Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alex Pettyfer
6.7
In Time (2011)
အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့ Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ ။နှစ်ပေါင်းများစွာကြာပြီးနောက် ၂၁၆၉ခုနှစ်မှာ လူသားတွေရဲ့ မျိုးရိုးဗီဇကို ပြောင်းပြီး အသက်၂၅ နှစ်ပဲ ရှင်သန်ခွင့်ရအောင် စမ်းသပ်တီထွင်ခဲ့ကြတယ်မွေးဖွားလာကတည်းက လက်မောင်းမှာ နာရီပါလာပြီး အသက်၂၅နှစ်ကျော်တာနဲ့ တစ်ရက်စာအချိန်တိုင်းအတွက် အသက်နာရီတွေကို ရှာဖွေကြရပါတော့တယ်အချိန်ချမ်းသာတဲ့လူတွေကတော့ ထာ၀ရ အသက်ရှင်နိုင်ကြပြီး ဆင်းရဲတဲ့သူတွေကတော့ နာရီတိုင်းမှာ အချိန်ရပ်တန့်ကာ သေဆုံးနေကြရတာပေါ့...တစ်နေ့မှာ နာရီနှစ်ပေါင်း သန်းချီချမ်းသာတဲ့ သူတစ်ယောက်က အရက်ဘားတစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ နေရင်း လူဆိုးတွေနဲ့တွေ့ချိန် မင်းသား Justin Timberlake က ၀င်ကယ်ရင်း သူ့ဆီက နာရီအချိန်တွေအကုန်လုံး အလကားပေးသွားတာခံလိုက်တဲ့အခါ...တစ်ရက်စာအတွက် ဘ၀ကို ရုံးကန်နေရာကနေ နာရီနှစ်သန််းပေါင်းများစွာ ရလိုက်တဲ့သူတစ်ယောက် Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား...ဘာတွေ ဆက်လုပ်မလဲဆိုတာကို သည်းထိပ်ရင်ဖို ခပ်ကြမ်းကြမ်း Action ...
movie
In Time (2011)
7.3
The Ministry of Ungentlemanly Warfare (2024)
The Ministry of Ungentlemanly Warfare ၂၀၂၄ (ငမိုက်သား ဝန်ကြီးဌာန) စစ်ကား အက်ရှင်ကား အလန်းစားကြီး ရပါပြီ။ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားပါတယ်။ဝန်ကြီးချုပ် ဝန်စတန် ချာချီရဲ့ ဒုကမ္ဘာစစ်ကာလ လျို့ဝှက်စစ်ဆင်ရေးဖိုင်တွေထဲကအချို့ကို၂၀၁၆ မှာမှ ဖွင့်ပြခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးထဲက တစ်ခုကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဥရောပမှာလာပေါင်းဖို့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးလို့မရဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ ဂျာမန်တွေရဲ့ ကြောက်စရာအကောင်းဆုံးသေမင်းတမန် ယူ-ဘုတ် ရေငုတ်သင်္ဘောတွေ ကြီးစိုးနေလို့ပါ။သူတို့တွေကို ဖျက်ဆီးဖို့လည်း အရမ်းခက်တာမို့ နောက်ဆုံးမှာဝန်ကြီးချုပ် ချာချီက ယူ-ဘုတ်တွေရဲ့ အဓိက ထောက်ပို့သင်္ဘောကြီးဒူခေးဆာကို ဖျက်ဆီးဖို့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါတယ်။ဒါပေမဲ့ သင်္ဘောတည်နေရာက စပိန်ကိုလိုနီ ကြားနေဇုံထဲမှာဖြစ်နေလို့တရားဝင်တိုက်ခိုက်ရင် ဥရောပနိုင်ငံအချို့ နာဇီဘက်က ပါလာနိုင်ပါတယ်။ဒါကြောင့် သူလွှတ်လိုက်တဲ့အဖွဲ့ဟာ ဗြိတိန်ကမိလည်းအဖမ်းခံရမယ်၊ နာဇီကမိလည်း အသတ်ခံရမယ်။တာဝန်ခံမဲ့သူ မရှိပါဘူး။ ဒီလို စစ်ဆင်ရေးကို စပိုင်နှစ်ယောက်ကွန်မန်ဒို ၅ ယောက်ပေါင်းပြီး ဘယ်လို လုပ်ကြမလဲ ...
