Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alicia Silverstone
5.3
Vamps (2012)
Vamps (2012) IMDb: 5.3/10 Genre: Comdey, Horror, Romanceဒီတစ်ခါ CM ကနေ တင်ဆက်ပေးမှာကတော့ 2012 က ထွက်ခဲ့တဲ့ Vamps ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးက အချစ်ဟာသကားလေးဖြစ်ပြီးတော့ အကုန်လုံး ပေါ့ပေါ့ပါးပါး ခံစားနိုင်မှာပါ။၁၈၄၁ ခုနှစ်ထဲက သွေးစုပ်ဖုတ်ကောင် အပြောင်းခံရခဲ့ရတဲ့ ဂွတ်ဒီတစ်ယောက် လူသွေးကို မသောက်ဘဲ အသက်ရှင်လာခဲ့တာကြာပြီး နောက်မှ အပြောင်းခံရတဲ့ စတေစီနဲ့ သူငယ်ချင်းဖြစ်ကြတဲ့အခါ၊ စတေစီနဲ့ အတူ ညတွေကို ဖြတ်သန်းရင် အချိန်အကြာကြီး အသက်ရှင်နေတာကို ငြီးငွေ့လာတဲ့ ဂွတ်ဒီတစ်ယောက်နဲ့ လူသားတစ်ယောက်ကို ချစ်မိသွားတဲ့ စတေစီတို့ရဲ့ အကြောင်းကို ဟာသအဖြစ် ပေါ့ပေါ့ပါးပါး ကြည်ရှုခံစားနိုင်မှာပါ File size… 1.9 GB / 973 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie
Vamps (2012)
Perpetrator (2023)
ဘဝတစ်လျောက်လုံး ဖခင်နှင့်ကြီးပြင်းလာရတဲ့ ဂျွန်နီဆိုတဲ့ ကျောင်းသူလေးတစ်ဦးဟာ ၁၈နှစ်ပြည့် မွေးနေ့မတိုင်ခင်မှာပဲ ဖခင်၏စေလွှတ်မှုကြောင့် အဒေါ်တော်စပ်သူရဲ့ အိမ်ကိုပြောင်း၍နေထိုင်ရပါတော့တယ်။ကျောင်းသစ် အိမ်သစ်နှင့် နေသားကျဖို့ကြိုးစားနေချိန်မှာပဲ ဂျွန်နီတို့ကျောင်းမှ ကျောင်းသူလေးများတစ်ယောက်ပြီးတစ်ယောက် စတင်ပျောက်ဆုံးလာပါတော့တယ်။ ဂျွန်နီတစ်ယောက်ဟာဆိုရင်လည်း ခန္ဓာကိုယ်မှာ မူမမှန်တဲ့ပြောင်းလဲမှုတွေကို တစ်စတစ်စ စတင်ခံစားလာရပါတော့တယ်။ ကျောင်းသူလေးတွေ ဘာကြောင့်ပျောက်ဆုံးနေတာလဲ၊ ဂျွန်နီဆိုတဲ့ ကျောင်းသူလေးရဲ့ သရုပ်မှန်ကရော ဘာတွေဖြစ်နေမလဲဆိုတာကို ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(706 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Perpetrator (2023)
6.8
Reptile (2023)
Reptile (2023) =========== IMDb Rating - 6.8/10 Crime, Drama, MysteryMarvel နဲ့ Starwars ရုပ်ရှင်တွေထဲက မင်းသားကြီး Benicio Del Toro နဲ့ Justin Timberlake တို့ဦးဆောင်ပါဝင်ထားတဲ့ Crime, Mystery ကားကောင်း လေးဖြစ်ပါတယ်။တွန်နီကိုးလ်ဆိုတာ သေမှုသေခင်းနာမည်ကြီး စုံထောက်အရာရှိတစ်ယောက် ဖြစ်ပြီး ရဲဌာနတစ်ခုလုံးမှာ အတွေ့အကြုံအရမ်းများပါတယ်။ သူ့ရဲ့ တာဝန်ထမ်း ဆောင်မှု အနားယူတော့မယ့် အချိန်မှာ သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရတော့မယ့်သူပါ။ ဒါပေမယ့် သူမနားခင်မှာ...အရမ်းထူးဆန်းတဲ့ လူသတ်မှုတစ်ခုကို ဖြေရှင်းဖို့ အကြောင်းဖန်လာပါတယ်။ ဒီလူသတ်မှုဟာ ပြင်ပကရာဇဝတ် ဒုစရိုက်သမား တွေတင်မဟုတ်ဘဲ သူ့ရဲဌာနက လုပ်ဖော်ကိုင်ဖက်တွေပါ တစ်မျိုးတစ်ဖုံပါဝင် ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာ . . . နီကိုးလ်တစ်ယောက် ဘယ်သူ့ ကိုမှ မယုံကြည်နိုင်တော့ဘဲ ဒီလူသတ်မှုကိုစုံစမ်းရင်း တရားခံတွေကိုပါ ဖော် ထုတ်ရပါတော့တယ်။ Plot twist တွေအရမ်းကောင်းပြီး နာမည်ကြီးမင်းသား ၂ ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကောင်းကောင်းပြန်ခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(3.23 ...
