Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Allen Maldonado
6.4
Cake (2014)
IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာတဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်တောင် ညံ့တဲ့အထဲတော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး ...
movie
Cake (2014)
7.2
Live Free or Die Hard (2007) Die hard 4
ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie
Live Free or Die Hard (2007) Die hard 4
2007
4K HEVC
7.2
The Equalizer (2014)
The Equalizer (2014)IMDb Rating (7.2) / Rotten Tomatoes (61%)မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ...ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့The Equalizer ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ...ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။The Equalizer 2014 ဇာတ်ကားမှာတော့ ပြည့်တန်ဆာမလေးအဖြစ် မင်းသမီး Chloë Grace Moretz လဲ ပါဝင်ထားပါတယ်။The Equalizer ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.to/?s=the+equalizer ကြည့်ပါ။ File size…(5.1 ...
movie
The Equalizer (2014)
2014
4K HEVC
7.2
Dope (2015)
မယ်လ်ကွန်း အက်ဒဲကန်ဘီဆိုတာက လူမည်းဂိတယောက်။ကယ်လီဖိုးနီးယားပြည်နယ်က အင်ဂယ်ဝုဒ်ဆိုတဲ့မြို့လေးမှာနေတယ်။ သူ့ရဲ့ရပ်ကွက်ကတော့The Bottoms လို့သိကြတဲ့လမ်းသရဲလူမည်းဂိုဏ်းတွေ ဒုစရိုက်မှုတွေနဲ့ပြည့်နေတဲ့နေရာလေး။သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေက ဂျစ်ဘ်နဲ့ ဒစ်ဂီ။ သူတို့သုံးယောက်စလုံးက ဂိတွေလည်းဖြစ်သလို ၉၀ခုနှစ်တွေရဲ့ ဟစ်ဟော့ ရွှေခေတ်ကိုလွမ်းဆွတ်တမ်းတနေတဲ့ ဟစ်ဟော့ခေတ်အလွန် လူငယ်လေးတွေ။ တနေ့မှာ ဒွန်းဆိုတဲ့ ရပ်ကွက်ထဲကမူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းသားတယောက်ရဲ့ပါတီကို ကောင်မလေးတယောက် မျက်နှာလုပ်ဖို့သွားရင်း မူးယစ်ဆေးအထုပ်လိုက်ကြီးနဲ့သေနတ်တလက်က မယ်လ်ကွန်းရဲ့လွယ်အိတ်ထဲ ပါလာခဲ့ပါတော့တယ်။ဒီအထုပ်လိုက်ကြီးနဲ့ ဂိုဏ်းတွေကြားထဲကပြေးရင်းလွှားရင်း မယ်လ်ကွန်းတို့တသိုက် ဘာတွေဆက်ဖြစ်သွားမလဲ။ မယ်လ်ကွန်းရဲ့ ဟားဗတ်ကိုတက်ဖို့အစီအစဉ်က ဒီမူးယစ်ဆေးထုပ်ကြီးရောင်းထွက်ဖို့အပေါ်မူတည်လာခဲ့တဲ့အချိန်မှာ သူတို့သူငယ်ချင်းတသိုက် ဘာတွေဆက်လုပ်ကြမလဲ။အဆုံးမှာတော့ မယ်လ်ကွန်းတို့ကလေးတသိုက်ရဲ့စွန့်စားခန်းလေးဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို Dope ဆိုတဲ့ လူငယ်ဟာသဒရာမာဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦး။ဒီကားမှာကတော့ ရင့်သီးတဲ့စကားလုံးတွေ လိင်အသားပေးခန်းတချို့ပါ၀င်တဲ့အတွက်မိသားစုနဲ့ကြည့်ဖို့မသင့်လျော်ပါဘူး။ ဟစ်ဟော့လောကရဲ့အငွေ့အသက်တွေ သီချင်းတွေ ဝေဝေဆာဆာနဲ့ဖြစ်တဲ့အတွက်ကြောင့်ဟစ်ဟော့ ပရိသတ်ကြီးအတွက် ကားကောင်းလေးတကားဖြစ်မှာပါပဲခင်ဗျ။ File size…1.82 GB / 743 MB Quality…Blu Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 43m Genre ..... Adventure , ...
