Channel Myanmar

Alexander Oliver

In a Violent Nature (2024) 5.8
In a Violent Nature (2024)  Gore Slasher တွေအထွက်နည်းနေတဲ့အချိန်မှာတော့ အသစ်စက်စက်ဒီကားလေးဟာ Slasher ကြိုက်တဲ့သူတွေအတွက် ရေငတ်ပြေစေမှာပါ။ Personal အရတော့ Jason X တို့ Wrong Turn တို့လောက်တော့ သိပ်အားမရတာအမှန်ပဲ။ ဒါပေမယ့် ဒါရိုက်တာကလည်းတက်သစ်စ၊ ဘက်ဂျက်ကလည်းနည်းတော့ ဒီလောက်ကွာလတီရတာကိုပဲ မဆိုးဘူးလို့ဆိုရမယ့်ပုံပါ။ ဇာတ်လမ်းအရလည်း Prequel အတွက်လမ်းခင်းပေးထားတာတွေ့ရပါတယ်။ CM ပရိသတ်ကြီးကြိုက်မယ်ထင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူငယ်တစ်စုပျော်ပွဲစားထွက်ရင်း မယူသင့်တဲ့နေရာကပစ္စည်းကိုယူမိတဲ့အခါ မကျွတ်မလွတ်သေးတဲ့လူသတ်သမားဟာ ပြန်အသက်ဝင်လာပြီးတော့ သူ့ပိုင်နက်ထဲလာသမျှလူ အကုန်သတ်ပါတော့တယ်။ ဒါပါပဲ။ အဓိကကတော့ လူငယ်ခြေတက်ဒါရိုက်တာလေးရဲ့ Low budget movie လေးဟာ ဘယ်လောက်ကွာလတီရှိတယ်၊ ဘယ်လိုတွေပီပြင်အောင်လုပ်နိုင်တယ်ဆိုတာကို slasher ကြိုက်သူတွေအတွက် ရေငတ်ပြေ ခံစားကြရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex666 ပါ။ File size…(1.8 GB)/(1.5 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:34:00 Genre... Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

In a Violent Nature (2024)

Amadeus (1984) 8.3
Amadeus (1984) Amadeus (1984)[Unicode]အနုပညာတကာတို့ထဲမှာ ဂီတအနုပညာဟာ လူ့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်စွမ်းအရှိဆုံးအရာပါပဲ ။မိုးဇတ်ဆိုတာကတော့ ဂီတသမားတွေထဲ ပါရမီအထူးဆုံး အကျော်ကြားဆုံးတစ်‌ယောကပါ ၊ ဒီရုပ်ရှင်က မိုးဇတ်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။တစ်ရံတရာအခါတုန်းက ဝို့လ်ဖန် အာမာဒပ်စ် မိုးဇတ်လို့အမည်တွင်တဲ့ လူငယ်ကလေးတစ်ယောက်ရှိခဲ့ပါတယ် ၊ မိုးဇတ်ဟာ ဂီတအနုပညာနဲ့ပက်သက်ရင် အတော် ပါရမီကောင်းတဲ့ သူပါ ၊ အသက်လေးနှစ်မှာ စန္ဒားရားကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တဲ့အပြင် လေးနှစ်အရွယ်မှာ သီချင်းတစ်ပုဒ်စရေးခဲ့ပါတယ် ။သူ့ခေတ်သူ့အခါရဲ့ အနုပညာမြို့တော် ဗီယင်နာရဲ့ ဘုရင်ဟာ နာမည်ကျော် ဝို့လ်ဖန်း အမန်ဒပ်စ် မိုးဇတ်ကို သူ့ရဲ့ နန်းတော်ကို ဖိတ်ခေါ်ခဲ့ပါတယ် ၊ ပညာတော်သလောက် အနေမတော်တဲ့ မိုးဇတ်ဟာ စကားအပြောတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ။ ဘုရင်နဲ့ သူ့ဂီတမှူးတွေက ဂီတကို ချစ်တတ်ပေမဲ့လည်း မိုးဇတ်ရဲ့ ဂီတတွေရဲ့ ပြည့်စုံမှုကို ခံစားနိုင်စွမ်းမရှိကြတာကလည်း မိုးဇတ်နေရာမရခဲ့တဲ့ အကြောင်းတစ်ကြောင်းဖြစ်ခဲ့ပါတယ်။မိုးဇတ်ရဲ့ ဂီတတွေဟာ ပရိတ်သတ်လက်ခံအားပေးမှုနောက်ကို ဘယ်တော့မှ မလိုက်ခဲ့ပါဘူး ၊ ...
movie

Amadeus (1984)