Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alex Borstein
3.4
Catwoman (2004)
Catwoman (2004) Genre - Action,Crime,Fantasyဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါတော့တယ်။အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။File size… 2.1 GB / 971 ...
movie
Catwoman (2004)
5.8
Love the Coopers (2015)
မိသားစုတိုင်းမှာ မတူညီတဲ့ နောက်ခံဇာတ်လမ်းတွေအဖြစ်အပျက်တွေ ပျော်ရွှင်စရာတွေ ဝမ်းနည်းရတာတွေမကျေမနပ်ဖြစ်ရတာတွေ ရှိကြပါတယ်။ လူတွေဟာ လူတွေဖြစ်နေတဲ့အတွက်ကြောင့်ကို ပြီးပြည့်စုံခြင်းမရှိနိုင်ကြပါဘူး။ ဒါကြောင့် ဘယ်လောက်ပဲမပြေလည်တာတွေရှိကြပေမယ့်အချိန်မနှောင်းခင်မှာ ပြေလည်မှုရဖို့ ကြိုးစားသင့်ကြပါတယ်။ ဘာလို့လဲဆိုတာ့ မိသားစုဖြစ်နေလို့ပါ။ တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ ရွေးချယ်ခွင့်လည်းမရှိတဲ့ ကိုယ့်ကို ချစ်ခြင်းမေတ္တာတွေသိသိသာသာဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ပေးနိုင်တဲ့သူတွေဖြစ်နေလို့ပါလေ။ သွေးက ရေထက်တော့ပြစ်တယ်လို့ဆိုကြတယ်မလား။ ချစ်ခြင်းမေတ္တာက ပြဿနာအားလုံးကိုဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ဒီဇာတ်ကားလေးမှာလည်း သားသမီးတွေကို ထိန်းကျောင်းရင်း ကိုယ့်ဖာသာကိုယ်ပျောက်ဆုံးနေတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ မိသားစုဝင်တွေအတွက် အမှတ်တရဖြစ်စေမဲ့ ခရစ်စမတ်ညစာလေးကိုဖန်တီးကြရင်း မပြေလည်တာတွေကို ပြေလည်အောင်လုပ်ပေးနိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ ပြဿနာတွေ မထင်မှတ်တာတွေ ကြုံလာရတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြလဲ နောက်ဆုံးမှာ ဘယ်လိုပြေလည်သွားကြလဲဆိုတာကို ခရစ်စမတ်အချိန်နောက်ခံလေး နဲ့ တင်ဆက်ပြထားတဲ့အတွက် ဆွတ်ပျံ့ကြည်နှူးဖွယ် ရယ်ရွှင်ဖွယ် ခံစားကြရမှာပါ။2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy drama အမျိုးအစားဇာတ်ကားဖြစ်ပြီး မိသားစု နဲ့ ချစ်ရသူတွေနဲ့ ကတောက်ကဆဖြစ်နေရတဲ့ အချိန်တွေမှာများကြည့်ဖြစ်ခဲ့မယ်ဆိုရင် ဇာတ်ကားဆုံးတာနဲ့ ရင်ထဲ အတွေးတစ်စကျန်ကောင်း ကျန်နေနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ File size… 2 GB / 984 MB Quality… BluRay 1080p / 720p Format… ...