movie
Reptile (2023)
2023
6.7
Blast from the Past (1999)
ပရိတ်သတ်ကြီးရေ ထူးဆန်းထွေလာ စိတ်ကူးယဉ်ဇာတ်လမ်းတွေနဲ့ ပတ်သတ်လာရင် The Mummy, George of the Jungle, Journey ကားတွေလို ္Fantasy တွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Brendan Fraserကို မေ့ထားလို့မရပါဘူး။ ကျွန်တော်ဆိုလည်း ငယ်ငယ်ကတိုင် သူ့ရဲ့ဇာတ်လမ်းတွေကို သိပ်သဘောကျခဲ့တာပါ။အခုလည်း စီအမ်ပရိသတ်ကြီးအတွက် မင်းသားကြီးရဲ့ အချစ်/ဟာသ ဇာတ်လမ်းလေဟောင်းတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ၁၉၉၉ ခုနှစ်ကထွက်တာဆိုတော့ ကျွန်တော်နဲ့ သက်တူရွယ်တူပဲဗျ။ ဖေဖော်ဝါရီလမှာ ထွက်တာဆိုတော့ ကျွန်တော့်ထက်တောင် လပိုင်းကြီးသေးဗျာ။ ဘရန်ဒန့်ဇာတ်လမ်းပီပီ သောင်းပြောင်းထွေလာတွေ မပါမှာကလည်း ပူစရာမလို့ပါဘူးဇာတ်လမ်းအစမှာတော့ သူ့ရဲ့နောက်ခံဝန်းကျင်က ၁၉၆၂ ခုနှစ် ဆိုဗီယက်တွေနဲ့ အမေရိကန်တို့ တင်းမာမှုတွေ ရှိနေတဲ့ အချိန်ကာလပေါ့၊ အဲဒီမှာ ကယ်ဗင်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်က နျူကလီးယား တိုက်ခိုက်မှုတွေ ရှိလာတဲ့အခါ ဘေးရှောင်နိုင်ဖို့ မြေအောက်ဗုံးခိုကျင်းကြီး တစ်ခု တည်ဆောက်ခဲ့တယ်။ နျူကလီးယားကိုတောင် ခံနိုင်ရည်ရှိတယ်ဆိုတော့ ...