movie
The Ministry of Ungentlemanly Warfare (2024)
2024
4K HEVC
5.5
Chief of Station (2024)
Cheif Of Station (2024) ဇာတ်ကားဟာဟောလီဝုဒ် မင်းသားကြီး Aaron Eckhart အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၄ ရဲ့ နောက်ဆုံးထွက်အက်ရှင်ဇာတ်ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက သာမန်ကားတွေနဲ့ မတူတာကတော့ဥရောပတခွင်မှာ လှုပ်ရှားနေကြတဲ့ ထောက်လှမ်းရေးအေဂျင်စီတွေမျိုးစုံရဲ့ ရှုပ်နေတဲ့ ဇာတ်လမ်းတွေကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင်တော့ကျွန်တော်တို့ရဲ့ မင်းသားကြီးဟာ တစ်နေ့သူ့မိန်းမနဲ့နှစ်ပတ်လည် ညစာစာဖို့ သွားတော့မဲ့အချိန်မှာသူ့မိန်းမဟာ ဗုံးပေါက်ကွဲမှုတစ်ခုမှာ သေဆုံးသွားခဲ့ရပါတယ်။သူ့မိန်းမရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုးဖြစ်ရဲ့လားသူ့မိန်းမရဲ့ သေဆုံးမှုကို ထောက်လှမ်းရေးအေဂျင်စီတွေကဘယ်လိုတုံ့ပြန်ကြမှာလဲ သူကရော တုံ့ပြန်မှုအပေါ်ဘယ်လိုသဘောထား ရှိမလဲ။ ဒီဇာတ်ကားထဲမှာပြောသွားတဲ့စကားဖြစ်တဲ့ "ဒီထောက်လှမ်းရေးလောကမှာဘယ်သူ့ကိုမှ သေချာသိတယ်ဆိုတာ မရှိဘူး" ဆိုတဲ့စကားအတိုင်း ဒီဇာတ်ကားကို သေချာသိဖို့ဆိုရင်ကြည့်မှသာ ကောင်းမှန်း သိနိုင်မယ်လို့ ပြောရင်း ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။ File size…1.28GB / 577MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Chief of Station (2024)
5lbs of Pressure (2024)
ဒီကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ Beauty and the Beast တို့ Fast and Furious တို့မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး Luke Evansက Adamအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားမှာတော့ Evans ကို လူသတ်မှုတစ်ခုအတွက် 16နှစ်ထောင်ကျနေရာကနေ လွတ်လာခဲ့ပြီး ဘဝကို အစကနေပြန်စဖို့အကောင်းဆုံးကြိုးစားနေတဲ့ သူတစ်ယောက်အနေနဲ့မြင်တွေ့ရမှာ ဖြစ်ပါမယ်။ သူဟာ မွေးကတည်းကနေ တစ်ခါမှ မတွေ့ရသေးတဲ့ သူ့သားကိုတွေ့ဖို့အတွက် သူ့ရဲ့ ကန့်သတ်နေရာဖြစ်တဲ့ နဂိုအမှုဖြစ်ခဲ့တဲ့မြို့ကိုပဲပြန်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့မြို့မှာက သူ့ကိုလက်စားချေဖို့စောင့်ဆိုင်းနေတဲ့ သူသတ်ခဲ့တဲ့ကောင်လေးရဲ့ညီ Eli, ဂိုဏ်းခေါင်းဆောင် ဦးလေးလက်အောက်ကနေ လွတ်ဖို့ ကြိုးစားနေတဲ့ တူဖြစ်သူ Mike စတဲ့ လူမိုက်တွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။အဲ့အန္တရာယ်တွေ အခက်အခဲတွေကြားကနေ ကျော်ဖြတ်ပြီး သူလိုချင်တဲ့သာယာတဲ့မိသားစုဘဝလေးကိုပဲ ပြန်တည်ဆောက်နိုင်သွားမလား ၊ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ Action, crime , romance ရသစုံလင်စွာနဲ့ ...
