Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alexander Yassin
6.4
A Cure for Wellness (2016)
A Cure for Wellness (2016)IMDb Rating (6.4)ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ ဇာတ်လမ်းကတော့.... ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ......။ File ...
movie
A Cure for Wellness (2016)
5.3
Passion (2013)
ဒါရိုက်တာ Brian De Palma ရဲ့လက်ရာကောင်းတခုပါ။စီးပွါးရေးလောက ထဲက မိန်းမနှစ်ဦးရဲ့ ယှဉ်ပြိုင်မှုတဦးကိုတဦးဘယ်လို ကျော်တက် အနိုင်ယူ အသုံးချမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်သရုပ်ဆောင် ၂ဦးကတော့ ပရိတ်သတ်နဲ့ရင်းနှီးပြီးသား ဖြစ်မယ့်The notebooks တို့ Mean Girls တို့မှမင်းသမီးRachel McAdams နဲ့ Noomi Rapace တို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုဟာ ပြင်းထန်လာတာနှင့်အမျှသစ္စာဖောက်တာတွေ အသုံးချတာတွေ လက်စားချေလာတွေပါပါလာတော့ နောက်ဆုံးမှာ လူသတ်မှုအထိဖြစ်လာပါတော့တယ်။ဒီ “ Passion” ဆိုတဲ့ဇာတ်လမ်းဟာ ကော်ပိုရိတ်စီးပွါးရေးလောကရဲ့လူအများစုမမြင်ကြတဲ့အမှောင်ဖက်ခြမ်းကိုThriller ဆန်ဆန် ရိုက်ပြထားတာဖြစ်ပါတယ်။ကြည့်ရှူခံစားကြည့်ကြ ပါလို့ပဲအကြံပေးလိုက်ပါတယ်ခင်ဗျာ File size… 1.1 GB / 657 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie
Passion (2013)
6.6
The Hunger Games: Mockingjay – Part 2 (2015)
The Hunger Games: Mockingjay - Part 2 (2015)IMDb Rating (6.5) / Rotten Tomatoes (70%)ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie
The Hunger Games: Mockingjay – Part 2 (2015)
2015
4K HEVC
6.6
Jason Bourne (2016)
Jason Bourne (2016)IMDb Rating (6.6) / Rotten Tomatoes (54%)++++++++++++++++++++++Jason Bourne2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason Bourne တစ်ယောက်ဟာ CIA ရဲ့အရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်လာခဲ့တာ Bourne Identity (2002), Bourne Supermacy (2004), Bourne Ultimatum ...
movie
Jason Bourne (2016)
4K HEVC
6.4
Ninja Assassin (2009)
IMDB: (6.4/10)ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Rain ပါ၀င်သရုပ်ဆောင်ထားတဲ့ Ninja Assassin ကို BluRay HEVC Quality နဲ့ Update တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းပုံစံကတော့ လူသတ်သမားဂိုဏ်းကို အစပျိုးဖို့ အတွက် မိဘမဲ့ လူငယ်လေးတွေကို သိုင်းသင်ပေးနေတဲ့ အဖွဲ့ အစည်းတစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ အစကတော့ ဒီအသင်းအဖွဲ့ က မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့ ငရဲခန်းတစ်ခုအဖြစ်သိလာတဲ့နောက် ထွက်ပြေးဖို့ကြံရွယ်ကြသူတွေရှိကြသလို မိသွားခဲ့ရင်တော့ မတွေးရဲစရာ နှိပ်စက်အပြစ်ပေးတတ်ပါတယ်။ဒီလိုနဲ့ Rain တစ်ယောက်ဟာလဲ ဒီဂိုဏ်းအဖွဲ့ထဲကနေထွက်ပြေးခဲ့ပါတယ်... ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး အဖွဲ့ပေါ် သစ္စာဖောက်သူတွေနဲ့ ထွက်ပြေးသူတွေကိုသတ်ဖြတ်ကြပါတော့တယ်...သွေးသံရဲရဲ မြင်ကွင်းတွေ အများကြီးပါ၀င်လို့ နှလုံးအားနည်းသူတွေ မကြည့်သင့်ပါဘူး။ File size…(1.9 GB) / (900 MB) Quality….BluRay HEVC 1080p / 720p Format…mkv/mp4 Duration….01:38:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Wai Zin
movie
Ninja Assassin (2009)
2009
HEVC 1080p
5.5
Mute (2018)
Mute ဇာတ်ကားဟာ2018မှာ Netflix filmကထုတ်လုပ်ခဲ့တဲ့ Sci-Fi - Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။Mute ဇာတ်ကားကို Warcraft(2016) ကိုတာဝန်ယူရိုက်ကူးခဲ့တဲ့ Director Duncan Jonesကရိုက်ကူးထားပြီးတော့ IMDb rating-5.4/10 ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ငယ်စဉ်က အက်စီးဒင့်တစ်ခုကြောင့်စကားမပြောနိုင်တော့တဲ့ Leo ဆိုတဲ့သူတစ်ယောက် သူ့ဘဝကိုနားလည်ပေးတဲ့တစ်ဦးတည်းသောချစ်သူ Naadirah နဲ့အတူ ဘားတစ်ခုမှာ အရက်စပ်တဲ့သူအဖြစ် လုပ်ကိုင်ရင်း ဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေခဲ့ပါတယ်။သူ့ရဲ့ချစ်သူ ထူးဆန်းစွာ ပျောက်ဆုံးသွားချိန်မှာတော့ Leo တစ်ယောက် သဲလွန်စတွေလိုက်ရှာပြီး သူ့ချစ်သူကိုပြန်ရှာတွေ့ဖို့ကြိုးစားရင် ဂိုဏ်းဆန်ဆန် အဖွဲ့တွေနဲ့ ပက်သက်မိသွားတဲ့အချိန်မှာတော့...Mute ဇတ်ကားက ဇာတ်အိမ်ကို 2052ခုနှစ် အနာဂါတ်သိပ္ပံလောကကို အခြေခံထားပြီးတော့ ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။Sci-fi အမျိုးအစားဖြစ်သည့်အားလျော်စွာခေတ်လွန် နည်းပညာ အသုံးအဆောင်ပစ္စည်းတွေနဲ့ ဖက်ရှင်တွေက ကြည့်ရူ့သူပုရိတ်သတ်ကို တမျိုးဆန်းစေမှာပါ File Size : (950 MB) and (400 MB) Quality ...
movie
Mute (2018)
2018
7.1
Race (2016)
Race (2016) IMDb - 7.1/10_____Rotten - 62% ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။ ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။ CM ပရိသတ်များ အားပေးလိုက်ကြပါဦး။ (ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်) File Size : 952 MB Quality : Blu ray 720P Running Time : 2hr 14 minute Format : Mp4 Genre : Biography,Drama,sport Encoder : Joker.phs
movie
Race (2016)
2016