Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ali Asistio
5.0
[18+] Ang Pintor At Ang Paraluman (2024)
ထရစ်စတန်က ဦးလေးနဲ့အတူနေတဲ့ လက်သမားလူငယ်တစ်ဦးပါ။ သူ့ရဲ့ဝါသနာကတော့ ပန်းချီဖြစ်ပြီး သူ့ရဲ့စိတ်ကူးယဉ်အိမ်မက်ကလည်း နာမည်ကျော်ပန်းချီဆရာတစ်ယောက်ဖြစ်လာဖို့ပါပဲ။ ဒါပေမယ့်လည်း အမြဲတမ်းအပြစ်ရှာရိုက်နှက်ပြီး သူ့ဝါသနာကိုပါ ရန်ရှာလေ့ရှိတဲ့ ဦးလေးဖြစ်သူကြောင့် တစ်နေ့မှာတော့ ကွင်းပြင်တစ်ခုမှာ သွားအော်ဟစ်ပြီး ကောင်းကင်ဘုံကိုတိုင်တည်ခဲ့ပါတယ်။အဲ့ဒီည အိမ်ပြန်အရောက်မှာ သူ့အခန်းထဲကို မိန်းမလှလေးတစ်ယောက်ရောက်ရှိလာပြီး သူ့ကိုယ်သူ အနုပညာစောင့်နတ်သမီးတစ်ဦးအဖြစ်မိတ်ဆက်လာခဲ့ပါတယ်။သူဟာ ထရစ်စတန်အနားမှာ အနီးကပ်စောင့်ရှောက်ပေးမှာဖြစ်ပြီး သူ့ရဲ့အနုပညာဉာဏ်တွေကိုကွန့်မြူးဖို့ကူညီပေးမှာပါ။အပြန်အလှန်အနေနဲ့ သူ့အသားကိုမထိဖို့ကတိတစ်ခုပဲတောင်းပါတယ်။ သူနဲ့အသားချင်းထိမိရင် ထရစ်စတန်က သေဆုံးသွားမှာဖြစ်ပြီး သူကတော့ လူ့ဘုံကနေပြန်လည်လွင့်စင်ပျောက်ကွယ်သွားမှာပါ။အသည်းအသန်ဖြစ်နေတဲ့ ထရစ်စတန်က ဒီသဘောတူညီချက်ကိုအလွယ်တကူပဲလက်ခံခဲ့ပြီးနောက် သူ့ရဲ့အောက်ကျနောက်ကျနိုင်လှတဲ့ဘ၀ကလွတ်မြောက်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ဇာတ်လမ်းက အခုမှစမှာပါ။ နတ်မိမယ်လေး ပါရာလူမန်အဖြစ် Athena Red နဲ့ Skye Gonzaga ဆိုတဲ့တစ်တော့ဆယ်လီမလေးတို့ကို မျက်နှာသစ်တွေအဖြစ်မိတ်ဆက်ပေးထားပါတယ်။File size_(1.4GB) Quality_Blu-Ray 1080p Format_mp4 Duration_01:10:00 Genre_Adult , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
[18+] Ang Pintor At Ang Paraluman (2024)
[18+] Pantasya ni Tami (2024)
Pantasya ni Tami (2024)တာမီဆိုတဲ့ကောင်မလေးဟာ Anime ပရိသတ်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင် Fanfic တွေရေး၊ ကာရိုက်တာတွေနေရာမှာ စိတ်ကူးယဉ်ဝင်ခံစားပြီး ဖီးတက်လေ့ရှိတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ပါ။တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူနဲ့စကားဆက်မိရာက Anime Con တစ်ခုကို Cosplay သမားအဖြစ် ပွဲသွားတက်ရာကနေ ဝါသနာတူ အသွင်တူမိတ်ဆွေတွေအများကြီးရခဲ့တဲ့နောက်မှာတော့ Cosplay လောကထဲဝင်ဖို့စိတ်အားထက်သန်လာခဲ့ပါတယ်။အဲဒီပွဲမှာတွေ့ခဲ့တဲ့ ဓာတ်ပုံဆရာတစ်ယောက်က သူ့ကို Gravure Model လို့ခေါ်တဲ့ ယောက်ျားသားတွေစိတ်ဝင်စားရာ မပေါ့်တပေါ်ဝတ်စုံလေးတွေနဲ့ ဓာတ်ပုံမော်ဒယ်လုပ်ရင် ဝင်ငွေလမ်းဖြောင့်နိုင်တယ်ဆိုတာ အလင်းဖွင့်ပြခဲ့တဲ့နောက် ဒီလောကထဲ ထဲထဲဝင်ဝင်ရောက်သွားချိန်မှာတော့...တာမီအဖြစ် ပရိသတ်အသည်းကျော် Azi Acosta လေးက Costume တွေတစ်စုံပြီးတစ်စုံ ချွတ်လိုက်ဝတ်လိုက်နဲ့ အထူးသရုပ်ဆောင်ပြထားတာဖြစ်တဲ့အတွက် တာမီလေးနဲ့အတူစိတ်ကူးယဉ်ကြည့်လိုက်ကြရအောင်ပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 3.9GB, 1.55GB, 795MB Quality - 4K HEVC, 1080p, 720p Format - mp4 Duration ...