movie
5lbs of Pressure (2024)
Black Noise (2023)
Black Noise (2023) ရုပ်ရှင်ဟာ amazon prime က ထုတ်လုပ်ရိုက်ကူးတဲ့scifi action ကားလေးကောင်းလေး တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကို အရိပ်အမြွတ်ပြောပြရမယ်ဆိုရင် အထူးလေ့ကျင့်ထားတဲ့လုံခြုံရေးကုမ္ပဏီတစ်ခုက တပ်ဖွဲ့တစ်ခုကို အရမ်းချမ်းသာတဲ့လူတွေသာသိနိုင် သွားနိုင်ကြတဲ့ ကျွန်းတစ်ကျွန်းကို လူကယ်ဖို့ အတွက် လွှတ်လိုက်ရတာကစတာပါ။ အဲ့ကျွန်းမှာက ရုတ်တရက်ကြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သွားပြီးမင်းသားတို့တပ်ဖွဲ့က ကယ်ရမဲ့ VIP တစ်ယောက်ရဲ့ GPS signal တစ်ခုသာမိနေခဲ့တာပါ။ မင်းသားတို့က အဲ့ VIP ကို သွားကယ်ဖို့ ကြိုးစားတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ scifi ဆန်ဆန် မြင်နေကြ မဟုတ်တာတွေဘယ်လိုတွေ တွေ့ရမှာလဲ ကျော်ဖြတ်နိုင်မှာလား စတာတွေကို တစ်ကားလုံးဖင်တကြွကြွနဲ့ ကြည့်နေရမှာ ဖြစ်လို့ scifi action ကားကောင်း ကြိုက်သူတွေအတွက်ညွှန်းဆိုပေးလိုက်ပါတယ်ခင်ဗျ။ File size…1.70GB / 837MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ...
movie
Black Noise (2023)
6.2
Endless Love (2014)
Endless Love (2014)~ IMDb rating - 6.2/10 ~ဒီရုပ်ရှင်လေးထဲမှာတော့ အထက်ကျောင်းမှာ အလှဆုံးမိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျိတ်ဘတ်တာဖီးလ်ဆိုတဲ့ကောင်မလေးတစ်ယောက် သူ့အစ်ကိုခရစ်ကိုဆုံးရှုံးပြီးနောက်ပိုင်း အနေအေးလာတဲ့အခါ ကျောင်းမှာသူတစ်ယောက်တည်းလိုမျိုး အဖော်မရှိဖြစ်နေခဲ့ပါတယ်။ သူများတွေ ဂျိတ်ကိုမေ့မေ့ပျောက်ပျောက်ဖြစ်နေပေမဲ့ အဲဒီထဲမှာ သူ့ကိုသဘောကျပြီး စောင့်ကြည့်နေတဲ့ ဒေးဗစ်ဆိုတဲ့ အတန်းဖော်ကောင်လေးကတော့ မပါခဲ့ပါဘူး။ဒေးဗစ်ဟာ တစ်ကောင်ကြွက်၊ ဝပ်ရှော့ဖွင့်ထားတဲ့ အဖေပဲရှိတော့တဲ့ သာမန်လက်လုပ်လက်စား မိသားစုငယ်လေးကဖြစ်ပြီး ဂျိတ်ကတော့ ပညာတတ်လူကုံထံအသိုင်းအဝိုင်းကဖြစ်ပါတယ်။ သားတစ်ယောက်လည်းဆုံးရှုံးထားရတဲ့ သူ့ရဲ့အဖေ ဟူ့ချ်ဘတ်တာဖီးလ်ဟာ အငယ်ဆုံးသမီးလေးဂျိတ်တစ်ယောက် ဒေးဗစ်နဲ့တွေ့တဲ့အခါမှာ ဘယ်လိုမှသဘောမတူနိုင်ဖြစ်ခဲ့ရပါတယ်။ ပညာရေးအရရော အဆင့်အတန်းအရပါကွာခြားလွန်းနေတဲ့ ဒေးဗစ်ကို ဂျိတ်ရဲ့အမေ"အန်း"နဲ့ အစ်ကို"ကိ့သ်"တို့က ကြည်ဖြူကြပေမဲ့ ဟူ့ခ်ျကတော့ လုံးဝလက်မခံနိုင်ခဲ့ပါဘူး။မိုးအေးအေးနဲ့ကွေးရင်းကြည့်လို့ကောင်းမယ့် ဒီလူငယ် Drama, Romance ကားကောင်းလေးတစ်ကားပါပဲ။ ဟူ့ခ်ျတစ်ယောက် ဒေးဗစ်နဲ့ဂျိတ်ရဲ့ဆက်ဆံရေးကို ဘယ်လိုကြားဝင်နှောင့်ယှက်မလဲ... တကယ်တော့ သူဟာဘယ်လိုလူမျိုးလဲ... မိသားစုအပေါ်တကယ်ရောကောင်းရဲ့လား... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရင်း ဒေးဗစ်နဲ့ ဂျိတ်အချစ်ဇာတ်လမ်းကိုလည်း ရင်တဖိုဖိုနဲ့ ...
