Channel Myanmar

Alexander Pollock

The Santa Clause 2 (2002)
The Santa Clause 2 (2002)  ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါအဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ "ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်"ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ်စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Santa Clause 2 (2002)

They Nest (2000) 5.7
They Nest (2000) They Nest (2000)==============ရုပ်ရှင်ပရိသတ်တို့ကို ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Horror သိပ္ပံဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင် ဒေါက်တာဘန်ကေဟေးကခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ ဒါပေမဲ့ အရက်ဖြတ်ထားတဲ့အရှိန်ကြောင့်လူနာကို ခွဲစိတ်မယ်အလုပ်မှာ မခွဲစိတ်နိုင် ဖြစ်သွားရတယ်။ အဲဒီလိုနဲ့ သူကဆေးရုံကနေ ယာယီအနားယူဖို့ ဖိအားပေးခံခဲ့ရပါတယ်။ဆေးရုံကနေ နားတဲ့အချိန်မှာ သူ့ဇနီးနဲ့ ဝယ်ခဲ့တဲ့ အိမ်ရှိရာ ကျွန်းကိုထွက်လာခဲ့တယ်။ ကျွန်းကိုလာတဲ့လမ်းမှာ အိမ်ပိုင်ရှင်မိသားစုဝင်တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်သွားတယ်။ အဲဒီလူကသူ့အိမ်ကို ဝယ်လို့ ကေဟေးကို မကျေနပ်ခဲ့ဘူး။ ကေဟေးကျွန်းပေါ်ရောက်လာချိန်မှာလည်း ကန့်လန့်တွေတိုက်တော့တာပါပဲ။တကယ်တော့ အဲဒီကျွန်းပေါ်မှာ မကြာခဏ ထူးဆန်းတဲ့သေဆုံးမှုတွေဖြစ်နေခဲ့ပေမဲ့ အကြောင်းအရင်းကို မသိရဘူး။ မြို့နဲ့ဝေးတဲ့ နေရာမလို့အလောင်းခွဲစိတ်ပြီး စစ်ဆေးတာမျိုးလည်း မတတ်နိုင်ကြဘူး။တစ်နေ့မှာ ကေဟေးနဲ့ မတည့်တဲ့ အဲဒီအိမ်ပိုင်ရှင်ဟောင်းကသေသွားခဲ့ပါတယ်။ တစ်ကျွန်းလုံးက ကေဟေးသတ်တာလို့ပဲထင်ကြတော့တာပေါ့။ ဒါပေမဲ့ အဲဒီလူကို တကယ်သေစေခဲ့တဲ့အကြောင်းအရင်းက ဘာများဖြစ်နိုင်မလဲ။ အရှေ့က သေဆုံးမှုတွေနဲ့ဆက်စပ်နေမလား။ ကေဟေးကရော သူစွပ်စွဲခံရတာတွေကိုချေပဖို့ ဘယ်လိုဖော်ထုတ်မလဲဆိုတာကို They Nest ဆိုတဲ့ဇာတ်ကားထဲမှာ ...
movie

They Nest (2000)