Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Àlex Brendemühl
7.0
Transit (2012)
၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ နိတ်ဆိုသူက အိမ်ခြံမြေလုပ်ငန်းမှာ လိမ်လည်မှုနဲ့ထောင်ကျသွားခဲ့တာကြောင့် သားနှစ်ယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့ပြန်အဆင်ပြေစေဖို့ ထောင်ကထွက်လာတဲ့အချိန် အပန်းဖြေခရီးတစ်ခုထွက်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ လူလေးယောက်က ပိုက်ဆံလေးသန်းတင်လာတဲ့ယာဉ်ကို ဓားပြတိုက်သွားတဲ့အတွက် သတိထားကြဖို့ တွေ့ရှိကသတင်းပေးဖို့ သတင်းမှာလာနေခဲ့တယ်။ကံမကောင်းချင်တော့ ဓားပြတွေက လမ်းမှာပိတ်စစ်နေတဲ့ရဲတွေရန်ကလွတ်အောင် နိတ်တို့မိသားစုရဲ့ကားပေါ်မှာ ငွေလေးသန်းအိတ်ကြီးကို တင်ပေးလိုက်ပါတယ်။ နိတ်တို့မိသားစုကလည်း သူတို့ကားပေါ်မှာပိုက်ဆံအိတ်ပါလာတာကို မသိဘဲခရီးဆက်လာတဲ့နောက်မှာတော့...။ မိသားစုနဲ့အဆင်ပြေဖို့ကြိုးစားနေတဲ့ နိတ်တစ်ယောက် ဓားပြတွေနဲ့ပါရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Drama , Scifi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Transit (2012)
6.4
Coven (2020)
Coven(2020) ဇာတ်ကားဟာ ၁၆ ရာစုက ဘာသာရေးတွေကိုအခြေခံထားတဲ့ history ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။Basque ဆိုတဲ့နိုင်ငံမှာ မိန်းကလေးတစ်စုက ညဘက်ကခုန်ပျော်ပါးနေတုန်း မနက်မှာ ဘာသာရေးခေါင်းဆောင်တွေနဲ့အုပ်ချုပ်သူတွေက စုန်းပွဲလုပ်နေတယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားကြပါတယ်။အဲဒီ ကောင်မလေးတစ်စုက သူတို့စွပ်စွဲမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ လွတ်မြောက်နိုင်မှာလား မီးရှို့သတ်ခံရမှာစတာတွေကို ပညာသားပါပါ ရိုက်ကူးထားတာ တွေ့ရမှာပဲဖြစ်ပါတယ်။မင်းသမီးချောလေးတွေလည်း ပါတာမို့ ကြည့်ရင်းသဘောကျမိသွားမဲ့ မင်းသမီးအသစ်လေးတွေပါ။စပိန်စကားပြော ဇာတ်ကားလေး ဖြစ်ပါတယ် File size…1.90GB / 0.97GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie
Coven (2020)
Staring at Strangers (2022)
Staring at strangers ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ ဇာတ်ကောင် Carpenter Damián ကအဝတ်ဗီရိုထဲမှာ ပုန်းနေပြီး အပြင်ကမိသားစုတစ်စုမသိအောင် နေနေရတဲ့သူတစ်ယောက်ပါ။သူ့သူဌေးဆီက အလုပ်ဖြုတ်ခံရပြီး ဗီရိုတစ်ခုထဲ ဝင်ပုန်းနေရာက အဲဒီဗီရိုကို အလုပ်သမားတွေ လူရှိနေမှန်းမသိဘဲ ဗီရိုဝယ်သူဆီ သယ်သွားခဲ့ကြတယ်။မိသားစုမရှိ သူငယ်ချင်းလည်းမရှိတဲ့ Carpenter တစ်ယောက် အပြင်လောကကြီးကို အဆက်အသွယ်ဖြတ်ပြီး ဗီရိုထဲမှာပဲ သူ့ရဲ့ကမ္ဘာငယ်တစ်ခုအဖြစ် ထွက်ပေါက်ရှာနေထိုင်ရင်းက အိမ်ပိုင်ရှင်ဇနီးသည် Lucia နဲ့ ဘယ်လိုတွေ ခံစားချက်ပေါ်ပေါက်လာမလဲ၊ လူမမိအောင် အမြဲတမ်းပုန်းနေနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမဲ့ psychology thriller ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin
movie
Staring at Strangers (2022)
6.8
Creatura (2023)
Creatura (2023)~ IMDb - 6.8/10, Rotten Tomatoes - 93% ~"Creatura" ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဝေါဟာရ "Creature" သတ္တဝါ နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစပိန်ဇာတ်ကား "Creatura" မှာတော့ ကလေးမငယ်လေးတစ်ယောက်ကို ရည်ညွှန်းထားပါတယ်။ ဒီဇာတ်ကားမှာ စပိန်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်း ၈ ဆုရထားတဲ့ မင်းသမီးလည်းဖြစ် ဒါရိုက်တာရော ပရိုဂျူဆာပါဖြစ်တဲ့ Elena Martin ကိုယ်တိုင်ပဲ ဒါရိုက်တာအပြင် ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီ Creatura ဆိုတဲ့ ဇာတ်ကားအတွက် သီးခြားဆု ၂ ဆုအပြင် ဆန်ကာတင်စာရင်း ၂၇ ခုအထိ ပါအောင် စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မီလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကလေးဘဝထဲက ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲနဲ့ လိင်စိတ်ကြွနေတဲ့ကလေးမလေးတစ်ယောက်ပါ။ ဒါ့အပြင် သူ့မှာ "Hyper Active" ဆိုတဲ့ ဂဏာမငြိမ်တဲ့ရောဂါတစ်ခုလည်းရှိပါသေးတယ်။ ...