movie
Endless Love (2014)
2014
7.2
The Butler (2013)
2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လိုဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးFile size…(1.47GB) / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
The Butler (2013)
Magic Mike (2012)
Mike Laneဟာ Tempaမြို့က အဖော်အချွတ်ကလပ်တစ်ခုမှာ အဖော်အချွတ်ပြစားနေသူ တစ်ယောက်ဖြစ်ပြီး ပိုတဲ့အချိန်တွေမှာလည်း အပိုငွေလေးတွေ ရှာလေ့ရှိပါတယ်။ ဒါတွေဟာ ကိုယ်ပိုင်ပရိဘောဂလုပ်ငန်းလေး တစ်ခုကို ထူထောင်ပြီး အေးအေးလူလူ လုပ်ကိုင်စားသောက်မယ်ဆိုတဲ့ အတွေးနဲ့ပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဆောက်လုပ်ရေးဆိုက်တစ်ခုထဲမယ် Adamဆိုတဲ့ ၁၉နှစ်အရွယ်ကောင်လေး တစ်ယောက်နဲ့တွေ့ပြီး အဲဒီကောင်လေးကိုပါ အဖော်အချွတ်လောကထဲ ခေါ်ယူဖို့ ဖြစ်လာတဲ့အခါမှာတော့...။ဒီဇာတ်ကားကို ဒါရိုက်တာ Steven Soderberghက စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး ရုပ်ရှင်ဆုတွေနဲ့ Nominationများစွာကိုလည်း ရရှိဆွတ်ခူးခဲ့တဲ့အပြင် IMDb 6.1နဲ့ Rotten Tomatoesမှာလည်း 78% ရရှိထားပါတယ်။File size…(1.74GB) / (`943.14MB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:50:00 Genre... Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hugo
movie
Magic Mike (2012)
5.1
The Infernal Machine (2022)
The Infernal Machine (2022) =====================ဘရု့စ် ကို့ဂျ်ဘန်းဆိုတဲ့ စာရေးဆရာတစ်ယောက်ဟာ လူမသိသူမသိ နေထိုင်နေတဲ့သူပါ။ တစ်ရက်မှာတော့ သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့ နာမည်နဲ့စာတွေ ရောက်လာပါတယ်။ အဆိုပါ စာထဲမှာတော့ သူ စာရေး နေတာ ဘရု့စ်ကို ကူညီခိုင်းတာပါ။ ဘရု့စ်က မကူညီနိုင်ဘူး ငြင်းပေမယ့် စာတွေကတော့ ရောက်မြဲ ရောက်လာဆဲပါ။၁၉၈၁ ခုနှစ်မှာ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ကျောင်းဝန်း ထဲကိုဝင်ပြီး သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ၁၃ ယောက် သေဆုံးပြီး အများ အပြားဒဏ်ရာရခဲ့ပါတယ်။ သို့သော် တရားခွင်မှာတော့ သူ့မှာ အပြစ်မရှိပါ။ ဘရု့စ်ရေးသားတဲ့ The Infernal Machine ဆိုတဲ့ စာအုပ်ကြောင့် ကျူးလွန် ရတာပါလို့ ထွက်ဆိုပါတော့တယ်။ ထိုအပြစ်ရှိစိတ်ကြောင့်ပဲ ဘရု့စ်ဟာ စာလည်းဆက်မရေးနိုင်သလို လူမြင်ကွင်းကနေ ပုန်းကွယ်နေခဲ့တာပါ။ သို့သော် သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့လူဆီကနေ စာတွေရောက်လာပြီးနောက်မှာတော့ သူ့ဘဝ ကပြောင်းကပြန်တွေဖြစ်ကုန်ပါတော့တယ်။ ဇာတ်လမ်းအလှည့်အပြောင်း များစွာကို စိတ်ဝင်တစား ကြည့်ရှု့ရမှာဖြစ်လို့ လက်လွတ်မခံကြဖို့ တိုက်တွန်း လိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard ...