movie
Blast from the Past (1999)
Senior Year (2022)
293MBSenior Year (2022)ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ မဝင်ဆန့်ဘူး ကိုယ်တစ်ယောက်တည်း ကွဲထွက်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို တခြားလူတွေနဲ့နှိုင်းယှဉ်မိပြီး သိမ်ငယ်မိဖူးပါသလားစတက်ဖနီကလည်း အဲဒီလိုကောင်မလေးပါပဲ။ ဆယ်ကျော်သက်အရွယ်အစောပိုင်းမှာ အမေရိကကိုပြောင်းလာတဲ့ ဩစတြေးလျသူလေး စတက်ဖနီဟာ ယဉ်ကျေးမှုမတူတဲ့ အသိုင်းအဝိုင်းကြားမှာ သူ့ကိုယ်သူအပယ်ခံလေးတစ်ယောက်လို ခံစားခဲ့ရရှာပါတယ်။ကျောင်းက နာမည်ကြီးကလေးတွေဆို အပေါင်းအသင်းတွေလည်းအများကြီး၊ သွားလေရာမှာ ဖူးဖူးမှုတ်ခံရတာတွေကို အားကျပြီး သူကိုယ်တိုင်လည်း နာမည်ကြီးလာအောင်လုပ်မယ်ဆိုပြီး ကျောင်း cheerleader အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ၂၀၀၂ ခုနှစ် ဟားဒင်းအထက်တန်းကျောင်းရဲ့ ကျောင်းကပွဲဘုရင်မ prom queen ဖြစ်လာဖို့ကြိုးစားရင်း မမျှော်လင့်တဲ့အဖြစ်တစ်ခုနဲ့ ကြုံရပြီး သူ့ဘဝဟာ ချက်ချင်းဆိုသလို သူ့ဘဝရဲ့ နှစ်ပေါင်း၂၀ တာကာလဟာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားပါတယ်။ဆယ်စုနှစ်၂စုအကြာ ၂၀၂၂ခုနှစ် အသက်၃၇ခုနှစ်အရွယ်ထိ အထက်တန်းကျောင်းသူတစ်ဦးဖြစ်နေဆဲ စတက်ဖနီဟာ ကျောင်းကပွဲဘုရင်မ သရဖူကိုခူးဆွတ်ရဖို့ လက်မလျှော့နိုင်သေးပါဘူး။သူ့ဘဝရဲ့ရည်မှန်းချက်ဟာ ကျောင်းကပွဲဘုရင်မရာထူးပဲဖြစ်နေပြီး အဲဒီအတွက်နဲ့ သူ့ဘဝရဲ့အရေးကြီးတဲ့အရာတွေကို မေ့လျော့နေခဲ့တာပါ။ကျောင်းပြီးဖို့တစ်လအလို စီနီယာနှစ်မှာမှ စတက်ဖနီတစ်ယောက် ဘယ်လိုတွေကြုံတွေ့ခဲ့ရလို့များ ၃၇နှစ်အရွယ်အထိ အထက်တန်းကျောင်းသူအဖြစ် သံသရာလည်နေခဲ့ရလဲဆိုတာကို အဖြေရှာရင်း ပေါ့ပေါ့ပါးပါး comedy teenage ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါဦးPitch Perfect ထဲက Fat ...
movie
Senior Year (2022)
Last Survivors (2022)
တတိယကမ္ဘာစစ်ကြီးဖြစ်ပြီးလို့ ပျက်ကပ်ဆိုက်နေတဲ့ကမ္ဘာကြီးမှာ ထရွိုင်နဲ့ဂျိတ်တို့ သားအဖနှစ်ယောက်တည်း တောထဲကအိမ်ကလေးမှာနေကြပါတယ်။ဂျိတ်ငယ်ငယ်လေးတည်းက တောထဲမှာအမဲလိုက်ပြီးဖြစ်သလိုနေထိုင်ကြပြီး သူ့အဖေက သူစိမ်းမှန်သမျှကို ရန်သူလို့သတ်မှတ်ကာ ပစ်သတ်ပါတယ်။အပြင်လောကမှာ လူဆိုးတွေပဲကျန်တာဖြစ်လို့ ဘယ်သူ့ကိုမှမယုံဖို့ သူ့အဖေက ဂျိတ်ကိုသင်ကြားထားပါတယ်။တစ်ရက်မှာတော့ သူ့အဖေဒဏ်ရာရတာကြောင့် ဂျိတ်တစ်ယောက် ဆေးရှာထွက်ရင်း အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ပါတယ်။သူ့အဖေက အပြင်လူမှန်သမျှသတ်ဖို့ညွှန်ကြားပေမယ့် ဂျိတ်ကစူးစမ်းချင်စိတ်ကြောင့်ဒီအမျိုးသမီးနဲ့နီးစပ်လာပါတယ်။သူစိမ်းတစ်ယောက်ကိုဘယ်လောက်ယုံနိုင်မလဲ။ ကိုယ့်ကိုတစ်သက်လုံး ကာကွယ်နေတဲ့၊ကိုယ့်ကိုချစ်တဲ့သူကိုရော ဘယ်လောက်ယုံနိုင်မလဲ။ဒါရိုက်တာ Drew Mylrea ရိုက်ကူးထားတဲ့ Survival Thriller အမျိုးအစားဖြစ်ပြီး မင်းသမီးချော Alicia Silverstone နဲ့ အတူ Stephan Moyer,Drew Van Acker တို့ပါ၀င်ပေးထားပါတယ်။ File size…(1 GB)/(400 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Scifi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Last Survivors (2022)