movie
Dope (2015)
5.1
Where’s the Money (2017)
Where's the Money (2017) ===================ဒဲလ်ဆိုတဲ့ကောင်လေးတစ်ယောက်က တစ်နေ့တစ်နေ့ ရပ်ကွက်ထဲမှာ သူ့ဘော်ဒါဂျု့စ်နဲ့ သောက်ပေါလုပ်လိုက် သူငယ်ချင်းမလေးကို ကြောင်လိုက်နဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား နေတဲ့ လူငယ်လေးပေါ့။ဒါပေမယ့်တစ်နေ့မှာ သူတို့ရဲ့ အား ကစားရုံကို ဘဏ်ကသိမ်း တော့မယ်ဆိုတာသိတော့ စိတ်ညစ်နေတုန်း ဘဏ်ကိုဓားပြ တိုက်မှုနဲ့ အဖမ်းခံထားရတဲ့သူ့အဖေက သူဖွက်ထားတဲ့ ပိုက် ဆံတွေရှိတဲ့နေရာကိုပြောပြလိုက်ပါတယ်။ ဒီငွေတွေရှာပုံတော် ဖွင့်ရင်း သူ့အဖေလိုပဲ ဂျေးထပ်အောင်းသွားမလား၊ ပိုက်ဆံ တွေရပြီးအားလုံးအဆင်ပြေသွားမလား၊ ပိုက်ဆံတွေက တကယ် ရောရှိရဲ့လား ဆိုတာကို တကားလုံးပါးစပ်မပိတ်ရပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်ရယ်ရတဲ့ကားလေးပါ မင်းသမီးလေးကလဲ အရမ်းလှပါတယ်။ ကဲအားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Momo ဖြစ်ပါတယ်)File Size..........(1.49 GB) / (562 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Momo Encoder..........SWM
movie
Where’s the Money (2017)
2017
4.4
House Party (2023)
House Party ရုပ်ရှင်ကားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ယခင် ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်ကပြသခဲ့တဲ့ House Party 1 နဲ့ 2 ကိုreboot ပြန်လည်ရိုက်ကူးထားတဲ့ Comedy Drama ဟာသဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ကယ်ဗင်နဲ့ ဒါ့မွန်ဆိုတာက အယ်လ်အေမြို့မှာနေတဲ့ သန့်ရှင်းရေးအလုပ်သမားတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ကအိမ်ပါတီပွဲစီစဥ်တဲ့သူတွေ ဖြစ်နေပြန်ပါတယ်။ တစ်နေ့မှာ သူတို့အလုပ်လုပ်နေရင်း အလုပ်လည်းပြုတ် ပိုက်ဆံစိုက်ထားတဲ့ ပါတီပွဲကနေလည်း အနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ပိုက်ဆံလိုနေတဲ့တစ်ချိန်တည်းမှာပဲ ကံဆိုးမိုးမှောင်ကျတာမလို့ ကြံမိကြံရာလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာတော့ သူတို့သန့်ရှင်းရေးလုပ်နေဆဲ အိမ်ကြီးဟာ ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်ရဲ့အိမ်ကြီးဖြစ်နေပြီးတော့ အိမ်ရှင်ကလည်း ခရီးထွက်သွားပါတယ်။ ဆိုတော့ကာ လူမရှိတဲ့အိမ်မှာ သူတို့ပါတီပွဲပေးပြီး ငွေရှာဖို့လုပ်ပါတော့တယ်။ သူတို့ ပိုက်ဆံကို ဖြောင့်ဖြောင့်တန်းတန်းရှာနိုင်လေမလား ဘာပြဿနာတွေတက်ကြမလဲ ဘယ်လိုတွေရော ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်ကားတစ်ကားလုံးမှာ အဆဲစကားလုံးတွေကို ဖောဖောသီသီသုံးထားတဲ့အပြင် မူးယစ်ဆေးသုံးတဲ့ပြကွက်တွေ ...
