Channel Myanmar

Alexandra Radescu

The Whistleblower (2010) 7.1
The Whistleblower (2010)  ၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာLarysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး RachelWeisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်းDynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးစောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲအရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာအဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက်ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာတာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှုအဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီးဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကိုအံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကိုနှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်းကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာအခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီးမတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကိုအမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ...
movie

The Whistleblower (2010)