movie
The Infernal Machine (2022)
2022
6
Wild Child (2008)
Wild Child (2008)မိတဆိုးမလေး ပေါ်ပီဟာ ဖခင်ဖြစ်သူကို အရွဲ့တိုက်ပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ မာလီဘူး သူတစ်ယောက်ပါ တစ်ရက်မှာတော့ အရွဲ့တိုက် သောင်းကျန်းတာ အရှိန်လွန်သွားတဲ့အတွက် သူ့အဖေက အင်္ဂလန်က အက်ဘီမောင့်ကျောင်းကို ကျောင်းအိပ်ကျောင်းစား ပို့လိုက်ပါတော့တယ်အက်ဘီမောင့်ကျောင်းကို ရောက်ပြီးတဲ့နောက် ပြစ်မှုပေါင်းစုံ ကျူးလွန်ပြီး ကျောင်းကနေ ထွက်ရဖို့အရေး အားကြိုးမာန်တက် ကြိုးပမ်းပေမဲ့ ဂရုဏာရှင်ကျောင်းအုပ်ကြီးက မိတဆိုးသမီးလေးဆိုပြီး ခွင့်လွှတ်ပေးနေတာကြောင့် နောက်ဆုံးမှာ အခန်းဖော်လေးယောက်ရဲ့ အကူအညီနဲ့ ကျောင်းအုပ်ကြီးရဲ့ သားဖရက်ဒီကို ဆွဲဆောင်ပြီး ကျောင်းထုတ်ခံရဖို့ ကြံစည်ပါတော့တယ်ပေါ်ပီတို့ရဲ့ အကြံအစည်အောင်မြင်သွားမလား? လူချောလေး ဖရက်ဒီနဲ့ ပေါ်ပီတို့ ဘာတွေဆက်ဖြစ်ကြမလဲ? ဖရက်ဒီကို တစ်ဖက်သတ်ကြိုက်နေတဲ့ ဟာရီရက်ဆိုတဲ့ ကျောင်းသူနဲ့ရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာတွေကို အခွီတလိုင်းနဲ့ ကြည့်ရှူကြရမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality….1080p | 720p| 480p File size…2GB | 1.1GB | 286MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman ...
movie
Wild Child (2008)
2008
5.0
Warning (2021)
Warning (2021)=============အနာဂတ်ခေတ်တစ်ချိန်မှာ ကမ္ဘာပေါ်ကို အန္တရာယ်တစ်ခုကျရောက်လာတဲ့အခါလူတွေရဲ့နေ့စဥ်ဘဝတွေအပေါ်သက်ရောက်ပုံကို Sci-fi, thriller အမျိုးစားပုံစံနဲ့သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဂြိုလ်တုတစ်ခုပေါ်ကနေ ဘေးအန္တရာယ်ကြောင့် မတော်တဆ အာကာသထဲလွင့်ထွက်သွားတဲ့အာကာသယာဥ်မှူးတစ်ယောက်ကစလို့ သီးခြားဇာတ်ကောင်တွေကိုယ်စီရဲ့ မိသားစုရေး အချစ်ရေးဘာသာရေး စတဲ့ကိစ္စတွေ အဆင့်မြင့်နည်းပညာတွေနဲ့ဆက်နွယ်နေပုံကို ပြထားတာပါ။18+ခန်းအနည်းငယ်ပါလို့ မိသားစုနဲ့တော့ သိပ်မကြည့်သင့်ပါဘူး။ ဒီဇာတ်လမ်းမှာအဖြစ်အပျက်တွေကိုဒါကဒီလိုဖြစ်နေတယ်ဆိုပြီး ပေါ်တင်မပြောပြပဲ ကြည့်ရင်းအဓိပ္ပါယ်ကောက်သွားရမှာမျိုးပါ။Sci-fi ကားမျိုး thriller ကားမျိုးကြိုက်သူတွေ၊ ကြည့်ရင်းတွေး တွေးရင်းကြည့် သွားရမယ့်ကားမျိုးကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ကားမျိုးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pyi T. Nyein မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Pyi T. Nyein တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 25minSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi, ThrillerSource : 1080p.WebRipTranslator – JimX, Pyi ...