5.9
The Crush (1993)
The crush (1993) ====================== CMပရိတ်သတ်ကြီးအတွက် ၁၉၉၃ခုနှစ်က ရိုက်ကူးတင်ဆက်ထားတဲ့ Crushဆိုတဲ့ ဇာတ်လမ်းကောင်းတပုဒ်နဲ့တင်ဆက်ပေးပါရစေ... လူတိုင်း ဘဝမှာ တခါတော့ ကိုယ်သိပ်သဘောကျရတဲ့ လူတစ်ဦးတစ်ယောက်တော့ ရှိခဲ့ဖူးမှာပါ ဒါမှမဟုတ် ရှိလာမှာပါ. ဒီဇာတ်လမ်းလေးမှာလဲ ၁၄နှစ်အရွယ် မိန်းကလေးတစ်ယောက်က သူသိပ် သဘောကျရတဲ့ ယောကျာ်းတစ်ယောက်ကို ချဉ်းကပ်ပြီး သူ့အချစ်ကိုရအောင် ကြိုးစားထားတာကို ရိုက်ကူးတင်ပြထားတာပါ. ဇာတ်လမ်းဟာ ရိုးရှင်းတဲ့ အချစ်ကားတစ်ကားတော့ မဟုတ်ပါဘူး. အပျိုဖော်ဝင်စ မိန်းကလေးတစ်ယောက်ရဲ့ ယောကျာ်းပျိုတစ်ယောက်ကို ပိုင်ဆိုင်လိုစိတ်တွေရဲ့ ချစ်ခင်သဘောကျခြင်းတွေရဲ့ နောက်ကွယ်က ကြိုးစားမှုတွေ အစွန်းရောက်သွားပုံကို ထိတ်လန့်ခြောက်ခြားဖွယ် ကြည့်ရှူရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ပါ.ဇာတ်လမ်းလေးရဲ့ အစမှာတော့ နစ်ကိုးလတ်အယ်လီယက်ဆိုတဲ့ သတင်းထောက်ဟာ အခုမှမြို့ကိုပြောင်းလာတဲ့သူတစ်ယောက်ဖြစ်ပြီး မြို့မှာနေဖို့ အိမ်တစ်အိမ် ငှါးလိုက်ပါတယ် အိမ်ပိုင်ရှင်မှာ ၁၄ နှစ်အရွယ် အေဒရီယန်ဖော်ရက်စတာဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ် ဖြစ်ချင်တော့ အေဒရီယန်က နစ်ကို စိတ်ဝင်စားလာပြီးတော့ နစ်ကို ပိုင်ဆိုင်ဖို့ နည်းမျိုးစုံ ကြိုးစားပါတော့တယ် သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်ကားဖြစ်လို့ ရင်တထိတ်ထိတ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် Translated by : Fiona Rose Encoded by : YK Quality : ...
movie
The Crush (1993)
1993
5.5
Valley Girl(2020)
Valley Girl(2020) ဒီဇာတ်ကားလေးက Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ။ အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ရယ်လည်းရယ်ရသလို တစ်ကားလုံးလဲ သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။တောင်ကြားမြို့လေးထဲမှာ ရှိတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလဲဆင်တူ ဝတ်ကြတယ်။ဘဝကို ပျော်ပျော်ပဲဖြတ်သန်းကြပေမယ့် အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့အထက်တန်းစားယောက်ကျားမှဖြစ်ရမယ်ပေါ့။ အဲ့ထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားတယ်။ရှေးရိုးစွဲ မဆန်ချင်ဘူး ...အချစ်ကိုကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင်ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့အသင့်ပဲဆိုပါတော့...။ အဲ့ဒီလို ကောင်မလေးနဲ့ မိဘမရှိ တေလွင့်နေတဲ့ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်...မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလိုအယူအဆတွေလည်း ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ အတော်ခက်တယ်ပြောရမယ်....ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါနော်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်....File Size : (950 MB) and (310 MB) Quality : WEB-DL ...
