Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alex Hyde-White
7.1
Pretty Woman (1990)
Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်းပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး ...
movie
Pretty Woman (1990)
1990
4K HEVC
8.2
Indiana Jones and the Last Crusade (1989)
Indiana Jones and the Last Crusade (1989)IMDb Rating (8.4) / Rotten Tomatoes (84%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ...
movie
Indiana Jones and the Last Crusade (1989)
1989
4K HEVC
Invitation to a Murder (2023)
စုံထောက်ဝတ္ထုတွေကို ကြိုက်နှစ်သက်သူမှန်ရင် ရှားလော့ဟုမ်းဝတ္ထုတွေကို မကြိုက်တဲ့လူမရှိသလောက်ပါဘဲ။ ငယ်စဉ်က ရှားလော့ဟုမ်းဝတ္ထုစနက်နဲ့ စုံထောက်ရူးရူးခဲ့ဖူးသူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်အပါအဝင်ဖြစ်ခဲ့တာပေါ့။ အခုဒီကားလေးထဲက ဇာတ်လိုက်ကျော်လေး Miranda Greenသည်လည်း ကျွန်တော်တို့လိုပဲ Mysteryတွေကိုနှစ်သက်တဲ့ စုံထောက်ရူးလေးတစ်ယောက်ပါပဲ။ စုံထောက်ရူးပီပီ သူ့ရဲ့mottoကတော့ "Every contact leaves a trace"ပါတဲ့။ Mirandaက ကမ္ဘာကျော်စုံထောက်ဝတ္ထုရေးတဲ့စာရေးဆရာ Agatha Christie ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး စွန့်စားခန်းတွေကို နှစ်သက်သူဆိုလည်းဟုတ်ပါတယ်။ အမြင်စူးရှပြီး ထက်မြက်လွန်းတဲ့Miranda ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်စွမ်းမြင့်တဲ့Mirandaတစ်ယောက် သူ့ရဲ့ နုနုရွရွ ပန်းရောင်းရတဲ့အလုပ်နဲ့ နည်းနည်းလေးမှ မအပ်စပ်ဖြစ်လို့နေတာပေါ့။ လှပပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေမရှိတဲ့အလုပ်ခွင်မှာ မပျော်ပိုက်တဲ့ Mirandaအတွက်တော့ Christie ရဲ့စာအုပ်တွေက သူအသက်ဆက်နိုင်မဲ့ အိုအေစစ်ပါပဲ။ ဒီလိုနဲ့ Mirandaဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ဖိတ်စာတစ်စောင်နဲ့အတူ ထူးဆန်းတဲ့သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Louis Findleyနဲ့ တွေ့ဆုံဖို့အတွက် ကျွန်းတစ်ကျွန်းကို ဖိတ်ခေါ်ခံရတဲ့အခါမှာတော့ သာမန်လူတစ်ယောက်ဆို အတွေးစုံနဲ့ဗျာများနေမှာပေမဲ့ စွန့်စားခန်းကိုငတ်မွတ်နေတဲ့ Mirandaကတော့ Christieရဲ့စာအုပ်တွေထဲကလိုစူးစမ်းရှာဖွေထောက်လှမ်းအခွင့်အရေးကို ...
