Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alper Baytekin
Brother Team / Kardes Takimi 2024
မတည့်အတူနေ မောင်နှမ ၄ ယောက် အထူးအေးဂျင့် မိဘနှစ်ပါးကို ကယ်တင်ရသောအခါ….ဒီဇာတ်ကားလေးကတော့ ဒီနှစ်ထဲမှာမှ ထွက်ရှိထားပြီး ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် ကြည့်ရှုရမယ့် တူရကီမိသားစု စွန့်စားခန်း ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီနစ် ဒါရာ အလီ ရာ့စ် ဆိုတဲ့မောင်နှမလေးယောက်ဟာ မိဘနှစ်ပါးနဲ့အတူ ပြည့်ပြည့်စုံစုံနေထိုင်ရပြီးတော့ ပျော်ရွှင်သုခနဲ့ ပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ တစ်ယောက်တစ်မျိုးစီ ထူးချွန်ကြပြီးတော့ မိဘတွေကလည်း အလိုလိုက်ထားတော့ ကျောင်းမှာ တစ်ယောက်တစ်မျိုးပတ်မွေနေကြတာမျိုးတော့ ရှိပါတယ်။တစ်နေ့မှာတော့ သူတို့မိဘတွေဟာ အလုပ်ခရီးဆိုပြီး ထွက်သွားရာက ပြန်မလာတော့ပဲ သူတို့မိဘတွေအစား လူဆိုးတွေက လာဖမ်းတဲ့အခါ အိမ်ထဲမှာ TM-OZ 4000 ဆိုတဲ့ ဉာဏ်ရည်တုစနစ်က လျှို့ဝှက်ခန်းကို ဖွင့်ပေးရာကနေ သူတို့မိဘတွေက သူတို့ထင်ထားသလိုမဟုတ်ပဲ အထူးအေးဂျင့်တွေဖြစ်ပြီး လူဆိုးတွေဖမ်းဆီးတာ ခံထားရကြောင်း သိလိုက်ရတဲ့အခါမှာတော့ မတည့်အတူနေ မောင်နှမလေးယောက်သား သူတို့မိဘတွေကို ကယ်တင်မဲ့စွန့်စားခန်းလေးထွက်ကြပါတော့တယ်။ ဒီတော့ သူတို့မိဘတွေကို ဘယ်လိုအလွဲပေါင်းများစွာနဲ့ ...
movie
Brother Team / Kardes Takimi 2024
5.4
Lohusa (2024)
Postpartum Depression ဆိုတာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ကလေးမွေးဖွားပြီးခါစ မေမေတွေမှာဖြစ်တတ်တဲ့ စိတ်ကျရောဂါလက္ခဏာတွေဖြစ်ပြီးတော့ မေမေတွေအတွက်ခက်ခက်ခဲခဲကျော်ဖြတ်ရတဲ့ stage ပဲဖြစ်ပါတယ်။အခုမိတ်ဆက်ပေးချင်တာကတော့ postpartum အကြောင်းကိုအခြေခံပြီး၊ ကလေးမွေးထားခါစမေမေနှင့် ဖေဖေတို့ ကြုံတွေ့ရတဲ့ပထမ ဆုံးရက် ၄၀အကြောင်းကိုရိုက်ကူးထားတဲ့ Lohusa ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Netflix ကနေထွက်ရှိထားပြီး Rating 5.4 ရရှိထားတဲ့ (comedy/romance) ဇာတ်ကားလေးဖြစ်ပြီး အမျိုးသမီးတွေကြားထဲက အချင်းချင်းကူညီဖေးမမှုအရေးကြီးပုံနဲ့ ကလေးကိုပြုစုရာမှာဖေဖေရဲ့အရေးကြီးပုံကိုလည်း ပြထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နေစဥ်နှင့် မွေးပြီးခါစ မှာ postpartum Depression ဖြစ်တာကပုံမှန်ဆိုတာကို မသိတဲ့ဇာတ်ဆောင်ဟာ အရမ်းသန်မာတဲ့မေမေလုပ်ချင်ပြီး တစ်ယောက်တည်းဘယ်သူ့အကူညီမှမယူဘဲ လူမှုရေးတွေရော၊ ကလေးကိစ္စတွေရော လုပ်တာကနေပြဿနာတွေစဖြစ်ပါတော့တယ်။ဘယ်လိုပြဿနာတွေလဲ သူဘယ်လိုကျော်လွှားမလဲ စတာတွေကိုတစ်ကားလုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးမို့တင်ဆက်လိုက်ရပါတယ်။ ကိုကိုတွေမောင်မောင်တွေနဲ့အတူတူကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားလေးဆိုလည်းမမှားပါဘူး။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:58:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint
movie
Lohusa (2024)
In Good Hands 2 (2024)
ဒီကားဟာ In good hands 1 ရဲ့ အဆက်ဖြစ်ပြီး 1 မှာတော့မယ်လစ်ဆာဆုံးသွားပြီး ဖာရတ်တို့သားအဖနှစ်ယောက်တည်းကျန်ခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ဒီ 2 မှာတော့ ဖာရတ်တို့သားအဖနှစ်ယောက်ဟာ မိသားစုတစ်ခုမှာ အရေးပါတဲ့လူတစ်ယောက် မရှိတော့လို့တက်နိုင်သလောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်နေကြပေမဲ့ 1နှစ်ကြာသွားတဲ့အထိ အဆင်မပြေရှာပါဘူး။ဖာရတ်ကလည်း အရက်တွေအမြဲမပြတ်သောက်သလိုသားလေးဂျန်ကလည်း ကျောင်းမှာအပယ်ခံလေးဖြစ်နေဆဲပါ။ဒါအပြင် သားအဖနှစ်ယောက်ကလည်း အဖေရယ်သားရယ်လို့မခေါ်ကြပြန်တာကြည့်ခြင်းဖြင့်လုံလောက်တဲ့နားလည်မှုမရှိသေးဟန်တူပါတယ်။သားဖြစ်သူကလည်း အဖေကို အရက်ဖြတ်စေချင်အဖေဖြစ်သူကလည်း သားကို ကျောင်းအမြဲပို့ချင်နဲ့နှစ်ယောက်သား ဘယ်လိုမှတိုင်ပင်ညှိမရနဲ့ လစ်လပ်သွားတဲ့မယ်လစ်ဆာနေရာကို အစားထိုးဖို့ လူတစ်ယောက်လိုကိုလိုလာပါပြီ။ ရှေ့ဆက်ပြီး သူတို့သားအဖတွေဘာတွေဆက်ဖြစ်ကြမလဲ ဘယ်သူတွေနဲ့ဆုံကြမလဲဆိုတာဆက်ကြည့်လိုက်ပါဦးနော်။ File size…1.45GB / 697MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie
In Good Hands 2 (2024)