movie
Warning (2021)
2021
6.3
Collection (2021)
Collection (2021)=============အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ Collection လို့ အမည်ရတဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်ခေတ်ကာလ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူနေထိုင်မှုစနစ်တွေကလည်း တစ်စတစ်စ တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ဟိုးရှေးရှေးတုန်းက ပစ္စည်းအလဲအလှယ်လုပ်ပြီး ရောင်းဝယ်ဖောက်ကားခဲ့ကြတယ် နောက်တော့ ဒင်္ဂါးတွေသွန်းလုပ်တယ် အဲ့ဒီလိုနဲ့ အခုမျက်မှောက်ခေတ်မှာတော့ ငွေစက္ကူတွေ ပုံနှိပ်ပြီး ရောင်းဝယ်ကြတယ် Mobile bankingစနစ်တွေ အကြွေးဝယ်ကတ်တွေ စသဖြင့်ပေါ့ ။တိုးတက်လာတဲ့အပေါ်မှာ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေဟာလည်း ဒွန်တွဲနေစမြဲပါပဲ လူတွေဟာ နည်းပညာတိုးတက်မှုကို အခွင့်ကောင်းယူပြီး သတင်းအချက်အလက်တွေ ခိုးယူကာ မသမာမှုကို ကြံစည်လာကြပါတော့တယ်။ဒီဇာတ်ကားလေးမှာတော့ ဘရန်ဒန်ဟာ သူငယ်ချင်းဖြစ်သူ ရော့စ်နဲ့အတူ အကြွေးဝယ်ကတ်ကိုင်ဆောင်သူတွေရဲ့ အချက်အလက်တွေကို ခိုးယူပြီး ပိုက်ဆံ လိမ်လည်တောင်းရမ်းနေတဲ့ အကြွေးကုမ္ပဏီပိုင်ရှင် နှစ်ဦးပါ။ သူတို့နှစ်ဦးဟာ သာမန်စာပို့အကြောင်းကြားပြီး တောင်းရမ်းကြတာမျိုးမဟုတ်ဘဲ အကြွေးဝယ်ကတ်ကိုင်ဆောင်သူတွေရဲ့ အလုပ်ဖုန်းတွေကို ခဏခဏဆက်မယ် မိသားစုဝင်တွေကိုလည်း နှောင့်ယှက်မယ် ယုစ္စအဆုံး ပိုက်ဆံပေးရင်ပေး မပေးရင် ...
