Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alexander Morton
7.0
Croupier (1998)
Croupier ဇာတ်ကားဟာ ၁၉၉၈ ခုနှစ်ကထွက်ခဲ့တဲ့Crime Drama ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဝါရင့် မင်းသား Clive Owen အဓိကပါဝင် သရုပ်ဆောင်ထားတဲ့စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ခုပါ။ဇာတ်ကားထဲမှာ Clive သရုပ်ဆောင်ထားတဲ့ Jack ဟာနာမည်တစ်ခုရဖို့ ကြိုးစားနေတဲ့ စာရေးဆရာတစ်ယောက်ပါ။သူလမ်းကြောင်းပျောက်နေတုန်း သူ့အဖေက သူ့ကိုကာစီနိုတစ်ခုမှာ ဖဲဝိုင်းကိုင်တစ်ယောက်အနေနဲ့အလုပ်သွင်းပေးခဲ့ပါတယ်။ အဲဒီအလုပ်က သူ့ရဲ့တည်ငြိမ်နေတဲ့ဘဝကို ဘယ်လိုရှုပ်ထွေးစေမှာလဲ ဘာတွေ ထိခိုက်စေမှာလဲသူ ရုန်းထွက်နိုင်မှာလား သူပဲ ကြုံလာတဲ့ ပြဿနာတွေကိုအရှုံးပေးလိုက်ရမလား အမြတ်ထုတ်သွားမလားဆိုတာကိုစိတ်ဝင်စားဖွယ် ခံစားရမှာ ဖြစ်ပါတယ်ဖဲဝိုင်းကိုင်းတစ်ယောက်ရဲ့ ခံစားချက်၊ ကာစီနိုရဲ့ သဘောသဘာဝ၊လူတွေရဲ့ စိတ်နေစိတ်ထား စတာတွေကို ထင်သာအောင်ရိုက်ပြထားလို့ စိတ်ဝင်စားဖို့ အတော်ကောင်းတဲ့ကားလေးတစ်ကားဖြစ်ပါတယ်,.......... File size…1.99GB / 966MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Drama , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie
Croupier (1998)
5.8
I’ll Sleep When I’m Dead (2003)
I'll Sleep When I'm Dead ကတော့ ၂၀၀၃ ခုနှစ်ကထွက်ရှိခဲ့တဲ့မှုခင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ထူးဆန်းတဲ့အခြေအနေတွေနဲ့သေဆုံးသွားတဲ့ညီဖြစ်သူအကြောင်းစုံစမ်းဖို့ ဇာတိမြေကိုပြန်လည်ရောက်ရှိလာတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းတွေပါဝင်တာကြောင့် ကလေးငယ်တွေနဲ့အတူမကြည့်ရှု့သင့်ပါဘူး။ တစ်ချိန်က တစ်မြို့လုံးကဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ရာဇဝတ်ဂိုဏ်းဆောင်ဟောင်းဝီလ်ဂရေဟမ်ဟာ အရာအားလုံးကိုစွန့်လွှတ်ပြီး တောအုပ်လေးတစ်ခုထဲမှာ အလုပ်သမားတစ်ယောက်အဖြစ်မထင်မရှားလာရောက်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့အလုပ်ပြုတ်သွားပြီးတဲ့နောက် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ဝီလ်ဟာ လမ်းမှာ ညီဖြစ်သူဒေဗီကိုမြင်တွေ့လိုက်ရပေမယ့်ထင်ယောင်ထင်မှားမြင်မိတာသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့စိတ်ထင့်သွားတဲ့ဝီလ်ဟာ ဒေဗီဆီဖုန်းဆက်ကြည့်ခဲ့ပေမယ့်ဆက်သွယ်လို့မရတာကြောင့် မတတ်သာတဲ့အဆုံးမှာ ဇာတိမြို့ကိုပြန်လာခဲ့ရပါတော့တယ်။ ဝီလ်ပြန်ရောက်ချိန်မှာတော့ ဒေဗီကသေဆုံးနေခဲ့ပြီဖြစ်ပြီး သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲသံသယဖြစ်စရာတွေများတာကြောင့် ဝီလ်ဟာ အကြောင်းရင်းမှန်ကိုသိရဖို့ စတင်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဝီလ်ရဲ့ပြန်လည်ရောက်ရှိလာခြင်းက မြို့တွင်းမှာလက်ရှိမင်းမူနေတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖရန့်ခ်တန်နာကို ထိတ်လန့်စေခဲ့ပြီးဖရန့်ခ်ကလည်း ဝီလ်ကို မြို့ကပြန်လည်ထွက်ခွာသွားအောင်အစွမ်းကုန်ကြိုးစားလာပါတော့တယ်။ File size…1.95GB / 837MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
I’ll Sleep When I’m Dead (2003)
Valhalla Rising (2009)
Doctor Strange ဇာတ်ကားထဲက Ancient One ကို Kill ခဲ့တဲ့ ဗီလိန်မင်းသားကြီး Mads Mikkelsen အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama/Adventure ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့ကာလတစ်ခုကို အခြေခံရိုက်ကူးထားပြီး ခရစ်ယန် ဘာသာရေးအထူးစစ်သားအဖွဲ့တစ်ဖွဲ့ဟာ ဂျေရုစလင် ကိုပြန်လည်သိမ်းပိုက်ဖို့အတွက် ချီတက်ရင်း မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုနဲ့ကြုံခဲ့ရပြီး ကျွန်းတစ်ကျွန်းကို ရောက်သွားရာကနေ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတွေအမျိုးမျိုးနဲ့ကြုံတွေရတဲ့အကြောင်းကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Adventure, Drama, Action, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Valhalla Rising (2009)