Channel Myanmar

Alexa Goodall

Robin and the Hoods (2024) 5.0
Robin and the Hoods (2024)  ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တွေကိုကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကလေးသရုပ်ဆောင်တွေနဲ့အသားပေးရိုက်ကူးထားတဲ့ Fantasy Adventure ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းပုံစံက ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ကလေးတွေရဲ့စိတ်ကူးနဲ့ လက်တွေ့လောကနဲ့ကို ယှဉ်တွဲရိုက်ပြထားပြီးတော့ ကိုယ်တွေငယ်ငယ်တုန်းကလည်း သူတို့လိုစိတ်ကူးယဉ်ခဲ့ပါလားဆိုပြီးတော့ ငယ်ဘဝကိုပါ သတိရသွားစေပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Robin နဲ့သူငယ်ချင်းတစ်စုဟာ သူတို့အိမ်နားကသစ်တောထဲမှာ ကစားနေကျဖြစ်ပါတယ်။ တစ်နေ့ စီးပွားရေးလုပ်ငန်းတစ်ခုက အဆောက်အအုံတစ်ခုဆောက်ဖို့အတွက် သူတို့ရဲ့ကစားနေကျနေရာကို ဖျက်ဆီးပစ်ဖို့လုပ်လာပါတယ်။ အဲဒါကို Robin က သူရဲ့သူငယ်ချင်းတွေကိုဦးဆောင်ပြီးတော့ တားဖို့ကြိုးစားတဲ့အခါ ဘယ်လိုအဖြစ်အပျက်တွေကို တွေ့ကြုံရမလဲ၊ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ၊နောက်ဆုံးမှာရော တားဆီးနိုင်သွားပါ့မလားဆိုတာတွေကိုကလေးသဘာဝအရ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမှာဖြစ်ပါတယ်။ File size…1.81GB / 1.03GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 40m Genre ….. Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Robin and the Hoods (2024)

Lord of Misrule (2023) 5.1
Lord of Misrule (2023) Lord of Misrule (2023)ကျေးလက်ပုံပြင်တွေကို အခြေခံထားတဲ့ ဟော်ရာကားတစ်ကားပေါ့။ ဒီလိုကားတွေက မကောင်းတောင် တော်တော်တော့ ကြည့်ကောင်းတတ်တယ်။ ဥပမာဆို The Witch, Kwaidan, The Wailing, Sleepy Hollow, The Ritual နဲ့ In the Earth တို့လို ကားမျိုးတွေပေါ့။ ဒီကားကလည်း ဒေသတစ်ခုက နတ်ဆိုးလိုလို နတ်လိုလို မမြင်အပ် မြင်အပ်အရာတစ်ခုအကြောင်း ဇာတ်လမ်းကို အခြေခံထားတယ်။တရားဟောဆရာမလုပ်နေတဲ့ ရေဘက်ကာဟော်လန်ဟာ ဒေသသစ်တစ်ခုမှာ အခြေသွားချတယ်။ ခေါင်သီတဲ့ဒေသတစ်ခုပေါ့။ အဲဒီဒေသက‌ ကောက်ရိတ်သိမ်းပွဲတော်မှာ သူ့သမီးက ကောက်ရိတ်သိမ်း နတ်သမီးအဖြစ် ရွေးချယ်ခံထားခဲ့ရတယ်။ အဲဒီပွဲမှာ သူ့သမီးလေးပျောက်သွားတဲ့နောက် ရေဘက်ကာဟာ ရဲတွေ အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ သူ့သမီးလေးကိုရှာဖို့လုပ်တယ်။ ဒါပေမဲ့ ၃ရက်တန်သည်အထိ သူ့သမီးရဲ့ အရိပ်ကိုတောင်မမြင်ရဘူး။ ဒီနောက်မှ သူသိလိုက်ရတာက လွန်ခဲ့တဲ့ ၁၂နှစ်ကလည်း ဒါမျိုးအဖြစ် ဖြစ်ဖူးကြောင်းပေါ့။ ...
movie

Lord of Misrule (2023)

2023