movie
House Party (2023)
6.4
The Ugly Truth (2009)
The Ugly Truth ( 2009 ) ================== IMDb Rating - 6.4/10တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ညစာစားပွဲမှာ ဗိုင်ဘရေတာအတွင်းခံဝတ်ထားပြီး တိုင်ပတ်နေတဲ့ စကီရဲ့ ဗီဒီယိုအတိုလေးကို တော်တော်များများကြည့်ဖူးကြမှာပါ။ အဲဒီရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ ရုပ်လေးလှပေမဲ့ အကွက်မတတ်လို့ ဘဲမရ ဖြစ်နေတဲ့ ပရိုဂျူဆာမမကို ရှိုးမှာ ယောက်ျား မိန်းမ ဆက်ဆံရေးတွေ အကြောင်း ညစ်တီးညစ်ပတ်တွေသိပ်ပြောတတ်တဲ့ မိန်းမကျမ်းကြေ ယောက်ျားကျမ်းကြေတဲ့ ငရှုပ်က ဘဲစားခံရဖို့ ဆောင်ရန်ရှောင်ရန်များ သင်ပေးတဲ့အကြောင်းပါပဲ။Romance/Comedy တွေ သိပ်မရိုက်ပေမဲ့ ရိုက်လိုက်ရင်လည်း တစ်ကားဆို တစ်ကားဆိုသလို တော်တော်ထိတတ်တဲ့ လူမိုက်ရုပ်နဲ့ ထထပြောင်တတ်တဲ့ Gerard Butlerရဲ့ Romance/Comedyကား ကောင်းပေါ့။ နောက် အလှလေး Katherine Heiglကလည်း ပါထား ပါသေးတယ်။ ရယ်ရင်းမောရင်း မိန်းမတွေအကြောင်း ယောက်ျားတွေ အကြောင်း အထာတွေ အကွက်တွေ သင်ယူချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်)File Size..........(1.8 GB) / (721 MB) / (410 MB) Quality............BluRay 1080p ...
movie
The Ugly Truth (2009)
2009
7.8
Straight Outta Compton(2015)
Straight Outta Compton Imdb- 7.2 Rotten Tomatoes-85%၁၉၈၆ ဝန်းကျင်ကာလကပေါ့ လူဖြူ လူမဲခွဲခြားမှုအသောမတတ်နိုင်သေးတဲ့ကာလ လူမဲတွေဟာ typical black people ထုံးစံအတိုင်း ဆေးရောင်းတာ ဂိုဏ်းဂဏ ဖွဲ့တာတွေ အလုပ်မပြတ်သလို လူဖြူတွေဖက်ကလဲ အထူးသဖြင့် အာဏာပိုင်တွေဖက်က လမ်းမှာလူမဲတွေအုပ်လိုက် လမ်းလျှောက်သွားတာတွေ့ရင်တောင် ဆွဲစိပီးပညာပေးတဲ့ ကာလပေါ့ဆူပွက်နေတဲ့ရေနွေးအိုးခရားကြီးလိုပဲ လူဖြူတွေနဲ့ လူမဲတွေကြား တကြပ်ကြပ် ထိုစဥ်ကာလက Rap ဂီတဆိုတာ တွင်တွင်ကြယ်ကြယ်တောင် မဖြစ်သေးပါဘူး စကားကုန်ပြောရရင် လူမဲတွေနဲ့ပတ်သတ်တဲ့ယဥ်ကျေးမှု ထုံးတမ်းစဥ်လာ culture တွေဟာ လူဖြူတွေကြားမှာ လက်ခံနိုင်စရာတရပ်အဖြစ် မဖြစ်နိုင်သေးတဲ့အချိန်တွေ ပေါ့အဲ့ထဲမှာ လူမဲတွေရဲ့ Rap ဂီတကလဲ တခုအပါဝင်ဖြစ်ခဲ့တယ် အဲ့လို အကြပ်တည်းကပ်ဆိုက်နေတဲ့ ကာလမှာ Gangsta Rap တွေကို လူသိများအောင် လုပ်ပေးနိုင်ခဲ့တဲ့ role model ၃ယောက်ထွက်ခဲ့ပါတယ်Rap သီချင်းတေကြိုက်တတ်တဲ့သူတိုင်း မသိသူမရှိ Rap God ကြီး Eminem ရဲ့ဆရာ Dr.Dre Gangsta Rap နဲ့အရမ်းအောင်မြင်လာခဲ့တဲ့ Eazy-E Friday တို့ 21 Jump ...
