Channel Myanmar

Alex Manette

(18+) Shame (2011) 7.2
(18+) Shame (2011)  ဘရန်ဒန်ဆိုတဲ့ အောင်မြင်ပြီးရုပ်ရည်ရှိတဲ့ နယူးယောက်ကလူတစ်ယောက်က လိင်မှုကိစ္စတွေကိုအသည်းအသန်စွဲလန်းနေတဲ့တစ်ယောက်ပါ။ အိမ်မှာအပျော်မယ်တွေခေါ် လိင်မှုကိစ္စမှန်သမျှကိုစွဲစွဲလန်းလန်းနဲ့ လုပ်နေပြီးတော့ တစ်နေ့မှာ သူ့ညီမဖြစ်သူ စစ်စီက အိမ်ကို ရုတ်တရက် ရောက်လာရာကနေ သူအရင်လို လိင်မှူကိစ္စတွေလုပ်မရတော့ဘဲ အူကြောင်ကြောင်ဖြစ်လာပါတော့တယ်။ဒီဇာတ်လမ်းမှာ X- men ထဲက magneto နဲ့ The killer ထဲက သရုပ်ဆောင် Michael Fassbender က လိင်စိတ်အလွန်အကျွံစွဲလမ်းနေတဲ့ နေရာကနေသေချာသရုပ်ဆောင်ပြထားပါတယ်။ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ အဖော်အချွတ်အခန်းတွေအများကြီးပါတာကြောင့် အနည်းဆုံး လူ ၁၈ ယောက်လောက်စုပြီးမှကြည့်စေချင်ပါတယ်။ File size…(1.2 GB)/(580 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Nikobaby
movie

(18+) Shame (2011)

Touched with Fire (2015) 6.2
Touched with Fire (2015)  Touched with Fire ဟာ 2015 ခုနှစ်ကထွက်ရှိထားတဲ့အမေရိကန်ဒရာမာဇာတ်ကား‌ကောင်းဖြစ်ပြီး ဒါရိုက်တာPaul Dalio က ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ စိတ်ကျန်းမာရေးဆေးရုံမှာဆုံတွေ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့ ကဗျာဆရာနဲ့ကဗျာဆရာမနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက အနုပညာနဲ့ စာပေရေးသားဖန်တီးခြင်းကို ဝါသနာထုံပြီး ကဗျာပါရမီကောင်းကြပေမဲ့တဖက်မှာလည်း စိတ်ကြွစိတ်ကျ အစွန်းနှစ်ဖက်ရှိတဲ့Bipolar စိတ်ရောဂါခံစားနေရတဲ့ စိတ်ဝေဒနာရှင်တွေဖြစ်ပါတယ်။မာကိုနဲ့ ကာလာတို့နှစ်ဦးဟာ အဖွဲ့လိုက်ကုထုံးခံယူမှုမှာတယောက်ကိုတယောက် စသတိထားမိခဲ့ကြပြီးတော့တဖြည်းဖြည်းနဲ့ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ မိသားစုနဲ့ ဆရာဝန်ရဲ့ အကြံပေးစကားတွေကိုပါဆန့်ကျင်ပြီး သူတို့နှစ်ဦးရဲ့ နှစ်ကိုယ်တူဘဝတခုတည်ဆောက်ဖို့ကြိုးစားကြပုံကို ရင်ဖိုလှိုက်မောစွာ ကြည့်ရှုခံစားကြရမှာပါ။ File size…1.62GB / 759MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 46m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Touched with Fire (2015)

The Butler (2013) 7.2
The Butler (2013) 2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀​​​ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လို​​ဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးFile size…(1.47GB)  / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

The Butler (2013)

Jane Got a Gun (2015) 5.9
Jane Got a Gun (2015) Jane Got a Gun (2015)ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan ...
movie

Jane Got a Gun (2015)