movie
[18+] Pantasya ni Tami (2024)
2024
4K HEVC
8.5
[18+] Hibang (2023)
Hibang (2023)အီဆာဆိုတဲ့ကောင်မလေးဟာ ခေါင်းမှာဒဏ်ရာတစ်ခုနဲ့၊ အတိတ်နဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေဗလာနဲ့ လူသူမနီးတဲ့အရပ်ကအိမ်တစ်လုံးမှာ နိုးထလာခဲ့ပါတယ်။ အနားမှာ သူ့ကိုသိပ်ရင်းနှီးတဲ့ပုံနဲ့ ထရစ်စတန်ဆိုတဲ့ လူငယ်တစ်ယောက်ရှိနေပြီး အဲဒီလူငယ်က သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်းငါးနှစ်ကြာပြီဖြစ်တဲ့ ဇနီးမောင်နှံတွေဖြစ်ကြောင်း၊ အီဆာနောက်ကိုတစ်ကောက်ကောက်လိုက်နေတဲ့ လူတစ်ယောက်ကြောင့် အခုလိုမတော်တဆဒဏ်ရာရပြီး အတိတ်မေ့ခဲ့ရတာဖြစ်ကြောင်း၊ အခုလည်း အဲဒီလူလက်ကနေ လွတ်ဖို့ ဒီလိုလူသူမနီးတဲ့ နေရာတစ်ခုကိုတိမ်းရှောင်နေရကြောင်းရှင်းပြသလို သူတို့ရဲ့အတိတ်က အထောက်အထားတွေကိုလည်း အခိုင်အမာပြပါတယ်။အီဆာ့စိတ်ထဲမှာ သူ့ကိုရင်းနှီးနေပေမဲ့ ချစ်သူခင်ပွန်းတစ်ယောက်လိုချစ်တဲ့စိတ် နည်းနည်းမှမခံစားမိတာကြောင့် အရာရာကိုသံသယထားနေရင်းက သူ့သံသယကိုခိုင်မာစေတဲ့ ကိစ္စတွေတစ်စစပေါ်လာပါတော့တယ်။2023 ရဲ့နောက်ဆုံးထွက်အနေနဲ့ အသစ်စက်စက် မင်းသမီးလေးတစ်ယောက်ကို စင်တင်မိတ်ဆက်ပေးလိုက်တဲ့ဇာတ်ကားဖြစ်ပါတယ်။ Rica Gonzales လို့ခေါ်ပြီး အလှအပနေရာမှာတော့ ရှေ့က စီနီယာမမတွေထက်မလျော့သလို တခြားနေရာမှာလည်း တင်းပြည့်ကျပ်ပြည့်ဖြစ်တဲ့အတွက် Vivamax's Crush အသစ်လေးကို အားပေးရှုစားအကဲဖြတ်ကြရအောင်ပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 900MB Quality - 1080p, 720p IMDb Rating - ...