movie
Creatura (2023)
2023
5.5
Twin Murders: The Silence of the White City (2019)
ဇာတ်လမ်းအကျဉ်းကတော့ အလ်ဗာ မြို့မှာ ဆက်တိုက်ဆိုသလိုလူသေအလောင်းတွေတွေ့ရှိလာရတယ်။ရဲဖက်ဆိုင်ရာ စစ်ဆေးမှုတွေကအရ ဒီကွင်းဆက်လူသတ်မှုက လွန်ခဲ့တဲ့ ၂၀ ကအတိုင်းတစ်ပုံစံတည်းဖြစ်နေပါတယ်။လွန်ခဲ့တဲ့နှစ် ၂၀ ကလူသတ်သမားကိုထောင်ချထားတယ်တဲ့အတွက်ကျူးလွန်သူတရားခံဟာ ပထမလူသတ်သမားနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ထင်ကြပါတယ်။ အဲ့ဒါကြောင့် ရဲတပ်ဖွဲ့ဟာ စုံထောက်ဟူနိုင်းကိုပြန်ခေါပြီးလက်ရှိဖြစ်နေတဲ့အမှုကိုအဆုံးသတ်ဖို့ဆောင်ရွက်ပါတော့တယ်။ ကွင်းဆက်လူသတ်သမားရဲ့ စေ့စပ်သေချာမှုတွေကြောင့်သဲလွန်စ တစ်ခုတစ်လေတောင်မရကြပါဘူး။ နောက်တော့ ဟူနိုင်းဟာ ပထမလူသတ်သမား တာဆီယို နဲ့သဘောတူညီချက်ရအောင်ယူပြီး လိုက်လံစုံစမ်းတဲ့အခါမှာတော့..... File size…1.57GB / 754MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Twin Murders: The Silence of the White City (2019)
6.2
Stories Not to be Told (2023)
Stories not to be told (2023)ကျွန်မတို့တွေဟာ ဘ၀ရဲ့တစ်ထောင့်တစ်ကွေ့မှာ မရည်ရွယ်ပေမယ့်လည်း အမှားသေးသေးကစလို့ ကြီးကြီးမားမားတွေထိ လုပ်မိတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ရှက်စရာကောင်းလွန်းလို့ ဘယ်သူ့ကိုမှလည်းမသိစေချင်၊ ကိုယ်တိုင်လည်းလုံး၀မေ့ပစ်ချင်ပေမယ့် ညအိပ်ခါနီးစိတ်ထဲပြန်ပြန်ပေါ်လာတတ်ပြီး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ အဖြစ်အပျက်မျိုးတွေကို Stories not to be told လို့ခေါ်တဲ့ ဒီစပိန်ရုပ်ရှင်မှာ အသားပေးတင်ဆက်ထားပါတယ်။ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့လူအမျိုးမျိုးရဲ့ မတူညီတဲ့ဇာတ်လမ်းငါးခုက လူတွေရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပုံကို သရော်ထားပြီး သူ့နေရာမှာကိုယ်သာဆိုရင်ရော ဆိုတဲ့ စာနာစိတ်ကိုပါဖြစ်စေအောင် ရိုက်ပြထားနိုင်တာမို့ တကယ်ကို ခံစားကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Jane ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.4GB | 694MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie
Stories Not to be Told (2023)
2023