Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alexandre Nguyen
Tall Tales from the Magical Garden of Antoon Krings (2017)
Tall Tales from the Magical Garden of Antoon Krings (2017)အသွင်သစ်နဲ့ အမြင်ဆန်းမယ့် ပိုးကောင်ကမ္ဘာကို တစ်ခါလောက်အလည်သွားကြရအောင်...ပိုးကောင်လေးတွေမှာလည်း နေ့ထွက်ပိုးကောင်ရှိသလို ညဘက်မှာမှထွက်ကြတဲ့ပိုးကောင်လေးတွေလည်း ရှိကြတယ်မလား? အဲ့ဒီလို နေ့နဲ့ညကွဲနေလို့လည်း ပိုးကောင်လေးတွေကခွဲခြားဆက်ဆံခံရတာတွေရှိပါသတဲ့။ဇာတ်လိုက်ကျော်ကတော့ ပန်းဉယျာဉ်လေးကို အသက်ဝင်အောင် ကာကွယ်ပေးနေတဲ့ ပျားအုံဘုရင်မ မက်ဂွါရီလေးပါ။ ပျားဘုရင်မတို့တာဝန်အတိုင်း လုပ်သားပျားတွေကို စောင့်ရှောက်ရတယ်။ ပျားရည်ထုတ်လုပ်တဲ့နေရာမှာ စီစဉ်ရတယ်။ ပျားအကောင်ပေါက်လေးတွေကိုလည်း ပြုစုရတယ်။ တာဝန်တွေအရမ်းများလွန်းပြီး လွတ်လပ်မှုတွေဆုံးရှုံးရတာကြောင့် သာမာန်ပိုးကောင်လေးပဲ ဖြစ်ချင်ပါတယ်ဆိုပြီး အမြဲတမ်းဆုတောင်းနေခဲ့သူပါ။တစ်နေ့မှာ နယ်လှည့်အနုပညာရှင် နှံကောင်လေးတစ်ကောင် မက်ဂွါရီတို့ ဥယျာဉ်ထဲကို ရောက်လာပါတယ်။ သူစိမ်းပိုးကောင်ရောက်လာလို့ အားလုံးက သတိနဲ့နေကြပေမယ့် ဝင်ဒီလို့ခေါ်တဲ့ နကျယ်ကောင်ကတော့ နှံကောင်လေးနဲ့ အပေးအယူလုပ်ဖို့ ချည်းကပ်ခဲ့ပါတယ်။ပျားပိတုန်းတွေနေထိုင်တဲ့ ဥယျာဉ်ထဲမှာ နကျယ်ကောင်နဲ့နှံကောင်တို့ ဘယ်လိုအပေးအယူလုပ်ခဲ့ကြလဲ ? ပိုးကောင်တို့ကမ္ဘာကရော ကိုယ်တွေထင်သလို ရိုးရှင်းကြရဲ့လားဆိုတာကို ဘဝအမောတွေဖြေရင်း အားလပ်ရက်မှာ အေးအေးဆေးဆေးလေး ကြည့်လိုက်ကြရအောင်နော်... File size… 1 GB / 491 MB Quality… WEB-DL 1080p ...
movie
Tall Tales from the Magical Garden of Antoon Krings (2017)
6.2
Miraculous: Ladybug & Cat Noir, The Movie (2023)
Miraculous : Ladybug & Cat Noir, The Movie (2023)ပေါ့ပေါ့ပါးပါး superhero ကာတွန်းလေးတွေကြိုက်တဲ့လူတိုင်းသိကြတဲ့ ပြင်သစ်ဂျပန် ဖက်စပ်လက်ရာလေးဖြစ်တဲ့ Miraculous seriesကြီးရဲ့ movie version ထွက်ရှိလို့လာပါပြီ။ ကလေးကြိုက်ကာတွန်းပီပီ အခွီလေးတွေလည်းပါ အစွမ်းတွေသုံးပြီးချတဲ့ ဝူးရှူးဝါးရှားလေးတွေလည်းပါမှာဆိုတော့ ပိတ်ရက်မှာအပျင်းပြေကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။မယ်ရီနက်ဆိုတဲ့ကောင်မလေးဟာ warming familyကလာတဲ့ အချစ်ခံကောင်မလေးတစ်ယောက် ဒါပေမဲ့ နမော်နမဲ့နဲ့ အမြဲဗရုတ်သုတ်ခရှုပ်ပွနေတတ်တဲ့ ပြဿနာအိုးမလေးဆိုရင်လည်း မမှားပါဘူး။ ပြဿနာနဲ့ သူငယ်ချင်းပေါင်းပေါင်းနေတဲ့ မယ်ရီနက်ကို ပေါင်းရဲတဲ့သူငယ်ချင်းကလည်းမရှိတော့ teenage issueပေါင်းစုံနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကလည်းမရှိ အနိုင်ကျင့်ချင်သူတွေ အပုပ်ချချင်သူတွေလည်း ဒုနဲ့ဒေးပေါ့။မယ်ရီနက်နဲ့ဆန့်ကျင်ဘက်ကမ္ဘာမှာတော့ အေဒရီယန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါသတဲ့။ အေဒရီယန်ဟာ ဥစ္စာပေါ ရုပ်ချောဖြစ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပြီး အပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေတဲ့ စော်ကြည်ဘဲလေးပေါ့။ ဒါပေမဲ့ အနေအထိုင်အသွားအလာအကုန်ဆင်ခြင်ပြီးနေရတဲ့ဘဝမှာ ရှင်သန်နေရတဲ့ အပြင် မိဘမေတ္တာငတ်မွတ်နေရတဲ့ ပြီးပြည့်စုံတယ်ထင်ရတဲ့ ဒီလူသားလေးရဲ့ကွက်လပ်ကို ဘယ်သူမှမမြင်ပါဘူး။ အမေဖြစ်သူဆုံးသွားပြီးထဲက အလုပ်ကိုပဲမြင်တော့တဲ့အဖေကြောင့် အေးစက်နေတဲ့ သူဟာလည်း တစ်မျိုးတစ်ဖုံ အထီးကျန်နေပါတော့တယ်။ဒီလိုနဲ့ ...
movie
Miraculous: Ladybug & Cat Noir, The Movie (2023)
2023
7.2
578: Magnum (2022)
578 : Magnum(2022)2022 ခုနှစ်ထွက် ဗီယက်နမ် အက်ရှင်ကားလေးပါ။ဇာတ်လမ်းအကျဉ်း ~ဟုန်က ထရပ်ကားမောင်းတဲ့သူ ဖြစ်ပြီးတော့ အန် ဆိုတဲ့ သိပ်ချစ်ရတဲ့ သမီးလေး တစ်ယောက်ရှိပါတယ်။ ဟုန်က အန့်ကို သွားလေရာ ခေါ်သွားလေ့ရှိပေမဲ့ အန် ကျောင်းတက်ရမယ့်အရွယ် ရောက်လာပြီး ကျောင်းကို ပို့လိုက်ရာကနေ ဇာတ်လမ်းက စပါတယ်။တစ်နေ့မှာ ဟုန့်ဆီကို သမီးလေးအန် စိတ်ကစဉ့်ကလျား ရောဂါ ခံစားနေရတဲ့အကြောင်း ကျောင်းကနေ အကြောင်းကြားလာပါတယ်။ အန်က အကြောက်လွန်ရာကနေ စိတ်ကစဉ့်ကလျားဖြစ်ပြီး ဘယ်သူနဲ့မှ စကားမပြောတော့တဲ့အပြင် အဖေဖြစ်သူ ဟုန့်ကိုပါ အနားအကပ်မခံတော့တဲ့အထိ အခြေအနေက ဆိုးဝါးနေပါတယ်။အဲဒီနောက်မှာတော့ အန့်ကို ဒီလိုအခြေအနေဖြစ်အောင်လုပ်သွားတဲ့ တရားခံကို လိုက်ရင်း ဟုန်တစ်ယောက် ဧရာမ ဒုစရိုက်ဂိုဏ်းကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်ရပုံကို ရှုစားကြရမှာပါ။ ~~~~~ဇာတ်လမ်းက ကြည့်လိုက်ရင်တော့ သာမန် အက်ရှင်ကားတစ်ကားလို့ ထင်ချင်စရာပါ။ဒါပေမဲ့ 2023 အော်စကာပွဲရဲ့ Best Internaltional Feature Film Award Category မှာ ဗီယက်နမ်နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇာတ်ကား၊ Father ...