movie
[18+] Hibang (2023)
2023
[18+] Hosto (2023)
Hosto (2023)ပက်ထရစ်ဟာ ငယ်ရွယ်စဉ်က ထင်ရာစိုင်းခဲ့တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ သားတစ်ယောက်အဖေဘဝနဲ့ ဘဝကိုကြိုးစားတည်ဆောက်နေပါတယ်။ သူ့မှာ ဇနီးအပြင် ချစ်သူအမျိုးသားလည်းရှိပြီးတော့ အဲဒီအမျိုးသားက သူ့အတွက်အစစအရာရာ ပံ့ပိုးဖြည့်ဆည်းပေးနေတဲ့သူပါ။ သူ့အိပ်မက်ကတော့ ဂျပန်မှာစာသင်ရင်းအလုပ်သွားလုပ်ဖို့ဖြစ်ပြီး အဲဒါတွေကလည်း သူ့သားရဲ့အနာဂတ်နဲ့ သူ့မိသားစုအတွက်ပါပဲ။တကယ်တမ်း သူဂျပန်ကိုရောက်ရှိချိန်မှာတော့ စိတ်ကူးတွေထဲကနဲ့ အစစအရာရာ ကွာခြားနေခဲ့ပြီး လိုအပ်ချက်တွေများလွန်းတဲ့ သူ့မိသားစု၊ အထူးစောင့်ရှောက်မှုလိုအပ်နေတဲ့ သူ့ကလေးအတွက် ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ကြိုးစားသမျှတွေ အရာမထင်ဖန်များလာတဲ့နောက် သူနဲ့အတူနေမိတ်ဆွေ ရစ်ချတ်ရဲ့မိတ်ဆက်ပေးမှုနဲ့ ဂျပန်နိုင်ငံရဲ့ Nightlife ထဲမှာ Hosto တစ်ယောက်အဖြစ် အချိန်ပိုင်းလုပ်ဖို့ဖြစ်လာပါတော့တယ် (Hosto ဆိုတာအမျိုးသမီးကြီးတွေနဲ့ အတူထိုင်သောက် စကားပြော လိုအပ်ရင်အဆုံးထိလိုက်လျောရတဲ့အမျိုးသားဂေးရှားသဘောမျိုးပါ)။ဒါပေမဲ့လည်း မိသားစုအတွက် တိုင်းတစ်ပါးမှာ အဆုံးစွန် စွန့်လွှတ်အနစ်နာခံနေမှုတွေကတစ်ဖက်၊ အဲဒီလိုအလုပ်တွေလုပ်နေရတဲ့အတွက် သူ့ဇနီးအပေါ်၊ ချစ်သူအပေါ်၊ သူ့လိပ်ပြာသူမလုံတဲ့ စိတ်တွေနဲ့ရှေ့ဆက်ဖို့ ခက်ခဲလာနေတဲ့ ပက်ထရစ်တစ်ယောက် သူ့အိမ်ရှင်ရဲ့သမီးဖြစ်တဲ့ သီယာဆိုတဲ့မိန်းကလေးက သူ့ကိုကယ်တင်တဲ့အနေနဲ့ သူနဲ့ဟန်ဆောင်လက်ထပ်ဖို့ကမ်းလှမ်းလာတဲ့အခါ... ချစ်သူတွေဝိုင်းနေတဲ့ ...