2015
We Need to Talk About Kevin (2011) 7.5
We Need to Talk About Kevin (2011) We need to talk about Kevin (2011) ကျွန်တော်တို့ ကယ်ဗင့် အကြောင်းကို ပြောမှ ဖြစ်တော့မှာ။ ကယ်ဗင် ဆိုတာ ဘယ်သူလဲ? ကယ်ဗင် ဆိုတာ ကလေးတစ်ယောက်ပါပဲ။ ကလေးတစ်ယောက်ရဲ့ စိတ်အကြောင်းကို အကောင်းဆုံး ပုံဖော်ပြသထားတဲ့ဇာတ်ကားပါ။ စိတ်အကြောင်းကို နူးနူးညံ့ညံ့ လှလှပပ ပုံဖော်ထားတာတော့ မဟုတ်ပါဘူး Psycho Thriller ကား တစ်ကားပါ။ Thriller ကား ဆိုတဲ့အတိုင်း ရင်တမမနဲ့ ကြည့်ရမှာပါ။ ကယ်ဗင်ဟာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ သူ့အမေ အီဗာကတော့ ခရီးသွားဆောင်းပါးတွေ ရေးတဲ့ စာရေးဆရာတစ်ယောက်ပါ။ ကယ်ဗင်ဟာ ငယ်ငယ်ကတည်းက ထိန်းကျောင်းရခက်ပါတယ်။ ကျင်ကြီးကျင်ငယ်စွန့်တာကအစ လေ့ကျင့်ရခက်ပါတယ်။ အမေအပေါ် တွယ်တာပေမယ့် အမေ့ဆီက မေတ္တာကို ကောင်းကောင်း မရရှိခဲ့တဲ့ ကယ်ဗင်ဟာ အမေ့မေတ္တာကို သူ့နည်းသူ့ဟန်နဲ့ ရဖို့ ကြိုးစားရှာပါတယ်။ ဒုတိယကလေး မွေးလာတဲ့အချိန်မှာတော့ ကယ်ဗင့်ရဲ့စိတ်ရိုင်းတွေက ပိုမိုနိုးကြားလာပါတော့တယ်။ သားသမီးနဲ့မိဘကြားက သံယောဇဉ်ကို အသိမ်မွေ့ဆုံးနဲ့ အကြမ်းတမ်းဆုံး တင်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု၊ ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနဲ့ ဓာတ်ပုံဆုတွေပါ ရရှိထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ IMDb ...
movie

We Need to Talk About Kevin (2011)

2011
You Were Never Really Here (2017) 7.5
You Were Never Really Here (2017) အက်ရှင်ကားမှကြိုက်တဲ့ပရိတ်သတ်တွေ ရှိလား...ဒါဆိုရင်တော့ "You were never really here" ဆိုတဲ့ ဇာတ်ကားလေးညွှန်းပေးချင်ပါတယ်...အညွှန်း.... နိုင်ငံအတွက် အချိန်အကြာကြီး စစ်မှုထမ်းပေးခဲ့တဲ့ စစ်မှုထမ်းဟောင်း Joe...စစ်သားပီပီ ကယ်ဆယ်ကူညီပေးရတာ စိတ်အားထက်သန်သူ..Joe က ပျောက်ဆုံးနေတဲ့ မိန်းကလေးတွေကို ကူညီရှာဖွေပေးပါတယ်...ဒီလိုကူပေးရင်းနဲ့ သူရလာတဲ့ လှည့်ကွက်တစ်ခုက သူ့အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်...Joe တစ်ယောက် မိန်းကလေးတွေကို ဘယ်လိုကူပေးမလဲ...သူ့ရဲ့ ကယ်ဆယ်ရေး မစ်ရှင်ကြောင့် သူချစ်တဲ့သူတွေပါ ဒုက္ခတွင်းထဲ ဆွဲခေါ်မိသလို ဖြစ်မလား...စတဲ့ လားလား မေးခွန်းတွေနဲ့ အက်ရှင်ဇာတ်ကားကောင်းကို ကြည့်ရှူခံစားရမှာပါ...File Size : (699 MB) and (326 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle ...
movie

You Were Never Really Here (2017)

2017