movie
Valley Girl(2020)
6.6
The Lodge (2019)
ဟော်ရာ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။IT ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်လေးလည်း ပါပါတယ်။ဇာတ်လမ်းအကျဉ်း - သားတစ်ယောက် သမီး ၁ ယောက် ရှိတဲ့လင်မယား ၂ ယောက်ဟာ ကွာရှင်းဖို့အကြောင်းဖန်လာပါတယ်။ခင်ပွန်းဖြစ်သူက နောက်မိန်းမလည်း ယူတော့မယ့် အခြေအနေမှာမိန်းမဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။နောက်မိန်းမကလည်း ငယ်ငယ်တုန်းက တစ်မိသားစုလုံးဘာသာရေးအစွန်းရောက်ပြီး သတ်သေသွားခဲ့တဲ့မိသားစုရဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူပါ။အဲဒီနောက်မှာတော့ ခရစ္စမတ်အတွက် တောင်ကုန်းတွေပေါ်ကအိမ်ကလေးတစ်လုံးမှာ ကလေး ၂ ယောက်ရယ် မိထွေးလောင်းရယ်အချိန်အတူကုန်ဆုံးဖို့ ကြုံလာခဲ့တယ်။အဲဒီနောက်မှာတော့ သရဲလေလား၊ လူလေလား၊ဘယ်သူက သေပြီးဘယ်သူက ရှင်နေတာလဲဆိုတော့ပဟေဠိတွေနဲ့ ကြောက်စရာတွေ ကြုံလာရပါတော့တယ်။ File Size : ( 1 GB , 314 MB) Quality : ...
movie
The Lodge (2019)
6.8
Clueless (1995)
IMDB Rating(6.8) / Rotten Tomatoes (79%)Clueless (1995)ဆယ်ကျော်သက်အချစ်ဇာတ်မြူ းလေးပါ။ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေ၊ ကျောင်းသားအချစ်ဇာတ်လမ်းတွေ ကြိုက်တတ်သူတွေအတွက်တော့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။၁၉၉၅ ခုနှစ်ဝန်းကျင်က အမေကန်မှာရှိတဲ့ အထက်တန်းကျောင်းသားတွေရဲ့ သဘာဝတွေကို ထင်ဟပ်ပြထားပါတယ်။ နောက်ပြီး Clueless ဆိုတာ ခေတ်အဆက်ဆက် အကောင်းဆုံးဆယ်ကျော်သက်ရုပ်ရှင်တွေထဲမှာ ပါဝင်ခဲ့သလို၊ ဇာတ်လမ်းထဲမှာ သုံးခဲ့တဲ့ ဗန်းစကားတွေကလည်း အတော်နာမည်ကြီးခဲ့ပါတယ်။လူချမ်းသာရပ်ကွက်က လိုတိုင်းတရနေတဲ့ အထက်တန်းကျောင်းသူကောင်မလေး၊ ဈေးဝယ်ထွက်ဖို့နဲ့ ဖက်ရှင်ကျကျဝတ်စားဖို့ကို အလေးပေးတတ်သူ၊ ပါတီတွေတက်ပြီး ပျော်ပျော်ပါးပါး အလှပြချင်သူ။ ပါတီတက်ရတာကို ကြိုက်တဲ့ အလန်းစားကောင်မလေး ဖြစ်ပေမဲ့ တကယ်ချစ်တဲ့သူကျမှ သူ့ရဲ့အပျိုစင်ဘဝကို ပေးမယ်လို့ ဆုံးဖြတ်ထားသူ။အဲဒီလိုကောင်မလေးနဲ့ စာတော်ပြီးအလုပ်ကြိုးစားတဲ့၊ ပါတီတက်ရတာ ဝါသနာမပါတဲ့၊ သဘောမနောကောင်းတဲ့ တက္ကသိုလ်ကျောင်းသားလေးတို့ အချစ်စစ်ကို ဘယ်လိုရှာတွေ့သွားကြမလဲ?အချစ်နဲ့ ဟာသကို ရောနှောပြီး လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ မှုံနေအောင်လှတဲ့ မင်းသမီးချော Alicia Silverstone ...