movie
[18+] Hosto (2023)
2023
Tag-init (2023) 18+
မာတင်ဆိုတဲ့ကောင်လေးဟာ တစ်ခုသော နွေရာသီမှာ သူ့အစ်ကို၊ သူ့အစ်ကိုသူငယ်ချင်းနဲ့အတူ အပန်းဖြေကမ်းခြေတစ်ခုကိုရောက်ရှိခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်ဟာ သူ့ဘဝအတွက် တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကြုံဆုံလာရမယ့် ကာလတစ်ခုဖြစ်လာမယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။ သူ့အစ်ကိုနဲ့အတူ ပါလာတဲ့သူငယ်ချင်းက ရည်းစားမက သူငယ်ချင်းမကျကောင်မလေးတစ်ယောက် ခေါ်လာပါတယ်။သူ့အစ်ကိုအပါအဝင် သုံးယောက်လုံးက သောက်လိုက်စားလိုက် ဝိတွေချလိုက်နဲ့ ပျော်ပါးနေချိန်မှာ အဲ့ဒါမျိုးတွေမလုပ်တတ်တဲ့အတွက် သူကတော့ ကမ်းခြေတစ်လျှောက်စူးစမ်းမိပါတယ်။ အဲ့ဒီမှာ သူမြင်ခဲ့ရတာ နေဝင်ဆည်းဆာရောင်အောက်မှာ ဘီကနီနဲ့ရေထဲလမ်းလျှောက်နေတဲ့ သိပ်လှတဲ့ မမကြီးတစ်ယောက်ကိုပါပဲ။ နောက်ပိုင်း လစ်ရင်လစ်သလို အဲ့ဒီ မမရှိတဲ့ ဘက်ကိုသွားသွားနေမိရင်း အဲ့ဒီမမက သူ့ကိုခေါ်နူတ်ဆက်ရင်း စကားလက်ဆုံကျမိသွားတဲ့ညနေတစ်ခုမှာတော့ လူပျိုဖြန်းလေးတစ်ယောက် အရူးအမဲသားကျွေးသလို ဆတ်ဆတ်ခါသွားခဲ့ပါတော့တယ်။ အဲ့ဒီမမဟာသူတို့တည်းတဲ့ တည်းခိုအိမ်ဘေးက အပန်းဖြေအိမ်ပိုင်ရှင်အကောင်ကြီးကြီးတစ်ယောက်သားရဲ့အငယ်အနှောင်းလေးဖြစ်တယ်။ အဲ့ဒီမမဟာ သူ့ချစ်သူလို့ထင်တဲ့လူက အချိန်မပေးလို့ စိတ်ထွက်ပေါက်ရှာနေတယ်။ တစ်ဖက်ကလဲသူ့အစ်ကိုသူငယ်ချင်းခေါ်လာတဲ့ အစ်မကြီးကလဲ သူ့ကိုပညာစုံသင်ပေးဖို့ကမ်းလှမ်းနေတဲ့အချိန်ဖြစ်နေတဲ့အခါမှာတော့..။ မာတင် အတွက်တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကို ခံစားကြုံဆုံရမယ့် ခရီးတစ်ခုဖြစ်လာပါတော့တယ်။ အားလုံးနဲ့ ရင်းနှီးလောက်ဖြစ်တဲ့ Franki Russell ကမမကြီး Adele အဖြစ်၊Lovely Ladies Dormitory မှာဂျက်ကလင်းဇာတ်ရုပ်နဲ့တက်သစ်စဖြစ်လာခဲ့ပြီဖြစ်တဲ့ Yen Renee Durano တို့က မာတင့်ကို ...
movie
Tag-init (2023) 18+
7.3
[18+] Alapaap (2022)
Alapaap (2022)~ IMDb rating - 7.3/10 ~အဲရစ်ဦးဆောင်တဲ့ သူငယ်ချင်းအုပ်စုဟာ အခုချိန်မှာ ရုပ်ရှင်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ အဲရစ်ရဲ့ Thesis အတွက် မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်မြောက်ရေးကို ဝိုင်းဝန်းကူညီနေကြပါတယ်။အားလုံးဟာ လူချမ်းသာ အသိုင်းအဝိုင်းကြီးတွေက မွေးဖွားဆင်းသက်လာတဲ့ ဘဝအပေါ်ရှုမြင်တွေးခေါ်ပုံတွေကအစ အစဉ်အလာနဲ့ဖောက်ထွက်ဆန့်ကျင်ကြတဲ့ လူငယ်ပညာတတ်တွေဖြစ်ပြီး K တွေ E တွေကို