movie
578: Magnum (2022)
2022
6.5
Valerian and the City of a Thousand Planets (2017)
Valerian and the City of a Thousand Planets (2017) IMDb - 6.5/10_____Rotten - 48% 2017 July မှာ စတင်ရုံတင်ပြခဲ့တဲ့ Sci-Fi, Space Adventure ဇာတ်ကားလေးပါ။ဒီဇာတ်ကားကို the fifth element , Lucy, messenger အစရှိတဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Luc Besson က သူငယ်ငယ်ကတည်းက သိပ်ကြိုက်နှစ်သက်ခဲ့ရတဲ့ ၁၉၆၇ နှစ်ကတည်းက စတင်ထွက်စတင်ထွက်ရှိလာတဲ့ပြင်သစ်သိပ္ပံကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ဒီကာတွန်းဇာတ်လမ်းတွဲက အရမ်းလူကြိုက်များပြီး စာအုပ်ပေါင်း ၁၀သိန်းကျော်အထိ ထုတ်ဝေဖြန့်ချီပြီး ဘာသာစကားပေါင်း ၁၂မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာကိုယ်တိုင် သိပ်ကြိုက်ခဲ့တဲ့ အာကာသဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အာကာသယာဉ်တွေ အာကာသခစန်းတွေ ဆန်းပြားတဲ့လက်နက်တွေ ထူးဆန်းတဲ့ဂြိုဟ်သားတွေ ဆန်းပြားတဲ့သတ္တဝါမျိုးစုံတွေ စတာကို သူ့စိတ်ကြိုက် အထူးပုံဖော်ထားလို့ ဘတ်ဂျက်က US 209 ...
movie
Valerian and the City of a Thousand Planets (2017)
2017
6.6
Life (2017)
သိပံံံံံံရုပ်ရှင်တွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ခံစားမှုအသစ်ပေးမယ့်ဇာတ်ကားကောင်းလေးပါ။ယခုနှစ်၂၀၁၇မတ်၂၄ကမှထုတ်လိုက်တဲ့ကားသစ်လေးဖြစ်ပါတယ်။အမြင်တမျိုးနဲ့ကြည့်ရတာကောင်းတဲ့ကားလေးတကားဖြစ်ပါတယ်။နိုင်ငံပေါင်းစုံကအာကာသပညာရှင်တစုဟာနိုင်ငံတကအာကာသစခန်းမှာအတူတူအင်္ဂါဂြိုလ်ကိုလေ့လာရင်းအလုပ်လုပ်နေကြတာပါ။သမိုင်းမှာအရေးကြီးတဲ့ရှာဖွေမှုဖြစ်တဲ့ကမ္ဘာအပြင်တခြားဘယ်နေရာတွေမှာသက်ရှိတွေရှိလဲဆိုတာကိုရှာဖွေလေ့လာနေကြတာပါ။ကံကောင်းစွာပဲအင်္ဂါဂြိုလ်ကယူလာတဲ့မြေနမူနာတွေကိုစမ်းသပ်လိုက်တဲ့အခါသက်ရှိဖြစ်လာမယ့်ကလပ်စည်းလေးကိုတွေ့ရှိသွားပါတယ်တွေ့ရှိမှုအတွက်အားလုံးဝမ်းသာဝမ်းမြောက်ဖြစ်ကြရပြီးနိုင်ငံတကာကပါအားပေးခဲ့ကြပါတယ်။ဒါပေမယ့်ရုတ်တရတ်ပဲမတော်တဆအမှားတခုဖြစ်သွားပြီးတဲ့နောက်မှာတော့အဲဒီသက်ရှိမျိုးစိတ်လေးကလှုပ်ရှားမှုမရှိတော့ပါဘူး။ဒါပေမယ့်လူသားပေပဲ။မဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ်တတ်တာလဲလူသားတွေပါပဲ။အဲဒီဖြစ်လာတဲ့အကျိုးဆက်ကိုခံစားရတာလဲလူပါပဲ။အဲလိုပဲကယ်ဗင်လို့သူတို့နာမည်ပေးထာတဲ့အင်္ဂါဂြိုလ်ကသက်ရှိလေးကိုပြန်လည်အသက်သွင်းပြီးမူလအခြေအနေနဲ့မတူပဲထူးဆန်းစွာပြုမှုနေတဲ့အခါမှာတော့အာကာသပညာရှင်ကြီးတွေဘယ်လိုလုပ်ကြမလဲ။အဲဒီကယ်ဗင်လေးကရောဘယ်လိုတွေကံမကောင်းမှုတွေယူလာမလဲ။သူ့ရန်ကနေအာကာသပညာရှင်တွေကာကွယ်နိုင်မှာလား။ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုတဲ့သူတို့ဆန္ဒတွေပြည့်ဝမလားဆိုတာတော့ဇာတ်ကားလေးမှာဆက်ကြည့်လိုက်ပါဦးဗျာ။စိတ်လှုပ်ရှားမှုတွေပေးမှာဖြစ်ပြီးတကယ်ကြည့်ကောင်းစေမယ့်ကားလေးပါ။ဇာတ်ကားနောက်ပိုင်းရောက်လေပိုပြီးစိတ်လှုပ်ရှားရလေပါပဲ။ရုံဝင်ငွေ၉၃.