movie
Clueless (1995)
1995
6.6
The Art of Getting By (2011)
The Art of Getting By (2011)_____IMDb - 6.6/10 ဒီဇာတ်ကားဟာ ရည်မှန်းချက်ပျောက်ဆုံးနေတဲ့ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝမှာလူတိုင်းတွေ့ကြုံကြရမယ့် ချစ်ရသူ၊ မိတ်ဆွေတွေနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ၊ သစ္စာမဲ့သူတွေကြောင့်နာကျင်ခံစားရတာတွေ၊ မိသားစုပြဿနာ အစရှိတာတွေအားလုံးကို လက်တွေ့ဆန်ဆန်တွေ့မြင်ကြရမှာဖြစ်လို့ ကြည့်ရှုသူအားလုံးကိုယ်တိုင်ခံစားနားလည်နိုင်ကြမှာဖြစ်ပြီး နှစ်သက်ကြမှာပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ မော်ဂန်ကျောင်းမှာတက်နေတဲ့ ဆယ်ကျော်သက်လေးဂျော့်ဂျ်ဟာ ဘဝရည်မှန်းချက်ကင်းမဲ့ပြီး စိတ်ခွန်အားတွေပျောက်ဆုံးနေသူပါ။ ကျောင်းစာတွေမှာအခြေအနေမကောင်းပဲ မကြာခဏစည်းကမ်းဖောက်ဖျက်မှုကြောင့် အောင်လက်မှတ်အတွက်ကျောင်းရဲ့သတိပေးခြင်းကိုခံရတဲ့အထိပါပဲ။ ပြန်လည်ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့ သူချစ်ရတဲ့ကောင်မလေး နဲ့ သူငယ်ချင်းတွေရလာတဲ့အခါ ဘဝအဓိပ္ပါယ်ကိုပြန်လည်တွေ့ရှိပြီလို့ထင်ခဲ့တဲ့အချိန်မှာ သစ္စာမဲ့သူတွေနဲ့အိမ်တွင်းရေးပြဿနာတွေကြောင့် သူ့ရဲ့ဘဝဟာပိုပြီးနစ်မြုပ်ခဲ့ရပါတယ်။ ဘဝရှေ့ရေးအတွက်ကျောင်းအောင်လက်မှတ်ရရှိဖို့ နောက်ဆုံးရာဇသံရောက်ရှိလာတဲ့အချိန်မှာတော့ ဂျော့ဂျ်တစ်ယောက် ကျရောက်လာတဲ့လောကဓံတွေကိုအရှုံးမပေးပဲ ခွန်အားအဖြစ်ဘယ်လိုပြောင်းလဲအသုံးချပြီးကြိုးစားသွားမလဲဆိုတာကို သင်ခန်းစာယူဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။ Translated by Linn Kyaw Swar Aung Encoded by sithu
movie
The Art of Getting By (2011)
2011
6.2
Book Club (2018)
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Book Club"ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်...ဒီဇာတ်လမ်းမှာတော့ မမကြီးလေးယောက်ရဲ့ ချစ်ဒုက္ခအကြောင်း ဇာတ်အိမ်တည်ထားပါတယ်...အညွှန်းလေးကို ဖတ်ရှုပါဦးနော်...အညွှန်းဗီဗီယန် ကာရိုး ရှရွန် ဒိုင်ယိန်းဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ လတိုင်း တစ်လတစ်ခါ စာအုပ်တစ်အုပ်စီဖတ်ရပါတယ်...ဒါကိုပဲ book club လို့ နာမည်ပေးထားတာပါ...တစ်လမှာ တစ်ယောက်က ဘယ်စာအုပ်ဖတ်ရမလဲ ရွေးရပါတာပေါ့...ဗီဗီယန်ဆိုတဲ့ အပျိုကြီးအလှည့်မှာတော့ အာဂစာအုပ်ကို ရွေးလိုက်ပါတော့တယ်...ဒီစာအုပ်ကတော့" Fifty Shades of Grey" ဆိုတဲ့ စာအုပ်ပါပဲ....ဒီစာအုပ်ကတော့ အရွယ်ရောက်သူတွေအတွက် စိတ်တွေမသိုးမသတ် ခိုးလိုးခုလုဖြစ်စေတဲ့ လိင်ပိုင်းဆိုင်ရာ စာအုပ်မျိုးပါ...သူတို့ လေးယောက်ဟာ ဒီစာအုပ်ဖတ်ပြီး အပြင်လောကမှာလဲ စာအုပ်ထဲကအတိုင်း လက်တွေ့စမ်းချင်ပါတော့တယ်...ဒီလိုစမ်းသပ်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ ဘယ်လိုအလွဲလေးတွေ တွေ့ရမယ်ဆိုတာ ပရိတ်သတ်ကပဲ ကြည့်ရှုလိုက်ကြပါဦး....အသက်ကြီးပေမဲ့ မပျက်စီးသေးဘူးဆိုတဲ့ စကားကို သက်သေပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ ကြည့်ရကျိုးနပ်ပါတယ်နော်... (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ May Haruko ပါ) File Size ...
