Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ali Larter
5.0
The Last Victim (2021)
ဝေးလံခေါင်သီတဲ့ နယ်မြိုလေးတစ်မြိုမှာ ရက်စက်ကြမ်းကြုတ်တဲ့ရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့ ၀ရမ်းပြေး အဖွဲတစ်ဖွဲနဲ့ခရီးထွက်လာတဲ့ ပရော်ဖက်ဆာ လင်မယားတို မထင်မှတ်ဘဲတွေ့ဆုံသွားတဲ့အခါမှာ ဘာတွေ ဖြစ်ကြမလဲ။လူတွေ ဘယ်လို သတ်ဖြတ်ခံရမလဲ။ အသက်ရှင်ခြင်းဟာတစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့အခါ ကိုယ်ကျင့်တရားတွေ ဘယ်လို မှေးမှိန်သွားရသလဲ။ဒါတွေကို ဒီဇာတ်ကားထဲမှာ ရင်တဖိုဖိုနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ IMDB rating ကလည်း 5 ရထားတာဆိုတော့သည်းထိတ်ရင်ဖိုတွေ ကြိုက်တဲ့သူတွေ အတွက်ကတော့ဇာတ်ကားက ကြည့်ကို ကြည့်ရမယ့် ကားတစ်ကားပါပဲ။ File size…1.47GB / 737MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Adventrue , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie
The Last Victim (2021)
Resident Evil: Extinction (2007)
ဒီဇာတ်ကားက REရဲ့ တတိယဇာတ်ကားဖြစ်ပြီး ပရောဂျက်အဲလစ် အကြောင်း ဂဃနဏ သိရတဲ့ကားလည်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်က တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားပြီဖြစ်ပြီး ခေတ်ပျက်ကာလကို ရောက် နေတဲ့ အနေအထား ဖြစ်သွားပါပြီ။ Zombieလက်က လွတ်အောင် တစ်မြို့ဝင် တစ်မြို့ထွက်ပြီး ရိက္ခာနဲ့လောင်စာတွေရှာနေတဲ့ အဖွဲ့နဲ့ အဲလစ်တို့ ဆုံခဲ့ကြပြီး zombieကင်းမဲ့ကာ ရိက္ခာနဲ့လုံခြုံမှုအပြည့် ရှိတယ်လို့ ရေဒီယိုလှိုင်းကနေ ကြေညာနေတဲ့ အလက်စကာနယ်ကို အကုန်သွားဖို့ လုပ်ခဲ့ကြပါတယ်။အဲဒီမှာ မူလအဲလစ်ရဲ့သွေးကမှ ဗိုင်းရပ်စ်ဖြေဆေးကို ဖော်နိုင်တယ် ဆိုပြီး ယုံကြည်ထားခဲ့တဲ့ အမ်ဘရဲလားက ဒေါက်တာအိုင်းဆက်က Zombieကောင်တွေ လွှတ်ပြီး အဲလစ်ကိုဖမ်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲလစ်က အဲဒီဇွန်ဘီတွေကို တားရင်း တခြားသူတွေ လွတ်အောင် ကြိုးစားခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အဲလစ်ရဲ့ telekinesis အစွမ်း ကို စတင်မြင်တွေ့ခဲ့ရပါတယ်။ လာသမျှ ဇွန်ဘီတွေကို ရှင်းပစ်ရင်း အိုင်းဆက်တို့ကိုပါ ရှင်းပစ်ဖို့အသွား သူ့ရဲ့ဒီအန်အေနဲ့ အဲလစ်ပေါင်း များစွာကို ကိုယ်ပွားထုတ်ပြီး စမ်းသပ်နေမှန်း အဲလစ်တစ်ယောက် သိသွားချိန်မှာ ဒီသုတေသနရဲ့အဓိကခေါင်းဆောင် အမ်ဘရဲလားရဲ့ အဲလ်ဘတ်ဝက်စ်ကာကို ရှင်းပစ်ဖို့ ကြိုးစားရပါတော့တယ်။ File size… 3.4 GB ...