movie
Collection (2021)
2021
6.1
Echo Boomers (2020)
Echo Boomers (2020)=================IMDb Rating - 6.1/10ဒီဇာတ်လမ်းလေးက လူငယ်လေးတွေအကြောင်း အထူးသဖြင့်(၁၉၈၁)ကနေ(၁၉၉၆)ကြားမွေးဖွားခဲ့တဲ့Generation Y ဒါမှမဟုတ် Millennials တွေအကြောင်းကို ဦးတည်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ကြိုးစားရိုးသားပြီး ကိုယ်ပိုင်အရည်အချင်းနဲ့တရားဝင်အလုပ်ကိုလုပ်ချင်ခဲ့ပေမဲ့ စီးပွားရေးစနစ်ဆိုးကြောင့်အလုပ်လက်မဲ့ဖြစ် နေခဲ့ရတဲ့ ကောလိပ်ကျောင်းသားတစ်စု၊ ချမ်းသာတဲ့လူလက်တစ်ဆုပ်ကပဲထပ်ပြီးချမ်းသာနေတဲ့စနစ်ဆိုးကြောင့် သူတို့နေချင်ခဲ့တဲ့ဘဝကိုနေချင်ခဲ့တဲ့ပုံစံအတိုင်းမနေခဲ့ရတဲ့လူငယ်တစ်စု၊ ချီကာဂိုကအချမ်းသာဆုံးဆိုတဲ့လူတွေရဲ့အိမ်ကိုဝင် ပြီးပစ္စည်းတွေကိုခိုးယူပြီးတော့ နေချင်ခဲ့တဲ့ဘဝကိုဖန်တီးလာခဲ့တဲ့အခါမှာတော့……..ဒီဇာတ်ကားလေးထဲကအကြောင်းအရာ တွေက လူငယ်တွေရဲ့ခံစားချက် လူငယ်တွေရဲ့ဘဝကိုဖွင့်ဟပြနေတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ ထုံးစံအတိုင်းလေးပဲကိုယ်တိုင် ကြည့်ရှုခံစားဝေဖန်ကြည့်ကြပါအုံးလို့……….(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 34minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Crime, DramaSource : 1080p.WebRipTranslator – Chit TeeEncoder – SWM
movie
Echo Boomers (2020)
2020
6.1
Back Roads (2018)
IMDB..... 7.1ဒီတစ်ခါတော့ 2018 Decemberကမှ ပူပူနွေးနွေးထွက်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီ ရုပ်ရှင်ဟာ New York Timesရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်တဲ့ Tawni O'Dellရဲ့ Black Road ကိုရိုက်ထားတဲ့ IMDB 7.1အထိ ရထားတဲ့ Drama,Thriller ဇာတ်ကားကောင်းတစ်ကားပါ။ဝတ္တုကလည်းကောင်း IMDBကလည်းမြင့်မို့ ကြည့်ရတာတန်စေမဲ့ သဲထိတ်ရင်ဖိုကားတစ်ကားဆိုတာတော့မြေကြီးလက်ခတ်မလွဲပါပဲ။Harley Atmeyer ဆိုတဲ့ လူငယ်တစ်ယောက်ဟာနှိပ်စက်တတ်တဲ့သူ့အဖေကို သူ့အမေက သတ်ပြီးထောင်ထဲရောက်သွားတဲ့နောက်မှာ ကောလိပ်ဆက်မတက်ပဲ ထွက်ခဲ့ရပါတယ်။ဒီ့နောက် ပင်ဆယ်ဗေးနီယားပြည်နယ်ရဲ့ ကျေးလက်တစ်နေရာမှာညီမသုံးယောက်ကို စောင့်ရှောက်ဖို့ ပျိုးထောင်ဖို့ဘာမှ အနာဂတ်မျှော်လင့်ချက်မရှိတဲ့အလုပ်တွေကိုလုပ်နေခဲ့ရပါတယ်။အဲ့ဒီနားမှာပဲနေတဲ့ လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ကိုသူ အရူးအမူးချစ်ခဲ့မိတဲ့အခါမှာတော့ကံကြမ္မာဆိုးတွေဟာ မြင်းနက်ကြီးစီးပြီးဝင်လာသလိုအဖြစ်အပျက်တွေဟာမထင်ထားရဲလောက်အောင်မြန်ဆန်စွာ ပေါ်ပေါက်လာပြီးသူ့မိသားစုရဲ့ သူမသိသေးတဲ့ အမှန်တရားတွေထိတ်လန့်စရာ လျှို့ဝှက်ချက်တွေဟာလည်းတစစ ရုပ်လုံးပေါ်လာပြီး..သူ့ကို ထိတ်လန့်အောင်ဝါးမြိုလာတဲ့အခါ.......။ဒီ Black Roadsမှာ နာကျင်မှု.. စိတ်ဝေဒနာ...မျှော်လင့်ချက်မဲ့မှုအတ္တတွေနဲ့ မွန်းကျပ်လောက်အောင်ရိုက်ပြထားပြီးThriller သမားတွေ လက်လွတ်မခံသင့်တဲ့ ရွှေပါပဲ။ (ဇာတ်လမ်းအညွှန်း ကို Wira Aung မှရေးပေးထားပြီး ဘာသာပြန်ပေးထားသူကတော့ Htet ...