movie
Invitation to a Murder (2023)
5.1
The Quest for Tom Sawyer’s Gold (2023)
The Quest for Tom Sawyer's Gold (2023) =============================မိသားစုနဲ့အတူ အပန်းပြေကြည့်ရှု့နိုင်မယ့် ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခုဇာတ်ကားဟာ Tomb Raider တို့၊ Indiana Jones တို့လို ရတနာတွေ လိုက်ရှာတဲ့ ဇာတ်ကားမျိုးဆိုပေ မယ့် ကလေးတွေအတွက် ရည်ရွယ်ပြီး ရိုက်ထားတာမို့ Dora: The Explorer လိုမျိုး ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက အရမ်းကြီးလေး နက်တဲ့ Plot Twist တွေ၊ သတ်ခန်းဖြတ်ခန်းတွေ မပါဝင်ပေမယ့် ထိုက်သင့်တဲ့ စွန့်စားခန်းမျိုးနဲ့ တင်ဆက်ထားတာမို့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့နိုင်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ အက်ဂီအန်းစတောင်းဟာ စွန့်စားပြီး ရတနာတွေကိုလိုက်ရှာရတာ ကြိုက်တဲ့ကောင်မလေးပါ။ ဒါပေမယ့် အသက်ကြီးလာပြီး ကလေးတစ်ယောက်ရတဲ့အချိန်မှာတော့ သား ဖြစ်သူကို စောင့်ရှောက်ရင်း သူ့သားတက်တဲ့ကျောင်းမှာ ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာပါ။ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေ ဆိုတဲ့ စာအုပ်အကြောင်းကို သင်ရင်း ကလေးတွေကိုအိမ်စာပေးလိုက်ပါ တယ်။ သားဖြစ်သူ အန်တိုနီဟာ သူငယ်ချင်းဖြစ်သူ ဝူဒီ၊ လူ တို့နဲ့အတူ တွမ်ဆောယာရဲ့ ရွှေတွေကို စာအုပ်ထဲက လေ့လာရုံနဲ့တင် အားမရဘဲ အပြင်မှာပါ ...
movie
The Quest for Tom Sawyer’s Gold (2023)
2023
8.1
Catch Me If You Can (2002)
IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie
Catch Me If You Can (2002)
2002
7.3
Nope (2022)
Nope (2022)စိတ်ကူးတွေ ဟာသဉာဏ်တွေ အမြဲဆန်းသစ်တဲ့ ကီးနဲ့ပီလီဆိုတဲ့ ဟာသသရုပ်ဆောင်အတွဲကို အတော်များများကြည့်ဖူးကြမှာပါ။ ပီလီက သာမန် ဟာသတိုလေးတွေတင်ရိုက်တာမဟုတ်ပါဘူး။ Get Out လို ထူးဆန်းတဲ့ရုပ်ရှင်ကောင်းမျိုးကိုလည်း ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့သူပါ။ အခုတော့ သူကိုယ်တိုင်ဇာတ်ညွှန်းထပ်ရေးပြီး ရိုက်ကူးထားတဲ့ သိပ္ပံဟော်ရာ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ မင်းသားကတော့ Get Out ဇာတ်ကားကတည်းက သူနဲ့အတွဲညီခဲ့တဲ့ မင်းသားပါပဲ။ဒီဇာတ်လမ်းအကျဉ်းမှာတော့ ရုပ်ရှင်ရိုက်ဖို့မြင်းတွေကို လေ့ကျင့်ပေးတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဟာ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ တိုလီမုတ်စပစ္စည်းတွေထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့သား အိုဂျေက အဲဒီမြင်းခြံကို မပြုတ်အောင် မနည်းကျားကန်ပြီးဆက်ရုန်းကန်နေရတာပါပဲ။ သူ့ရဲ့ညီမကတော့ ဒါရိုက်တာ သရုပ်ဆောင် အဆိုတော်ရူးလေးဖြစ်ပြီး မြင်းခြံကိုစိတ်မဝင်စားလှပါဘူး။ တစ်နေ့မှာတော့ အိုဂျေ ဟာ သူတို့ခြံဘက်ကနေ ပန်းကန်ပြားပျံလိုအရာကြီးတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရပါတယ်။ ဒီတော့ သူတို့မောင်နှမနှစ်ယောက်က အဲဒီပန်းကန်ပြားပျံကို သက်သေရိုက်ကူးပြီးသူဌေးဖြစ်ဖို့ ကြံစည်ကြပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်တာထက် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ကိစ္စတွေဖြစ်လာတဲ့အခါ...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Sci-fi Quality…. 1080p | 720p ...
movie
Nope (2022)
2022