movie
Resident Evil: Extinction (2007)
4K HEVC
Resident Evil: Afterlife (2010)
ဒီဇာတ်ကားက REရဲ့စတုတ္ထဇာတ်ကားဖြစ်ပြီး တတိယကားအဆုံး ဇာတ်လမ်းဆင်ခဲ့သလို အဲလစ်နဲ့ သူ့ရဲ့ကိုယ်ပွားတွေဟာ ဂျပန်မှာ ရှိတဲ့ အမ်ဘရဲလားဌာနကို ဝင်စီးနင်းကား အဲလ်ဘတ်ဝက်စ်ကာကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပုံနဲ့ ဇာတ်ကိုစထားပါတယ်။ အဲဒီနောက် ၆လအကြာမှာ တတိယမြောက်REဇာတ်ကားမှာ ပါဝင် ခဲ့တဲ့ အလက်စကာက အာကေးဒီးယားဆိုတဲ့ လွတ်မြောက်ရာဟာ တကယ်မဟုတ်မှန်း သိသွားတဲ့အခါ အဲလစ်နဲ့ ကလဲရာ ၂ယောက် ရဟတ်ယာဉ်တစ်စီးနဲ့ လျှောက်သွားရင်း အယ်အေကိုအရောက်မှာ အကူအညီလိုအပ်နေတဲ့ လူတစ်စုကို သွားတွေ့ခဲ့ပါတယ်။အဲဒီလူစုကို ဇွန်ဘီတွေလက်ကလွတ်အောင် ကူညီပေးရင်း သူတို့ သိထားတဲ့ အာကေးဒီးယားဆိုတဲ့ နေရာက အလက်စကာမှာရှိတာ မဟုတ်ဘဲ အယ်အေနားက သင်္ဘောကြီးတစ်စီးပေါ်က ထုတ်လွှင့် နေမှန်း သိသွားတဲ့အခါ အဲဒီသင်္ဘောကြီးပေါ် သွားဖို့ ကြိုးစားရပါ တော့တယ်။ အဲဒီသင်္ဘောပေါ်ကိုရောက်မှ အဲလ်ဘတ်ဝက်စ်ကာရဲ့ ထောင်ချောက်ဖြစ်နေမှန်း သိသွားတဲ့အခါ ဝက်စ်ကာကိုသတ်ပြီး သင်္ဘောပေါ်မှာ ဖမ်းခံထားတဲ့လူတွေကို ကယ်တင်ရပါတော့တယ်။ File size… 3.8 GB / 1.5 GB / 710 MB Quality… BluRay 4K / 1080p / ...
movie
Resident Evil: Afterlife (2010)
4K HEVC
Resident Evil: The Final Chapter (2016)
ဒီဇာတ်ကားက Franchiseကြီးတစ်ခုလုံးရဲ့အဆုံးသတ်ဖြစ်သလို Plot twistတွေအများကြီးပါနေတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ရုရှားမြေအောက်စခန်းမှာ ဖမ်းဆီးခံထားရရာကနေ လွတ်လာတဲ့ အဲလစ်က အမ်ဘရဲလားရဲ့နောက်ဆုံးခေါင်းဆောင်ကို အပြီးသတ် ရှင်းပစ်ဖို့ ရက်ကွန်းမြို့တော်ကို ပြန်လာပါတော့တယ်။ရက်ကွန်းမြို့ကိုပြန်လာတဲ့လမ်းမှာ အခက်အခဲများစွာကြုံခဲ့သလို သူထင်ထားတဲ့ နောက်ဆုံးခေါင်းဆောင်က အဲလ်ဘတ် ဝက်စ်ကာ မဟုတ်ဘဲ မထင်ထားတဲ့လူတစ်ယောက် ဖြစ်နေပါတယ်။ အဲလစ် တစ်ယောက် နောက်ဆုံး အမ်ဘရဲလားရဲ့ နိဂုံးကို ဖန်တီးနိုင်မလား သူကိုယ်တိုင်ပဲ ဇာတ်သိမ်းသွားမလား။ Franchiseကြီးတစ်ခုလုံး ကို ဘယ်လိုtwistတွေနဲ့ ချိတ်ဆက်ပြီး အဆုံးသတ်ပေးလိုက်မလဲ ဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… 3.7 GB / 1.6 GB / 757 MB Quality… BluRay 4K / 1080p / 720p Format… mp4,mkv Duration…. 1h 46m Genre ..... Action/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX
movie
Resident Evil: The Final Chapter (2016)
4K HEVC
Obsessed (2009)
ဒီဇာတ်ကားလေးကတော့ ထူးထူးခြားခြား နာမည်ကျော်အဆိုတော် ဘီယွန်ဆေး ပါဝင်သရုပ်ဆောင်ထားပြီး ဘီယွန်ဆေးနှင့် လီဆာဖိုက်ရမယ့် ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒဲရက်ချားစ်ဟာ ကုမ္မဏီကြီးတစ်ခုမှာ ရာထူးလစာ ကောင်းကောင်းနှင့် အလုပ်လုပ်ကိုင်နေပြီး ရှာရွန်ဆိုတဲ့ဇနီးသည်ချောချောလေးနှင့်အတူ ကိုင်ဆိုတဲ့သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး စိတ်သဘောထားကောင်းတဲ့အတွက် သွားလေရာမျက်နှာပန်းပွင့်ပြီး အဘက်ဘက်က ပြည့်စုံသူတစ်ဦးပါ။ဒီလိုသာယာနေတဲ့သူ့ဘဝကို မုန်တိုင်းစတင်ဝင်ရောက်တိုက်ခတ်လာတာကတော့ လီဆာဆိုတဲ့အမျိုးသမီးတစ်ယောက် အစမ်းခန့်ဝန်ထမ်းအနေနဲ့ သူတို့ကုမ္ပဏီကို ဝင်ရောက်လာတဲ့အချိန်ပါပဲ။ ဒဲရက်က လီဆာကို သဘောရိုးနဲ့ ပြောဆိုဆက်ဆံလိုက်ပေမယ့် လီဆာတစ်ယောက်ကတော့ တစ်ယောက်တည်းရူး စိတ်ကူးတွေယဉ်ပြီး ဒဲရက်ကို မရမကပိုင်ဆိုင်အောင် ကြိုးစားလာပါတော့တယ်။ ဘာမှမဖြစ်လောက်ပါဘူး ပြီးသွားမှာပါလို့ ဒဲရက်တစ်ယောက်ထင်ထားခဲ့ပေမယ့် လီဆာက လက်မလျှော့ဘဲ မထင်ထားတာတွေလုပ်လာတဲ့အခါ ဒဲရက်တစ်ယောက် ဘယ်လိုဒုက္ခလှလှတွေ့မလဲ သူနှင့်သူမိသားစု ဒီဒုက္ခကနေရော ရုန်းထွက်မလဲဆိုတာ ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(884 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie
Obsessed (2009)
6.2
Final Destination 2 (2003)
Final Destination 2 (2003) IMDb......6.2/10 (Blu-Ray 1080p 5.1 CH,Blu-Ray 720p တို့ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….))Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ....ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ.......Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး....မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယ္ခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်..... -------------------------------------------------------- File Size : (1.4GB) and (852MB) Quality : ...
movie
Final Destination 2 (2003)
2003
6.7
Final Destination (2000)
Final Destination(2000) IMDb......6.7/10 (Blu-Ray 1080p 5.1 CH,Blu-Ray 720p တို့ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….))Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ....ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ.......Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး....မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယ္ခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်..... --------------------------------------------------------- File Size : (1.6GB) and (856MB) Quality : Blu-Ray 1080p ...
movie
Final Destination (2000)
2000
6.3
Legally Blonde (2001)
မင်းသမီး Reese Witherspoon ရဲ့နာမည်ကြီးဇာတ်ကားပါ။ IMDb Rating (6.2/10) ရရှိထားပြီး Romance/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ ဖက်ရှင်ရဲ့အရေးပါပုံကို တင်စားရိုက်ကူးထားပေမယ့် ဒီထက်ပိုလေးနက်တဲ့အတွေးအမြင်ကိုပေးထားနိုင်ပါတယ်။ လူတစ်ယောက်စီတိုင်းမှာ ကိုယ်ကျွမ်းကျွင်ပိုင်နိုင်တဲ့အရည်အသွေးတွေရှိကြပြီး ဒါကိုရိုးရိုးသားသားအသုံးချနိုင်ရင် ဘယ်အရည်အသွေးပဲဖြစ်ဖြစ် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ထင်ဟပ်ပြထားပါတယ်။ မိန်းကလေးပရိတ်သတ်တွေ လက်လွတ်မခံတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ (ဒီဇာတ်ကားကို Su Yadanar Oo မှာခံစားတင်ဆက်ထားပါတယ်။)File size...(850MB) Quality...BR-Rip 720p Format...mp4 Duration....01:36:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung နမူနာကြည့်ရန်
movie
Legally Blonde (2001)