Channel Myanmar

Alice Hamid

Family History Mysteries: Buried Past (2023) 6.7
Family History Mysteries: Buried Past (2023) ခရစ္စမတ်အချစ်ဇာတ်လမ်းလေးတွေ ရိုက်ကူးမှုများတဲ့ ဒါရိုက်တာကြီးကနေ ခရစ္စမတ်ကားတွေအများကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ ကြည်နူးဖွယ် မိသားစုဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေဗျ။ဆိုဖီဆိုတဲ့ အမျိုးသမီးလေးက ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေပေးတဲ့ အလွတ်စုံထောက်သဘောမျိုးလုပ်ကိုင်နေသူတစ်ဦး။ ဆိုဖီ့မှာ နှစ်အိမ့်တစ်အိမ်လိုနေတဲ့ သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းအမွှာညီကိုနှစ်ယောက်လဲရှိတယ်။ ညီဖြစ်သူက သွေးကင်ဆာဖြစ်ပြီး ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူရော အမေဖြစ်သူနဲ့ပါ ကိုက်ညီမှုမရှိခဲ့ပါဘူး။ ပထွေးအပါအဝင် သူငယ်ချင်းဆိုဖီတို့ပါ ကိုက်ညီမလား စစ်ဆေးကြပေမဲ့လည်း ကိုက်ညီမှုမရှိခဲ့။ ဒီမှာပဲ ညီကိုနှစ်ယောက် မမွေးခင်ကတည်းက သေသွားပြီလို့ ထင်ထားကြတဲ့ အဖေအရင်းကို ရှင်သန်နေမလားဆိုတဲ့ သဲလွန်စ သေးသေးလေးတွေကနေ လိုက်လံရှာဖွေဖို့ ဆိုဖီ့ဆီကို တာဝန်ကျလာပါတော့တယ်။ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖွယ်၊ ကြည်နူးဖွယ် ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae ...
movie

Family History Mysteries: Buried Past (2023)

Romance with a Twist (2024) 6.7
Romance with a Twist (2024) Romance with a Twist (2024)ဗန်ဂိုးရဲ့ Starry night ပန်းချီကားလို The Thinker ဆိုတဲ့ရုပ်ထုလို အနုပညာရှင်စစ်စစ်တွေ ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ ဇာတ်လမ်းတစ်ခုခုကို ပြောပြချင်နေကြတာချည်းပါပဲ။ ကျွန်တော်တို့ဟာ စည်းတွေဘောင်တွေနဲ့နေတာများလာပြီး လွပ်လပ်တဲ့အနုပညာကို မခံစားတတ်ကြတော့ပါဘူး။ ခု 2024 မှထွက်လာတဲ့ ဒီ အချစ်ကားလေးဟာလဲ အနုပညာအလုပ်နဲ့ အသက်မွေးနေပေမဲ့ စာအုပ်ကြီးအတိုင်းပဲလုပ်တတ်တဲ့ မင်းသားရယ် အရာရာကို လိုက်ခံစားတတ်တဲ့မင်းသမီးတို့ကြားက အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဘန်းနက်ဆိုတဲ့ ပရော်ဖက်ရှင်နယ် အကပညာရှင် တစ်ယောက်ဟာ သူ့မွေးရပ်မြေမြို့လေးဆီက အနုပညာပြပွဲအတွက်ပြန်လာဖို့ ပွဲလက်ခံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူနဲ့တွဲကတဲ့ အမျိုးသမီးဟာ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တော့တဲ့အခါမှာ အကကိုစိတ်ဝင်စားပေမဲ့ အကလောကကနေထွက်ခွာပြီး ဆောက်လုပ်ရေးဘက်လုပ်နေတဲ့ လူနာ ဆိုတဲ့အမျိုးသမီးကို အရေးပေါ်အကကျင့်ပေးရတော့မယ်ဆိုတော့ ဘာတွေဘယ်လိုဒုက္ခတွေ အခက်ခဲတွေတွေ့ပြီး ပွဲကိုဖြစ်အောင်မြောက်အောင်လုပ်မလဲ။ ဘန်းနက်နဲ့ လူနာ ကြားက အေးစက်တဲ့ ဆက်ဆံရေးတွေကြောင့် ဘာတွေထိခိုက်ပြီး ဘယ်လိုပြန်ပြီး အဖတ်ဆယ်ကြမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။Romance အချစ်ကားလေးဖြစ်တဲ့အပြင် 2024 ကမှထွက်ထားပြီး IMDB rating 6.8 ထိတောင်ရထားတာဆိုတော့ ကြည့်ရတာ တန်မဲ့ကားလေးပါ။အညွှန်း ...
movie

Romance with a Twist (2024)

2023
A Royal Christmas Crush (2023) 5.5
A Royal Christmas Crush (2023)  ခရစ်စမတ်ရာသီလည်း နီးလာပြီဆိုတော့ Romance ကားကောင်းတွေထွက်နေကျ Hallmark က ရိုက်ကူးထုတ်လုပ်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ခရစ်စမတ် အချစ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မြောက်ဝင်ရိုးစွန်းနဲ့ အလှမ်းမဝေးတဲ့ ဖရီအိုလန်းဆိုတဲ့ မြောက်ပိုင်းနော်ဒစ်နိုင်ငံလေးတစ်နိုင်ငံမှာ ပျိုတိုင်းကြိုက် မင်းသားချောလေး တစ်ယောက်ရှိပါတယ်။ခရစ်စမတ်ကပွဲအတွက် ဆောင်းနန်းတော်ရဲတိုက်ကြီး တည်ဆောက်တဲ့နေရာမှာအတွင်းပိုင်းပြင်ဆင်ရေးအတွက် အေဗာဆိုတဲ့ ကောင်မလေးက ဖရီအိုလန်းကိုရောက်လာခဲ့ပါတယ်။ မတူညီတဲ့ နောက်ခံအခြေအနေတွေနဲ့ သူတို့နှစ်ဦး အမှတ်မထင်ဘယ်လိုတွေ့ဆုံကြမလဲ ဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ရမလဲဆိုတာကိုရိုက်ကူးတင်ဆက်ထားပါတယ်။ နတ်သမီးပုံပြင်လေးထဲကလို နှင်းတွေ တဖွဲဖွဲကျဖုံးလွှမ်းနေတဲ့ ရှုခင်းတွေနဲ့ Xmas Vibe အပြည့် ကြည့်ရှုရမှာပါ၊ File size…1.24GB / 574MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

A Royal Christmas Crush (2023)