Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alphonso McAuley
5.7
The Present (2024)
ဒီကားလေးကတော့ ကလေးရှိတဲ့ မိဘတိုင်း ကြည့်ကိုကြည့်ရမဲ့ မိသားစု ဇာတ်လမ်းလေးပါEric နဲ့ Jennifer တို့ စုံတွဲဟာ နှင်းကျတဲ့ ညတစ်ညမှာ ပထမဆုံးဒိတ်ကျရင်း စံပြအိမိထောင် တစ်ခုကို ထူထောင်နိုင်ခဲ့ကြပါတယ်။ သူတို့မှာ လိမ္မာတဲ့ သမီးကြီး၊ ရော်ကာ သားလတ်ကလေးနဲ့ စကားမပြော အပြင်မထွက် အသားချင်းမထိချင်တဲ့ သားငယ်လေး Taylor ဆိုပြီး သားသမီး ၃ယောက် ရှိကြပါတယ်။ တစ်နေ့မှာတော့ ကလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်မဖြစ်ဘူးလို့ ကိုယ့်ကိုကိုယ် ယူဆထားတဲ့ Eric နဲ့ ကလေး ၃ယောက်မွေးထားလည်း လှနေသေးတဲ့ Jen တို့ဟာ single life ကို ပြန်သွားဖို့ရာ ကွာရှင်းကြမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။မိဘ ၂ပါး ကွာရှင်းမှာကို တားနိုင်ဖို့ မိသားစုလေး မပြိုကွဲရဖို့အရေး အောင်နှမ ၃ယောက်ဟာ အချိန် ခရီးသွားတာကို ၈၆ ကြိမ်တောင် ပြုလုပ်ခဲ့ကြပါသတဲ့။ ...
movie
The Present (2024)
6.3
Pride (2007)
ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ၁၉၇၄ ခုနှစ်နောက်ခံ အားကစားဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဖယ်လာဒဲဖီးယားပြည်နယ်က ရေကူးနည်းပြ ဂျင်မ်အဲလစ်စ်ရဲ့ ဘဝဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ၁၉၇၄ ခုနှစ်မှာ ကောလိပ်ဘွဲ့ရ ဂျင်မ်အဲလစ်အတွက် အလုပ်ရှာရခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဌာနကနေ ဖယ်လာဒဲဖီးယားက ရပ်ကွက်ငယ်လေးတစ်ခုက အပန်းဖြေစင်တာတစ်ခုကို ပိတ်သိမ်းပေးဖို့ ကမ်းလှမ်းတလာတဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ အဆိုပါစင်တာမှာ အလုံးစုံပျက်ဆီးနေတဲ့ ရေကူးကန်တစ်ခုကို ဂျင်မ်အနေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့အထိ ပြင်ဆင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက လူမည်းဆယ်ကျော်သက် ယောကျ်ားလေးတွေကို ရေကူးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာတော့ ရေကူးအသင်းတစ်ခု တည်ထောင်ဖို့အထိ စည်းရုံးနိုင်ခဲ့ပြီး တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေထိပါ ခြေဆန့်နိုင်ဖို့ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ယောကျ်ားလေးတွေပဲ ရှိတဲ့ ရေကူးအသင်းထဲကို ဝီလီဆိုတဲ့ ပါရမီရှင်ရေကူးသမား အမျိုးသမီးငယ်လေး ပါ ပူးပေါင်းလာချိန်မှာတော့ တခြားလူဖြူရေကူးအသင်းတွေတန်းတူ အစွမ်းပြလာနိုင်ခဲ့ပါတယ်။ လူမည်း ရေကူးသမားတွေကို နေရာတိုင်းမှာ နှိမ့်ချဆက်ဆံလူမျိုးရေးခွဲခြားခံနေရတဲ့ အချိန်ကာလကြီးမှာ ဂျင်မ်အဲလစ်စ်က သူ့ရဲ့ရေကူးသမားဘဝက မပြီးဆုံးနိုင်ခဲ့တဲ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပါတယ်။ ရေကူးအသင်းသားတွေရဲ့ ရေကူးကန်အတွင်းနဲ့ အပြင်ဘဝကိုပါ ထိန်းကျောင်းပေးရင်းနဲ့ပဲ ဂျင်မ်အဲလစ်စ်ရဲ့ ရေကူးအသင်းလေးဟာ ဘယ်လ်တီမိုးတက္ကသိုလ် အမျိုးသားရေကူးပြိုင်ပွဲဗိုလ်လုပွဲအထိပါ တက်ရောက်လာနိုင် ခဲ့ပါတယ်။ ...
