Channel Myanmar

Alex Zimmerman

Ghostbusters II (1989)
Ghostbusters II (1989) 1984 မှာထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်မှာတော့ နယူးယော့မြို့တော်ကြီးကို မာ့ရှ်မယ်လို လူသားကြီးရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့ပေမဲ့ အဆောက်အဦးပျက်စီးမှုတွေအတွက် သရဲဖမ်းသမားအဖွဲ့ကိုဖျက်သိမ်းပြီး သရဲဖမ်းတဲ့အလုပ်တွေလုပ်ခွင့်ရပ်ဆိုင်းထားပါတယ်။ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်အကြာမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် သရဲဖမ်းသမားဟောင်းတွေ သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုစုံစမ်းကြရင်း နယူးယော့ခ်မြို့အောက်မှု စီးဆင်းနေတဲ့ အကျိအချွဲမြစ်ကြီးကို တွေ့ခဲ့ကြပါတယ်။ ဒီအကျိအချွဲတွေက လူတွေရဲ့ မကောင်းတဲ့စိတ်ကိုတုံ့ပြန်နိုင်ပြီး လူမျိုးစုံရှိနေတဲ့ နယူးယော့ခ်မြို့လည်မှာစီးဆင်းနေတာပါ။ဒီအကျိအချွဲတွေစီးဆင်းနေကြတာကလည်း မန်ဟက်တန် အနုပညာပြတိုက်မှာရှိနေတဲ့ 17 ရာစုနှစ်က မင်းဆိုးတစ်ပါးဖြစ်တဲ့ ဗီဂိုရဲ့ပုံတူပန်းချီကားဆီဖြစ်ပြီး မြို့ထဲမှာလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမျိုးစုံ ကမောက်ကမဖြစ်လာတာကို သရဲဖမ်းသမားတွေ ဘယ်လိုတားဆီးကြမလဲ၊ ဗီဂိုပုံတူပန်းချီကားမှာရော ဘယ်လိုသဘာဝလွန်အစွမ်းတွေရှိနေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.8 GB)/(994 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Comedy, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

Ghostbusters II (1989)