movie
Love the Coopers (2015)
2015
7.1
Bad Santa (2002)
ဒီတစ်ခါမှတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းဇာတ်ကားလေးတွေကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Bad Santaဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုဒါရိုက်တာTerry Zwigoffကပုံဖော်ရိုက်ကူးထားပြီး မင်းသား Billy BobThornton ,Tony Coxနဲ့မင်းသမီးLauren Grahamတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးrating 7.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားဟာ Artios Award ဆုကိုရရှိထားပြီးဝီလီအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Billy Bob Thoronက အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ အမြဲတမ်းမူးရူးသောက်စားနေတဲ့ဝီလီတစ်ယောက် ဘဝကိုစိတ်ပျက်လက်ပျက်လက်မှိုင်ချနေပုံတဲ့ စတင်ထားပါတယ်အဲ့နောက် သူငယ်ချင်းဖြစ်သူ မားကတ်နဲ့တွေ့ဆုံမိပြီး ခရစ်စမတ်ကိုငယ်ငယ်ကတည်းကမဆင်နွှဲခဲ့ရတဲ့ ဝီလီကဆန်တာကလော့စ်အဖြစ် သူငယ်ချင်းဖြစ်သူ မားကတ်ကနတ်သူငယ်လေးအဖြစ် ဟန်ဆောင်ပြီး ခရစ်စမတ်အကြိုနေ့ညရောက်တိုင်းမှာ ကုန်တိုက်က မီးခံသေတ္တာတွေကိုလိုက်ဖောက်လေ့ရှိကြပါတယ် နောက်ဆုံးရဲကမသင်ကာလို့လိုက်ဖမ်းရာကနေ ဝီလီကအဖွားနဲ့အတူတူနေတဲ့ အမေးအမြန်းထူတဲ့ မိတဆိုးကောင်လေးတစ်ယောက်နဲ့ ဆုံမိပါတယ်ဇာတ်လမ်းက မိတဆိုးကောင်လေးရဲ့ အမေးအမြန်းထူမှုတွေ သူငယ်ချင်းနှစ်ယောက်ကြားကပြောစကားတွေကြောင့် ကြည့်ရှသူပရိတ်သတ်ကို ဝါးလုံးကွဲအောင် ရယ်ရစေမှာ အမှန်ပါပဲအဲ့ဒီနောက်ကလေးတွေဆိုရင်သဘောမကျတတ်တဲ့ ဝီလီတစ်ယောက်ဘယ်လိုမျိုးပြောင်းလဲသွားမလဲဝီလီတို့သူငယ်ချင်းနှစ်ယောက် ကရော ရဲလက်ကနေ လွတ်အောင်ဘယ်လိုမျိုးရှောင်ပြေးကြမှာလဲခရစ်စမတ်နဲ့ပတ်သက်တဲ့ ဝီလီရဲ့သဘောထားကရော ဘယ်လိုရှိမလဲနောက်ဆုံးမှာဝီလီတစ်ယောက်ဘယ်လိုမျိုးပြုပြင်ပြောင်းလဲသွားမလဲ ဆိုတာဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက ...
movie
Bad Santa (2002)
7.4
Good Night, and Good Luck (2005)
ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie
Good Night, and Good Luck (2005)
Dinner for Schmucks (2010)
လောကကြီးမှာ လူတစ်စုက တစ်ပါးသူရဲ့ ကံဆိုးမှုတွေကို လှောင်ပြောင်ဖို့သက်သက်နဲ့ တကူးတကပိုက်ဆံအကုန်ကျခံပြီး ပွဲလုပ်ကြတဲ့သူတွေရှိတဲ့အကြောင်းကို Comedy နှောပြီး မီးမှောင်ထိုးပြထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ကောင်မလေးဖြစ်သူ ဂျူလီကို သူ့အပေါ် အထင်ကြီးလာအောင် ဒါမှ သူ့လက်ထပ်ခွင့်ကို လက်ခံမှာဆိုပြီး တွေးတဲ့ တင်မ်ဟာ ရာထူးတိုးဖို့အတွက် အထက်လူကြီးတွေ စီစဉ်နေကျ “Dinner for Winners” ဆိုတဲ့ ညစာစားပွဲကို သူတို့အခေါ် ထူးခြားကွဲပြားတဲ့သူ (အတည်ကတော့ အရူးတွေပေါ့) ဆိုတဲ့သူတစ်ယောက်ကို ခေါ်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲအကြောင်းကို ကောင်မလေးဖြစ်သူသိသွားတဲ့အခါမှာတော့ မလုပ်ဖို့ တားရာကနေ ကတောက်ကဆဖြစ်ကြတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲနေ့မှာ တင်မ်က ဘာရီဆိုတဲ့ ကြွက်တွေကို ရုပ်လုံးကြွဖန်တီးတဲ့ သူကို ကားနဲ့ တိုက်မိသွားခဲ့ရာကနေ ဘာရီဟာ သူ့ရဲ့ ဒင်နာကို ခေါ်သွားနဲ့ “ထူးခြားကွဲပြားတဲ့သူ” ဖြစ်လာခဲ့တယ်။ဒီထဲမှာတော့ ဘာရီရဲ့ အလွဲလွဲအချော်ချော်လုပ်ရပ်တွေ ဆိုပေမဲ့ မိတ်ဆွေဖြစ်သူအပေါ်ထားတဲ့ ...