၅သန်းထိဝင်ခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။အားလပ်ချိန်ကိုစိတ်အပန်းပြေစေ၊စိတ်ကျေနပ်စေမယ့်ကားလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)----------------------------------------------------------သိပံံံံံံရုပ္ရွင္ေတြၾကိဳက္တဲ့ပရိတ္သတ္ေတြအတြက္ေတာ့ခံစားမႈအသစ္ေပးမယ့္ဇာတ္ကားေကာင္းေလးပါ။ယခုႏွစ္၂၀၁၇မတ္၂၄ကမွထုတ္လိုက္တဲ့ကားသစ္ေလးျဖစ္ပါတယ္။အျမင္တမ်ဳိးနဲ႕ၾကည့္ရတာေကာင္းတဲ့ကားေလးတကားျဖစ္ပါတယ္။ႏိုင္ငံေပါင္းစံုကအာကာသပညာရွင္တစုဟာႏိုင္ငံတကအာကာသစခန္းမွာအတူတူအဂၤါျဂိဳလ္ကိုေလ့လာရင္းအလုပ္လုပ္ေနၾကတာပါ။သမိုင္းမွာအေရးၾကီးတဲ့ရွာေဖြမႈျဖစ္တဲ့ကမာၻအျပင္တျခားဘယ္ေနရာေတြမွာသက္ရွိေတြရွိလဲဆိုတာကိုရွာေဖြေလ့လာေနၾကတာပါ။ကံေကာင္းစြာပဲအဂၤါျဂိဳလ္ကယူလာတဲ့ေျမနမူနာေတြကိုစမ္းသပ္လိုက္တဲ့အခါသက္ရွိျဖစ္လာမယ့္ကလပ္စည္းေလးကိုေတြ႕ရွိသြားပါတယ္ေတြ႕ရွိမႈအတြက္အားလံုး၀မ္းသာ၀မ္းေျမာက္ျဖစ္ၾကရျပီးႏိုင္ငံတကာကပါအားေပးခဲ့ၾကပါတယ္။ဒါေပမယ့္ရုတ္တရတ္ပဲမေတာ္တဆအမွားတခုျဖစ္သြားျပီးတဲ့ေနာက္မွာေတာ့အဲဒီသက္ရွိမ်ဳိးစိတ္ေလးကလႈပ္ရွားမႈမရွိေတာ့ပါဘူး။ဒါေပမယ့္လူသားေပပဲ။မျဖစ္ႏိုင္ဘူးဆိုတာကိုျဖစ္ေအာင္လုပ္တတ္တာလဲလူသားေတြပါပဲ။အဲဒီျဖစ္လာတဲ့အက်ဳိးဆက္ကိုခံစားရတာလဲလူပါပဲ။အဲလိုပဲကယ္ဗင္လို႕သူတို႕နာမည္ေပးထာတဲ့အဂၤါျဂိဳလ္ကသက္ရွိေလးကိုျပန္လည္အသက္သြင္းျပီးမူလအေျခအေနနဲ႕မတူပဲထူးဆန္းစြာျပဳမႈေနတဲ့အခါမွာေတာ့အာကာသပညာရွင္ၾကီးေတြဘယ္လိုလုပ္ၾကမလဲ။အဲဒီကယ္ဗင္ေလးကေရာဘယ္လိုေတြကံမေကာင္းမႈေတြယူလာမလဲ။သူ႕ရန္ကေနအာကာသပညာရွင္ေတြကာကြယ္ႏိုင္မွာလား။ကမာၻၾကီးကိုကယ္တင္မယ္ဆိုတဲ့သူတို႕ဆႏၵေတြျပည့္၀မလားဆိုတာေတာ့ဇာတ္ကားေလးမွာဆက္ၾကည့္လိုက္ပါဦးဗ်ာ။စိတ္လႈပ္ရွားမႈေတြေပးမွာျဖစ္ျပီးတကယ္ၾကည့္ေကာင္းေစမယ့္ကားေလးပါ။ဇာတ္ကားေနာက္ပိုင္းေရာက္ေလပိုျပီးစိတ္လႈပ္ရွားရေလပါပဲ။ရုံ၀င္ေငြ၉၃.၅သန္းထိ၀င္ခဲ့တဲ့ကားေလးလည္းျဖစ္ပါတယ္။အားလပ္ခ်ိန္ကိုစိတ္အပန္းေျပေစ၊စိတ္ေက်နပ္ေစမယ့္ကားေလးျဖစ္ပါတယ္။(ဇာတ္လမ္းအညႊန္းနဲ.ဘာသာျပန္သူကေတာ့ Fridays ပဲျဖစ္ပါတယ္)File Size : 751 MB Quality : Bluray 720p Running Time : 1hr 44minutes Format : Mp4 Genre : Horror, Sci-Fi, Thriller Translator : Fridays Encoder :Thanhtike Zaw
movie
Life (2017)