Channel Myanmar

Allen Payne

Outlaw Posse (2024) 5.0
Outlaw Posse (2024)  လူဖြူလူမည်းခွဲခြားတဲ့ပြဿနာတွေက ဟိုးဘိုးဘေးဘီဘင်လက်ထက်ကတည်းက အခုထက်ထိ မပြီးနိုင်သေးပါဘူး။မြန်မာနိုင်ငံမှာတော့ သိပ်မသိသာပေမဲ့ အမေရိကန်နိုင်ငံမှာတော့လူဖြူလူမည်းပြဿနာတွေက အခုထက်ထိပြင်းထန်နေဆဲ ဖြစ်ပါတယ်။ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုရင်တော့ ဟိုးအရင်ခေတ်တုန်းကလူဖြူတွေက လူမည်းတွေကို ကျွန်ပြုခဲ့ရာကနေစပါတယ်။အခုတင်ဆက်ပေးမဲ့ Outlaw Posse ဆိုတဲ့ဇာတ်ကားမှာလည်းလူမျိုးရေးခွဲခြားမှု အရမ်းပြင်းထန်နေတဲ့အချိန် ဖြစ်ခဲ့တဲ့ ၁၉၀၈ ခုနှစ်ကောင်းဘွိုင်ခေတ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ လူမည်းသူရဲကောင်းတစ်ယောက်အကြောင်းကိုတင်ဆက်ပြသထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ လူမျိုးရေးခွဲခြားတဲ့လူတွေက အရက်ဆိုင်တစ်ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ပိုင်ရှင်အင်ဒီးယန်းလူနီကိုစော်ကားပုတ်ခတ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာဘေးဝိုင်းက လူမည်းတစ်ယောက်ထလာပြီး ကြားဝင်လိုက်တဲ့အခါမှာတော့ အကုန်တိတ်ဆိတ်သွားပါတော့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူမည်းကဂန္တဝင်၀ရမ်းပြေးတစ်ယောက်ဖြစ်နေလို့ပါပဲ။လူမြင်ကွင်းကနေပုန်းကွယ်နေတာကြာပြီး အခုမှပြန်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ အင်ဒီးယန်းတွေရဲ့တောင်တွေထဲမှာ လူဖြူတွေဖွက်ထားခဲ့တဲ့ရွှေတွေကိုရှာဖို့အတွက်ပါပဲ။ဒါပေမယ့် အဲ့ဒီရွှေတွေကိုလိုချင်နေတာ သူတစ်ယောက်တည်းမဟုတ်ပါဘူး။အိန်ဂျယ်လို့ခေါ်တဲ့ လူဖြူတပ်ကြပ်ကြီးကလည်းအရင်ကတည်းက သူနဲ့ပြိုင်ဖက်တွေဖြစ်ခဲ့ပြီး သူ့ပြိုင်ဖက်ကရွှေတွေကိုရှာနေတဲ့သတင်းကြားတော့ အပြိုင်အဆိုင်ရှာဖို့ကြိုးစားကြတဲ့ပြိုင်ဆိုင်မှုကြီးတွေအပြင် လူကောင်းတွေကလူဆိုးတွေဖြစ်ပြီးလူဆိုးတွေက တကယ်တမ်းလူကောင်းတွေဖြစ်နေတဲ့အချိန်မှာဘယ်လိုအပြောင်းအလဲတွေကိုကြုံတွေ့ရမလဲဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.12GB / 1.14GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Outlaw Posse (2024)

The Perfect Storm (2000) 6.5
The Perfect Storm (2000) 2012တို့ The Finest Hoursတို့လို disaster moviesကြိုက်တတ်သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ The Perfect Storm ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… Best Special Visual Effectsဆုရထားတာမလို့ ကားဟောင်းကြီးဆိုပြီး CGI ဂွမ်းမှာလည်း မပူရပါဘူးသရုပ်ဆောင်တွေကတော့ Oceanမင်းသားကြီး George Clooneyနဲ့ The Italian Jobမင်းသား Mark Wahlbergတို့ဖြစ်ပြီး directorကတော့ Air Force One, Poseidenတို့ကိုရိုက်ကူးခဲ့သူ Wolfgang Petersonပဲ ဖြစ်ပါတယ်…ဇာတ်လမ်းအကျဥ်း ကပ္ပတိန်ဘီလီတိုင်နဲ့ တံငါသည်၅ယောက်တို့ဟာ အန်ဒရီရာဂေးလ်ဆိုတဲ့ ငါးဖမ်းလှေနဲ့ ပင်လယ်ထဲကိုငါးဖမ်းထွက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ နှစ်၁၀၀မှာ ၁ခါဖြစ်ခဲလှတဲ့ မုန်တိုင်းကြီးတစ်ခုနဲ့ ပက်ပင်းတိုးပါတော့တယ်.. ရိုးရိုးမုန်တိုင်းမဟုတ်ဘဲ The Perfect Storm လို့ခေါ်ရလောက်အောင် ဘာတွေကများထူးခြားနေလို့လဲ… ဒီမုန်တိုင်းကြီးထဲကနေ သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးFile size…(2.83GBGB)  / (`1.54GB)  Quality…. Web 1080P / ...
movie

The Perfect Storm (2000)