Channel Myanmar

Álex García

Fatum (2023)
Fatum (2023)   ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် စပိန်စကားပြော crime,drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်....ဒီရုပ်ရှင်ကဆုတစ်ဆုရရှိထားပြီး ဇကာတင်ဆုငါးခုရရှိထားပါတယ်...ဇာတ်လမ်းကတော့ မိသားစုနှစ်ခုအပေါ်အခြေခံပြီးရိုက်ကူးထားပါတယ်....ပထမမိသားစုကတော့ လောင်းကစားသမား ဆာဂီယိုနဲ့လစ်ဒီယာတို့ပါ...ဆာဂီယိုကလောင်းကစားမပြတ်နိုင်တဲ့အတွက်လစ်ဒီယာကကွဲချင်နေတာပါ...တစ်ရက်ကျဆာဂီယိုကသားနဲ့သမီးကိုလိုက်ပို့ရင်း နောက်ဆုံးအနေနဲ့ဘောလုံးပွဲလောင်းဖို့သွားခဲ့ပါတယ်...ဒါကိုလစ်ဒီယာသိသွားပြီးသူမလည်းလောင်းကစားရုံကိုရောက်ရှိလာပါတယ်....သူတို့လင်မယားချင်းပြဿနာတက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာပဲ လောင်းကစားဆိုင်ထဲကိုဓားပြတွေဝင်လာပြီး ဓားပြတိုက်ပါတော့တယ်....နောက်မိသားစုတစ်စုကတော့ ရဲအရာရှိပါဘလိုတို့မိသားစုပါ...ပါဘလိုရဲ့သားလေးဟာနှလုံးအစားထိုးကုသဖို့လိုအပ်နေသူပါ....အဲ့တော့ခုနကဓားပြတိုက်တဲ့နေရာကဓားစာခံတွေကိုကယ်ထုတ်ဖို့ပါဘလို‌လည်းရောက်ရှိလာခဲ့ပါတယ်... ရုပ်ရှင်ရဲ့နာမည်ကတော့ fate ကံကြမ္မာလို့အမည်ရပါတယ်...ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှူကြပါခင်ဗျာ..... File size…(1.4 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Crime, Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Fatum (2023)

Just One Time (2021) 5.6
Just One Time (2021) Just One Time [2021] (IMDb 5.7/10)Just One Time ဆိုတဲ့ စပိန်ဇာတ်ကားလေးကတော့ အိမ်ထောင်ရေးပြဿနာအကြောင်းကို ရိုက်ပြထားတာပါ... ဇာတ်လမ်းကတော့ ပါဘလိုက ဇနီးသည် အီဗာကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့အတွက်ကြောင့် ဥပဒေအရ လူမှုဖူလုံရေးစင်တာမှာ ကုထုံးခံယူရတာကနေ စတင်ခဲ့ပါတယ်... ပါဘလိုဟာ ဒေါသကြီးတတ်သော်ငြား တခါမှာ ရှူးရှူးဒိုင်းဒိုင်းသောင်းကျန်းတတ်သူ မဟုတ်ခဲ့တာမို့ သူဟာ သူမှန်ကန်ကြောင်း အကျိုးအကြောင်းဆီလျော်ကြောင်းသာ လက်ခံထားခဲ့ပါတယ်... ကုထုံးပညာရှင် လော်ရာက ပါဘလိုနဲ့ အီဗာတို့ကို တလှည့်စီ တွေ့ဆုံပြောဆိုရင်းက သူတို့ ကနဦးက ထွက်ဆိုချက်တွေနဲ့ ကွဲလွဲပြီး ပိုမိုရှုပ်ထွေးလာပါတော့တယ်... ဒီအချိန်မှာပဲ လော်ရာဟာ အနှောက်အယှက်တစ်ခုနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်... စပိန်နိုင်ငံမှာ လင်လုပ်သူက ဇနီးသည်ကို ရိုက်နှက်ခြင်းဟာ ပုံမှန်ပဲလို့ ထင်မြင်ယူဆကြတာဟာ နှစ်ပေါင်းများစွာပါ... ဇာတ်လမ်းအရ မကြာသေးခင်ကမှ ဥပဒေတွေ ချမှတ်လိုက်ကြတာမို့... ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေကို လိုက်လံဖြေရှင်းပေးရတဲ့ လော်ရာတို့လို လူမှုဖူလုံဝန်ထမ်းတွေဟာ ယောက်ျားတွေရဲ့ ပစ်မှတ်ထားအန္တရာယ်ပြုခြင်းကိုလည်း ခံရပါတယ်... ဒီလိုမျိုး အန္တရာယ်တစ်ဖက် ပါဘလိုတို့အရေးတစ်ဖက်မှာ ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲ... အကြမ်းဖက်မှုမှာ မှန်ကန်တဲ့အကျိုးအကြောင်းပြချက်ဆိုတာ မရှိဘူးဆိုတဲ့ လော်ရာတစ်ယောက် သူ့အပေါ်ကျရောက်လာတဲ့ ...
movie

Just One Time (2021)

2021