၊ အခက်အခဲကြုံတဲ့အခါ တစ်ယောက်ကို တစ်ယောက် ဘယ်လိုကူညီလဲ၊ အမာရာအပေါ် ဘယ်လိုယုံကြည်ပေးကြလဲဆိုတာက ကြည့်ရှုပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေကို အမျိုးမျိုးဖြစ်ပေါ်သွားစေပါတယ်။ ဇာတ်လမ်းက rating နည်းတဲ့အထဲပါပေမယ့် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ပုဒ်ပါ။ လူမဆန်စွာ အယူသီးတဲ့ ယဇ်ပူဇော်မှုတွေ၊ လူ့လောဘ၊ အာဃာတတွေအကြောင်း ...
movie
Offering to the Storm (2020)
2020
7.0
Three Steps Above Heaven (2010)
Three Steps Above Heaven (2010)________IMDb - 7.0/10 IMDb rating 7.0 အထိရထားတဲ့ စပိန် အချစ်ဇာတ်ကားလေးတကားဖြစ်ပါတယ် ခပ်မိုက်မိုက် လမ်းသရဲကောင်လေးနဲ့အဖြူထည် ကျောင်းသူလေးတို့ရဲ့ ရိုမတ်ဆန်စွာရိုက်ကူးထားတဲ့အချစ်ဇာတ်လမ်းလေးလို့ပဲဆိုပါတော့ ... ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုင်ကယ်စကေး လမ်းသူရဲ ကောင်လေးလည်း အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့တွေ့တော့ နှလုံးသားရဲ့ခံစားချက်အရာအားလုံးကိုခဝါချရတော့တာပေါ့.... မူချင်ပေမယ့်လည်း ... မူချိန်မရလိုက်တဲ့ မယ်မဒီလေး .... ကောင်လေးရဲ့ ကြွပ်ဆပ်ဆပ် အပြုအမူတွေကြားမှာ အကန်းတစ္ဆေမကြောက်သလိုဖြစ်ခဲ့ရပြီလေ... အမေ့ရဲ့အုပ်ထိန်းမှုအောက်မှာ ကြီးပျင်းလာရတဲ့ သမီးအလိမ္မာလေး ကောင်လေးရဲ့အချစ်တစ်ခုအတွက် အရာအားလုံးကို စုန်ကန်ဖို့အသင့်ဖြစ်နေတာပေါ့... အချစ်ကို ပုံလောင်းချင်တဲ့အမေလည်း သမီးကို မျက်စိဒေါက်ထောက်ကြည့်နေပေမယ့် ယောက္ခထီးကို အပိုင်ချုပ်နိုင်တဲ့ ကောင်လေးရဲ့စကေးတစ်ပေါက်ကြောင့် သမီးလေးကို လိုက်မမှီတော့ဘူးလေ... ကောင်းကင်အထက် သုံးမီတာအထိ မြင့်တဲ့သူတို့ ရဲ့ အချစ်ရထားလေးကို ရိုမန်တစ်ဆန်ဆန်မြှင့်ရင်း ခုတ်မောင်းလာခဲ့တာ နေဝင်ချိန်ကမ်းခြေအလှနှင့်အတူ အိမ်တွင်းပုန်းကျောင်းသူလေးရဲ့ အပျိုစင်ဘဝလေးက...??? မိခင်ရဲ့ ပုံစံခွက်ထဲက ရုန်းထွတ်နိုင်အောင် ကြိုးစားနေတဲ့ သမီးလေးရဲ့ ဘဝ??? မတူညီတဲ့ဘဝနှစ်ယောက်ရှိတဲ့လူနှစ်ယောက် အချစ်ဆိုတဲ့အရာကို တခုတည်းပေါင်းစည်းနိုင်မှာလား ကဲ... အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့လမ်းသူရဲလေးကောင်လေးတို့ ကောင်းကင်အထက်သုံးမီတာမှာ ဘာဆက်ဖြစ်ကြမလဲ ....IMDb rating ...
movie
Three Steps Above Heaven (2010)