movie
Book Club (2018)
2018
7.6
အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၇ နိုဝင်ဘာမှာ အသစ်ထွက်လာတဲ့ The Killing of a Sacred Deer ဆိုတဲ့ ဇာတ်ကားလေးပါ။ဒီကားမှာတော့ ဒေါက်တာစတီဗင်ဟာ သူ့ဇနီးရယ် ကလေးနှစ်ယောက်ရယ်နဲ့ အပြစ်ကင်းစင်တဲ့မိသားစုလေးကို အိမ်ထောင်ဦးစီးနေတဲ့ အောင်မြင်ကျော်ကြားတဲ့နှလုံးအထူးကုခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။တစ်နေ့မှာတော့ သူ့ဘဝထဲကို စိတ်အနှောင့်အယှက်ဖြစ်စရာနည်းလမ်းတွေနဲ့ တဖြည်းဖြည်းချင်းဝင်ရောက်လာတဲ့သူကတော့ အဖေမရှိတော့တဲ့ဆယ်ကျော်သက်ကောင်လေးမာတင်ပါ။မကြာခင်မှာ မာတင်ဟာ သူတို့မိသားစုရဲ့ပျော်ရွှင်မှုလေးတွေကို ထာဝရဖျက်စီးပစ်မယ့် အတိတ်က အတော်ကြာမေ့ထားခဲ့တဲ့ သူ့ရဲ့အပြစ်ကျူးလွန်ခဲ့မှုကို ဖော်ထုတ်ချိန်မှာ မာတင်ရဲ့ရည်ရွယ်ချက်ဟာ လုံးလုံးလျားလျားပေါ်လွင်လာပါတယ်။မာတင်က ဘယ်သူလဲ။ဘာလို့ ဒေါက်တာစတီဗင်တို့ပျော်စရာမိသားစုလေးကို ဖျက်စီးဖို့ ကြိုးစားရတာလဲဒေါက်တာကရော ဘာအပြစ်တွေ ကျူးလွန်ခဲ့တာလဲ။နောက်ဆုံးမှာ ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦးIMDb rating 7.6 အထိရထားတဲ့ ကားလေးမို့ ကြည့်ပြီးရင် စိတ်မပျက်စေရပါဘူး။တကယ်ကိုကြည့်ဖို့ ထိုက်တန်တဲ့ ဇာတ်ကားတစ်ကားပါ။File Size : (950 MB) Quality : WEB-DL 720p Running Time : 2hr 1min Format : Mp4 Genre ...
movie
The Killing of a Sacred Deer (2017)
2017
7.0
Tropic Thunder (2008)
ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့်တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။ မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr...Night at The Museum မင်းသားကြီး Ben Stiller...ဂါလီဗာ မင်းသားကြီး Jack Black...မင်းသားကြီး Tom Cruise...စတဲ့ နာမည်ကြီးမင်းသားတွေပါဝင်ထားပါတယ်။ နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။အတော်ဂွကျလှတဲ့ ဇာတ်လမ်းဖြစ်ပြီး စဉ်းစဉ်းစားစားရိုက်ကူးတတ်တဲ့ ဇာတ်ညွှန်းကို အထူးချီးကျူးမိပါတယ်။ IMDb Rating -7 နဲ့ Rotten Tomatoes -82% ရရှိထားပြီး Comedy ဇာတ်ကားတွေထဲမှာ ထိပ်တန်းက အမြဲပါဝင်နေမယ့် ဇာတ်ကားပါ။Comedy ဟာသကြိုက်နှစ်သက်သူတွေ လုံးဝလက်မလွတ်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ File Size…(900 MB) and (400 MB)Quality…BluRay Rip ...
movie
Tropic Thunder (2008)
2008