movie
Back Roads (2018)
2018
5.6
The Last Witness(2018)
The Last Witness(2018)IMDb....5.4စိတ်ဝင်စားဖွယ်ပိုလန်နိုင်ငံရေးကားကို တင်ဆက်ပေးလိုက်ပါတယ်.....ဒီကားထဲမှာဆိုရင်တော့ ဆိုဗီယက်ပြည်ထောင်စုတွေကြီးစိုးတဲ့စစ်ပွဲကာလမှာ ပိုလန်နိုင်ငံရဲ့အရာရှိတွေပြည်သူတွေ ထောင်သောင်းချီပြီးအစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရပါတယ်.... ဒီကိစ္စကို ပိုလန်နိုင်ငံရဲ့အထက်လူကြီးတွေကလည်းတိကျတဲ့အဖြေတစ်ခုမပေးနိုင်ကြပါဘူး..ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီးတိကျတဲ့အဖြေတစ်ခုဖော်ထုတ်ချင်တဲ့သူကတော့မစ္စတာစတီဖင်အန်ဒါဝတ်လို့ခေါ်တဲ့ ဂျာနယ်လစ်တစ်ယောက်ပါ ...ဂျာနယ်လစ်တစ်ယောက်အတွက်ရက်စက်တဲ့ဆိုးယုတ်မှုကြီးကိုဖော်ထုတ်ဖို့ရာမလွယ်ပါဘူးးး...သို့ပေမယ့် သူဟာ ဒီဖြစ်ရပ်ကြီးကို ဇွဲရှိရှိနဲ့လိုက်လံရှာဖွေဖော်ထုတ်ရာမှာ မမျှော်လင့်တဲ့သူတွေ ပါဝင်ပတ်သက်နေပြီးသူ့အတွက်လည်း အန္တရယ်ပေါင်းများစွာနဲ့ကြုံရပါတော့တယ်..သူဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ကြည့်လိုက်ပါဦး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Pyae Xeinn Settဖြစ်ပါတယ်...File Size : (900 MB) and (321MB) Quality : WEBDL-720p Format…mp4 Duration…01:37:00 Genre : History, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Xeinn Sett Encoded by Phyo Pyae
movie
The Last Witness(2018)
2018
6.1
I Am Number Four (2011)
ဒီဇာတ်ကားက Pittacus Lore ရေးတဲ့ ဝတ္ထုအတွဲတွေထဲကပထမဆုံး စာအုပ်ကို ဇာတ်ညွှန်းပြုပြီး ရိုက်ထားတာပါ ။တခြားစာအုပ်တွေဖြစ်တဲ့ "The Power of Six," "The Rise of Nine," "The Fall of Five,""The Revenge of Seven" နဲ့ "The Fate of Ten." စာအုပ်တွေကျန်ပါသေးတယ် ။ရုပ်ရှင်ထပ်ရိုက်မရိုက်တော့ မပြောတက်ဘူး ။ဇာတ်လမ်းအကျဉ်းကတော့ကမ္ဘာမြေမှာ လာရောက်နေထိုင်နေတဲ့ ဂြိုလ်သား ၉ ယောက်နဲ့ သူတို့ရဲ့အုပ်ထိန်းသူတွေ ကိုလိုက်ရှင်းနေတဲ့ Mogadorian တွေကို ဇာတ်အိမ်ဖွဲ့ထားတာပါ ။ကလေးတွေဟာ သူတို့ကိုယ် သူတို့ ဂြိုလ်သားဖြစ်တယ် ၊စွမ်းအားရှိတယ်ဆိုတာ မသိရပါဘူး ။အရွယ်ရောက်လာရင် သူ့အလိုလို စွမ်းအားတွေ ထွက်ပေါ်လာတတ်တယ် ။အဲဒိလို ထွက်ပေါ်လာတဲ့ စွမ်းအားတွေကြောင့် Mogadorian တွေကိုသူတို့ဘယ်မှာရှိတယ်ဆိုတာ ပြသမိသလို ဖြစ်ဖြစ်သွားပါတယ် ။.Mogadorian ...
movie
I Am Number Four (2011)
2011