Channel Myanmar

Alex Cazares

No Time to Spy: A Loud House Movie (2024)
No Time to Spy: A Loud House Movie (2024) IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖို့ရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖို့ရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တို့ဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ကာတွန်းကားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက စပိုင်ရုပ်ရှင်တွေထဲကလိုဖြစ်ပြီး စိတ်၀င်စားစရာလည်းကောင်း ရယ်စရာ‌လည်းကောင်းတာကြောင့် ကာတွန်းကားကြည့်ပြီးအပန်းဖြေချင်နေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။ File size…(1.5 GB)/(846 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Animation, Adventure, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

No Time to Spy: A Loud House Movie (2024)

The Casagrandes Movie (2024)
The Casagrandes Movie (2024)  netflix က အသစ်ထွက်ရှိလာတဲ့ 2D ကာတွန်းကားလေးဖြစ်ပြီး အတော်လေးရယ်ရမယ့် family comedy ပါဇာတ်လမ်းအကျဥ်းကတော့ ဆယ်ကျော်သက်အရွယ် (နှစ်ပေါင်း ၁၂၀၀၀) သက်တမ်းရှိတဲ့ demigod မင်းသမီးလေး ပွန်ဂွာရီ က နတ်ဘုရားတစ်ပါး ဖြစ်ချင်ပေမယ့် သူ့မယ်တော်က မရင့်ကျက်သေးဘူးဆိုပြီး တားမြစ်တာကို လက်မခံပဲ မျက်နှာတစ်ထောင်မျက်နှာဖုံးကို ခိုးယူပြီး နတ်ဘုရားအသွင် ပြောင်းလိုက်ရာမှာကမ္ဘာမြေ ဟက်တက်ကွဲပြီး ကမ္ဘာပျက်မယ့် အရေးကနေ ကာကွယ်ဖို့အတွက် မင်းသမီးလေးကို မိခင်ဖြစ်သူက "တောင်တစ်လုံး" အသွင် ဖန်ဆင်းထားခဲ့တယ် ၁၂ နှစ်ပြည့်သွားတဲ့ ကောင်မလေး ရိုနီအန်းန်က ၁၂ နှစ်ပြည့်ပြီဆိုပြီး သူငယ်ချင်းနဲ့အတူ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ဖို့ ကြံရွယ်နေတဲ့ ဂျစ်ကန်ကန် ကောင်မလေး တစ်ယောက်ပါဒါပေမဲ့ သူ့အမေက သူတို့ Casagrandes တစ်မိသားစုလုံး မက္ကဆီကိုက မွေးရပ်မြေဒေသလေးကို ခရီးထွက်ဖို့ အမိန့်ချတာနဲ့ ရိုနီအန်းန် တစ်ယောက် မငြင်းသာပဲ ...
movie

The Casagrandes Movie (2024)

Baby Shark’s Big Movie (2023)
Baby Shark’s Big Movie (2023)  Baby Shark ဆိုတာက Pinkfong ကနေထုတ်ထားတဲ့ Youtube ပေါ်မှာကြည့်ရှုသူအများဆုံး ကလေးသီချင်းဖြစ်တယ်ဆိုတာ ကလေးလူကြီးအကုန်သိကြမှာပါ။ သီချင်းရဲ့ဆွဲဆောင်မှုနဲ့ လွယ်ကူမှုတွေကြောင့် တစ်ခါနားထောင်ဖူးရုံနဲ့နားထဲမှာစွဲစေတဲ့ သီချင်းလည်းဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ အဲ့ဒီသီချင်းကိုပဲကာတွန်းဇာတ်ကားအဖြစ် ကလေးလူကြီးအားလုံးကြိုက်မယ့်ပုံစံအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Baby Shark သီချင်းနဲ့ ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ Enhypen တို့ရဲ့သီချင်း Keep Swimmin' Through အပါအဝင် သီချင်းကောင်းများစွာပါဝင်တဲ့အပြင်Cardi B နဲ့ Enhypen တို့နဲ့အတူ နာမည်ကြီးအနုပညာရှင်များလည်း ဧည့်သည်အဖြစ်ပါဝင်ထားတဲ့အတွက် ကလေးတွေအပြင် လူကြီးတွေအနေနဲ့လည်း ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် Animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ကတော့ သမုဒ္ဒရာရေပြင်တစ်ခုလုံးက ဂီတအားလုံးကိုခိုးယူပြီးသူတစ်ယောက်တည်းလွှမ်းမိုးချင်နေတဲ့ စတားရီးယားနားဆိုတဲ့ကြယ်ငါးမလေးကိုBaby Shark တို့အဖွဲ့ ဂီတကိုဂီတနဲ့ပြန်တိုက်ထုတ်ဖို့ကြိုးစားကြပုံကို သူငယ်ချင်းနှစ်ယောက်ကြားက သံယောစဉ်နဲ့ချစ်ခြင်းတွေ ဂီတဆိုတာ ကမ္ဘာကြီးလှပဖို့အတွက်လိုအပ်ကြောင်းတွေကို သီချင်းတွေအများကြီးနဲ့ မပျင်းရအောင်တင်ဆက်ထားတဲ့အတွက်လူကြီးလူငယ်အားလုံး ကြိုက်ကြမယ့် ကာတွန်းကားမျိုးပဲဖြစ်ပါတယ်။ File size…1.58GB / 701MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ...
movie

Baby Shark’s Big Movie (2023)

The Boss Baby: Christmas Bonus (2022) 5.6
The Boss Baby: Christmas Bonus (2022) The Boss Baby: Christmas Bonus (2022) ============================= IMDb Rating - 5.6/10အသဲကျော် Boss Baby လေးရဲ့ Christmas အတွက် အသစ်ထွက် ရှိလာတဲ့ အထူးအပိုင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီအပိုင်းရဲ့ အားရဖို့အကောင်းဆုံးကတော့ family business လို့ အမည်ခံပြီး အလုပ်သမားအခွင့်အရေး ပိတ်ဆို့ခံထားရတာတွေကို သာသာနဲ့ နာနာလေး နှပ်ပြထားတာပါပဲ။ အခုခေတ် စီးပွားရေးလုပ်ငန်းရှင်တွေ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်ကြတာတွေကို စကား တစ်ခွန်းချင်းစီ ပစ်ထည့်ပေးသွားတာမျိုးမို့ တိုက်ဆိုင်မှုရှိရင် ပြေး သတိရကြဦးမယ့် ဇာတ်လမ်းမျိုးပါ။ဇာတ်လမ်းအကျဉ်း .............................. ဒီအပိုင်းမှာတော့ Boss Baby လေး တစ်နှစ်သားအရွယ် ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ ခရစ်စမတ်ကာလကို နောက်ကြောင်းပြန်ပုံဖော်ပေး ထားပါတယ်။ ခရစ်စမတ်မတိုင်ခင် နာရီပိုင်းလေးအလိုမှာ ဆန်တာ့ရဲ့ အားအကိုးရဆုံး နတ်သူငယ်လေး နဲ့ Boss baby တို့ နေရာချင်းလွဲသွားပြီး Boss baby တစ်ယောက် ဆန်တာရှိရာ မြောက်ဝင်ရိုးစွန်းဆီ ရောက်ရှိ သွားခဲ့ပါတယ်။အစောတည်းက ခရစ်စမတ်ရိုးရာတွေကို မကြိုက်တဲ့ Boss baby တစ် ယောက် ...
movie

The Boss Baby: Christmas Bonus (2022)

2022