ပဲကြီးလှော်လိုသုံးစွဲ လိင်မှုကိစ္စအရာမှာလဲ ပွင့်လင်းလွတ်လပ်အစွန်းရောက်လွန်းပြီး Orgy တွေ သီရိစံတွေ ဘာညာဆိုတာ သူတို့ဘဝမှာနေ့စဉ်ထမင်းစားရေသောက်ပါ။အားလုံးဟာ အတိတ်စိတ်ဒဏ်ရာတွေ အမှောင်ကိုယ်စီရှိတဲ့လူတွေဖြစ်ပေမယ့် လက်ရှိဘဝမှာတော့ အားလုံးကိုမေ့ထားပြီး ပေါ့ပေါ့ပါးပါးနေထိုင်ကြပါတယ်။ အဲရစ်ရဲ့မှတ်တမ်းရုပ်ရှင်ဟာ ဖိလစ်ပိုင်အစွန်အဖျားက ဘန်ယန်ဆိုတဲ့ ရှေးဟောင်းတိုင်းရင်းမျိုးနွယ်စုတစ်ခုအကြောင်းဖြစ်တဲ့အတွက် အဲ့ဒီနေရာကို ကုန်းတစ်တန်ရေတစ်တန်နဲ့ ခရီးသွားဖို့ဖြစ်လာတဲ့နောက်မှာတော့ အဲ့ဒီခရီးဟာ သူတို့ဘဝတွေကို တစ်ဆစ်ချိုးပြောင်းလဲစေမယ့် တစ်သက်မမေ့နိုင်စရာ ခရီးတစ်ခုဖြစ်လာပါတော့တယ်။အဖော်အချွတ်တွေ လိင်ဆက်ဆံခန်းတွေ ပုံမှန်ထက်ပိုကြမ်းတမ်းတဲ့အပြင် သွေးထွက်သံယိုတွေ၊ ရက်စက်တဲ့ပြကွက်တွေလဲ အများကြီးပါဝင်တဲ့အတွက် စိတ်မထိန်းနိုင်တဲ့သူတွေ အသည်းငယ်တဲ့သူတွေကြည့်ဖို့မသင့်တော်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ...
movie
[18+] Alapaap (2022)
2022
[18+] Kara Krus (2022)
Kara Krus (2022)အန်ဒယ်လာဟာ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ သူ့အပေါ် အရိပ်အကဲကြည့် အလိုလိုက် အောင်မြင်တဲ့ရှေ့နေ ခင်ပွန်းသည်၊ ချစ်စဖွယ်သမီးငယ်လေးနဲ့ အတူနေမိခင်တို့ကြောင့် သူ့ဘဝမှာ လိုလေသေးမရှိဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ဘယ်သူမှမသိပဲ အန်ဒယ်လာတစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ ဘယ်သူမှအနားမရှိချိန်မှာ ရောက်လာတတ်တဲ့ လယ်နာဆိုတဲ့ သူနဲ့ တစ်ထေရာတည်းတူတဲ့ မိန်းမငယ်တစ်ယောက်ပါပဲ။လယ်နာဟာ သူသတိလွတ် မိန်းမောချိန်တွေမှာ သူ့ခန္ဓာကိုယ်ကို ဝင်ရောက်ပြီး ကလပ်တက် လျှောက်သွား ယောက်ျားတကာနဲ့ ပျော်ပါးတာမျိုးတွေ လုပ်တတ်ပါတယ်။ အဆိုးဆုံးအချက်ကတော့ သူနဲ့ဆက်ဆံပြီးတဲ့ယောက်ျားတွေကို မထင်ရင်မထင်သလို သတ်ပစ်တဲ့အထိ သောင်းကျန်းတာပါပဲ။ ဒါတွေကို သူအမျိုးမျိုးဟန့်တားပေမယ့် မအောင်မြင်ပဲ တစ်နေ့မှာတော့ လယ်နာက ဒီလိုတစ်လှည့်စီမနေနိုင်တော့ပဲ သူ့ခန္ဓာကိုယ်ကိုအမြဲတမ်းအပိုင်စီးတော့မှာဖြစ်ကြောင်း ခြိမ်းခြောက်လာပါတော့တယ်။လယ်နာဟာ သူ့အနားမှာစွဲကပ်နေတဲ့ မကျွတ်လွတ်တဲ့ ဝိညာဉ်တစ်ခုလား...? ဒါမှမဟုတ် သူ့ကိုယ်တိုင်ရဲ့စရိုက်ခွဲတစ်ခုလား...? အတိတ်ရဲ့ခြောက်လှန့်မှုတစ်စုံတစ်ရာများလားဆိုတာတော့ ကိုယ်တိုင်ပဲ ခန့် "မှန်း" ရင်း ဆက်လက်အဖြေရှာလိုက်ကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias ...
movie
[18+] Kara Krus (2022)
2022