movie
Straight Outta Compton(2015)
2015
American Carnage(2022)
ဒီနှစ်ထဲ နောက်ဆုံးထွက် thriller ကားကောင်းလေးတစ်ကားနဲ့ CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ် မက္ကစီကိုနိုင်ငံသားတွေဟာ နယ်စပ်ချင်းထိကပ်နေတဲ့အမေရိကန်နိုင်ငံထဲကို နှစ်စဉ်လူပေါင်းများစွာ ခိုးဝင်အခြေချနေထိုင်လေ့ရှိကြပါတယ်။ ဒီခိုးဝင်မက္ကစီကန်တွေဟာ ဒီမိုကရေစီနိုင်ငံကြီးအမေရိကန်ထဲမှာ လွယ်လွယ်ကူကူနေထိုင်ခွင့်တော့ မရပါဘူး။ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်ချုပ်ချယ်မှု အနိုင်ကျင့်မှုတွေ ကြုံတွေ့ရပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ခိုးဝင်အခြေချနေထိုင်တဲ့ မက္ကစီကန်မိဘက မွေးဖွားလာတဲ့ ကလေးတွေဟာ အမေရိကန်နိုင်ငံသားဖြစ်သွားပြီ ဆိုပေမဲ့ လူမျိုးရေးခွဲခြားဆက်ဆံခံနေရတုန်းပါပဲ။ ဒီလိုခွဲခြားဆက်ဆံခံရမှုကို အံတုပြီး ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနေတဲ့ ဂျေပီနဲ့ လီလီတို့မောင်နှမနှစ်ယောက်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်ဖမ်းဆီးမိန့်တစ်ခုထုတ်ပြန်ပြီး ခိုးဝင်နေထိုင်သူအားလုံးကို ဖမ်းဆီးခိုင်းလိုက်တဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲခဲ့ပါတော့တယ်။Racism ရဲ့အဆုံးစွန်ရူးသွပ်မှုကို ဖော်ပြထားတဲ့ဒီဇာတ်လမ်းဟာ အစပိုင်းမှာတော့ ဒရာမာလို့ထင်ရပေမဲ့ သည်းထိတ်ရင်ဖို thriller အဖြစ်ကို ဖြည်းဖြည်းချင်းပြောင်းလဲသွားတာမို့ ကြည့်ရှုခံစားကြည့်ကြပါဦး။ File size… 1.3Gb /(836MB)/(406MB) Quality…. 1080p /720p / 480p Format…mp4 Duration….01:38:00 Genre...Comedy/ Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
American Carnage(2022)
8.3
Psych 3: This Is Gus (2021)
သောက်တလွဲသူငယ်ချင်းနှစ်ယောက် Gus နဲ့ Shawn Spencer တို့ရဲ့ Psych ကတော့ အသစ်ထွက်လာပါပြီ။ Psych series ကနေ Psych 1 နဲ့ Psych 2 ထွက်ခဲ့ပြီးတော့ အခု Psych 3 ထွက်လာပါပြီ။ ( Psych2ကို Channel Myanmarမှာတင်ပေးဖူးပါတယ်)အခုဒီအပိုင်းမှာ Gus ကို အဓိကဇာတ်ကောင်အနေနဲ့ထားထားပါတယ်။ Gus က မကြာခင်ကလေးမွေးတော့မယ့်သူ့ချစ်သူနဲ့မင်္ဂလာဆောင်ဖို့ စီစဉ်နေချိန်မှာ Shawn Spencerရဲ့ သံသယတစ်ခုကနေအခြေတည်ပြီး Gusချစ်သူရဲ့ နောက်ကြောင်းတွေပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့နှစ်ယောက်သားလိုက်စုံစမ်းရင်းကနေတလွဲတွေဖြစ်လာတဲ့အခါမှာတော့...Psych ဇာတ်ကားပီပီ Crime,Comedy, Mystery အပြည့်နဲ့ ကြည့်ရရှုရမပျင်းရတဲ့ ကားကောင်းလေးတစ်ကားပါလို့ ညွှန်းပါရစေ။( အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.7GB) / (900 MB) Quality__1080p, 720p IMDb Rating__8.3/10 Format__mp4 Duration__01:40:00 Type__Comedy, Crime, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Chit ...