movie
Pride (2007)
The Hyperions (2022)
"ဟိုက်ပါရီရန်များ"2022 မှာထွက်ရှိထားတဲ့ စူပါဟီးရိုး parody ဟာသကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ၁၉၇၉ မှာ တည်ထားပြီး ကျွန်တော်တို့မြင်နေကျ အခုခေတ်ကားတွေလို ရိုက်ထားတာ မဟုတ်ဘဲ ကျွန်တော်တို့ ငယ်ငယ်က အခွေနဲ့ကြည့်လို့ကောင်းခဲ့တဲ့ B-movie တွေလိုမျိုး ဇာတ်ကားပါဇာတ်လမ်းအကျဥ်းကတော့ ၁၉၆၀ မှာ ပရော်ဖက်ဆာ ရက်ကတ်စ်ဆိုသူက စူပါ ပါဝါတွေ အသုံးပြုလို့ရတဲ့ Titan တံဆိပ်ကို တီထွင်ခဲ့ပြီး ဟိုက်ပါရီရန်(The Hyperions) ပရောဂျက်ကို တည်ထောင်ခဲ့ပါတယ်ပထမဆုံး Hyperions တွေဖြစ်ကြတဲ့ ဗစ်စတာနဲ့ အန်ဆယ်တို့နှစ်ယောက်က တစ်နေ့မှာ ရာထူးက ရပ်ဆိုင်းခံလိုက်ရပြီး Titan Badge တွေ ရုတ်သိမ်းခံလိုက်ရပါတယ် ...Hyperion မျိုးဆက်သစ်တွေနဲ့ ရှေ့ဆက်လာခဲ့ရာကနေ တစ်နေ့တော့ ဗစ်စတာနဲ့ အန်ဆယ်တို့ မောင်နှမက Hyperion ပြတိုက်ကို ဝင်စီးပြီး ဓားစာခံတွေ ဖမ်းထားပါတယ်ပရော်ဖက်ဆာ ရက်ကတ်စ်ကို ခြိမ်းခြောက်ပြီး ဓားစာခံတွေကို ...
movie
The Hyperions (2022)
7.0
Nim’s Island(2008)
Nim's Island(2008)******************Gerard Butler ကြီးရဲ့ နောက်ထပ် စွန့်စားခန်း ကားတစ်ကားဖြစ်ပါတယ်...လူသူမသိပေမယ့် အရမ်းလှပတဲ့သီးသန့်ကျွန်းလေးမှာ နှစ်ယောက်တည်းနေကြတဲ့ နင်းမ်နဲ့သူ့အဖေဂျက်ခ်။နှစ်ယောက်လုံး စွန့်စားရတာဝါသနာပါကြပြီး ဂျက်ခ်ကတော့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ နင်းမ်ကိုတစ်ယောက်တည်းထားခဲ့ပြီး ဂျက်ခ်တစ်ယောက်ပင်လယ်ထဲရှာဖွေရေးခရီးထွက်သွားတာကနေ မုန်တိုင်းမိပြီး လမ်းပျောက်သွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း နင်းမ်တို့သီးသန့်ကျွန်းကို အပျော်စီးသဘေႅာပေါ်ကရှာတွေ့ပြီကျွန်းကိုစီးပွားဖြစ်လုပ်မလို့ကြံစည်ပါတော့တယ်။ ထိုအချိန် တစ်ယောက်တည်းကျန်ခဲ့တဲ့နင်းမ်ကလည်း စာရေးဆရာမအလက်စ်ဇန်းဒြားနဲ့အဆက်အသွယ်သွားရပါတယ်။ နာမည်ကြီးစွန့်စားသမားဇာတ်ကောင် "အဲလက်စ်ရိုဗာ"စာအုပ်ရေးခဲ့တဲ့သူဖြစ်ပေမယ့်အပြင်မှာကျ အိမ်အပြင်တောင်မထွက်ရဲတဲ့သူဖြစ်နေပါတယ်။ ဒါပေမဲ့ နင်းမ်အကူအညီတောင်းလာတဲ့အခါမှာတော့...သူတို့သီးသန့်ကျွန်းလေးပေါ် ကျူးကျော်လာတဲ့သူတွေကို နင်းမ်တစ်ယောက်အောင်အောင်မြင်မြင်မောင်းထုတ်နိုင်ပါ့မလား..နင်းမ်အဖေကရော ပြန်လာနိုင်ပါ့မလား..အလက်စ်ဇန်းဒြားကရော ရောက်လာနိုင်ပါ့မလားဆိုတာကတော့.. File Size :(2.3GB)(1.2GB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:36:00 Genre :Adventure, Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie
Nim’s Island(2008)