movie
Psych 3: This Is Gus (2021)
6.1
Project Power (2020)
Project Power (2020)================IMDb Rating - 6.1/10#UnicodeAugust 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, Crime, Sci-Fi ကားကောင်းလေးကိုတင်ပေးချင်ပါတယ်။ ဇာတ်လမ်း အကျဥ်းလေးကိုပြောပြရရင်တော့ . . .နယူးအော်လင်းမြို့ရဲ့ လမ်းတွေပေါ်မှာ ဆေး အသစ်အဆန်းတစ်မျိုးရဲ့ သတင်းက ပျံ့နှံနေပါတယ်။ထိုဆေးက မူးယစ်စေတဲ့ ဆေးမဟုတ်ဘဲ သောက်လိုက်တဲ့လူကို ၅ မိနစ်ခန့် စူပါစွမ်းအားပေးတဲ့ဆေးပါ။ကိုယ်က ဘာအစွမ်းရမယ်ဆိုတာကိုတော့ သောက်ပြီးမှပဲ သိရမှာပါ။ တစ်ချို့က ကိုယ်ပျောက်နိုင်တယ်။တစ်ချို့က သေနတ်ပြီး တယ်။ အဲဒီလိုကွဲပြားတဲ့ အစွမ်းတွေပေးတဲ့ဆေးကို အသုံးချပြီး လူတွေက ပစ်မှုတွေကျူးလွန်လာတဲ့အခါမှာတော့ ရဲတွေအနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ။ ဒီဆေးတောင့်တွေ ဘယ်ကရောက်လာတာလဲ။ ဒီဆေးကိုဖန်တီးရတဲ့ ရည်ရွယ်ချက်ကဘာလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Htet Wai Lwin ပဲဖြစ်ပါတယ်။)#ZawgyiAugust 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, ...
movie
Project Power (2020)
2020
5.1
SuperFly (2018)
SuperFly (2018)_______IMDb - 5.1/10 အတ္တလန်တာမြို့မှာမူးယစ်ဆေးဝါးရောင်းတဲ့ ပရိစ်ဆိုတဲ့သူဟာသူများတွေထက်အကွက်မြင်ပြီးတစ်ခါမှရဲမှတ်တမ်းမရှိဘူးတဲ့ ဘီးကျဲတစ်ယောက်ပေါ့ သူဟာ မမျှော်လင့်တဲ့တိုက်ခိုက်မှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးအဲ့ဒီလောကထဲကနေထွက်သွားဖို့အတွက်စီစဉ်ခဲ့တယ်။ အဲ့ဒီလိုနဲ့သူ့သူငယ်ချင်းအက်ဒီနဲ့ပေါင်းပြီးနောက်ဆုံးတစ်ခေါက်အချီကြီးရနိုင်မဲ့အကြံကိုအကောင်အထည်ဖော်ခဲ့တယ်။ သူ့ရဲ့ဘောစ့်ကိုကွက်ကျော်ရိုက်ပြီးသူ့ကိုမူးယစ်ဆေးများများထောက်ပံ့ပေးနိုင်မဲ့ မက်ဆီကိုမူးယစ်ရာဇာတွေနဲ့ချိတ်ဆက်ဖြစ်ခဲ့တာပေါ့။ အဲ့ဒီလိုနဲ့တစ်ဖက်ကမူးယစ်ရာဇာတွေ အတ္တလန်တာမြို့ထဲက သူ့ကိုမကြည်တဲ့မူးယစ်ဂိုဏ်းတွေ လာဘ်စားတဲ့ရဲတွေနဲ့ပြသနာတွေရင်ဆိုင်လာတဲ့အခါသူဘယ်လိုတွေဖြေရှင်းမလဲဆိုတာကိုတင်ဆက်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Box officeမှာUS $20millions ကျော်ရရှိထားတဲ့Actionကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးခန့် ပါ) File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-Replica Translated by Myo Khant Encoded by Thanhtike Zaw
movie
SuperFly (2018)
2018