movie
Dinner for Schmucks (2010)
5.7
Killers(2010)
Imdb rating 5.4/10 ,rotten tomatoes rating 10%ဇွန်လ ၄ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Killers ကတော့ အချစ်ဟာသ အက်ရှင် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Ashton Kutcher နဲ့ Grey anatomy တွင် izzie stevens အနေနဲ့ emmy ဆု ရရှိခဲ့တဲ့ Katherine Heiglက အဓိက ပါဝင်သရုပ်ဆောင် ထားပြီးတော့ emmyဆု ပိုင်ရှင် Tom Selleck နဲ့ Catherine O’Hara တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ ခရီးသွားနေတဲ့ ဂျန်ဟာ သူမရဲ့ စိတ်ကူးတွေထဲက ယောက်ျားဖြစ်တဲ့ စပန်ဆာ နဲ့ ပြင်သစ်နိုင်ငံ နိစ့် မြို့ကို သွားရင်းတွေ့ဆုံ ခဲ့ကြပြီး အလျင်အမြန်ပဲ လက်ထပ်ခဲ့ကြတယ်။တစ်နေ့မှာတော့ ...
movie
Killers(2010)
7
The Bad Guys (2022)
The Bad Guys (2022)ဒီနှစ်ရဲ့အကောင်းဆုံး အနီမေးရှင်းရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ လူဆိုးကြီးများအဖွဲ့ လာပါပြီ။ ဇာတ်လမ်းကတော့ သူငယ်ချင်းစိတ်ဓာတ်၊ အကောင်းနဲ့အဆိုး စိတ်လွန်ဆွဲပွဲကို ဇာတ်လမ်းကောင်းကောင်းနဲ့ ဟာသတွေ ရောယှက်ပြီး ဖန်တီးထားတာပါပဲ။ လူတွေအများစု ကြောက်လန့်ကြတဲ့ သတ္တဝါမျိုးစိတ်တွေကို လူဆိုးတွေအဖြစ်ပုံဖော်ပြထားပြီး၊ အဲဒီလူဆိုးအဖွဲ့ကို လူကောင်းပြန်ဖြစ်လာအောင်ကူညီနေတဲ့ ပူးကလေးရယ်ပါတာပေါ့။ လှည့်ကွက်တွေများများကြည့်ရအောင် ဇာတ်လမ်းတော့ပြောမပြတော့ပါဘူး။ နောက်ခံသီချင်းတွေကလည်းအတော်ကောင်းပြီး လှုပ်ရှားမှုတွေရော အသံသရုပ်ဆောင်တွေရော ကောင်းတာမို့ ကိုယ်တိုင်ခံစားကြည့်လိုက်ပါဦး။အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Mr.Anderson, Chcuk နဲ့ Yoon တို့ပဲ ဖြစ်ပါတယ်Genre.....Animation, Adventurd, Comedy Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 750MB and 300MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson, Chuck, Yoon Encoder ..... August
movie
The Bad Guys (2022)
2022
6.1
A Million Ways to Die in the West (2014)
A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie
A Million Ways to Die in the West (2014)
2014
6.0
Extinct(2021)
Extinct(2021) အညွှန်း*******************၁၈၃၅ ခုနှစ် အမည်မသိကျွန်းတကျွန်းပေါ်မှာ အဒ်နဲ့အော့ပ်ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိကြတယ်..သူတို့က ဘာကောင်လေးတွေလဲဆိုတော့ ဖလန်မယ်လို့အမည်ရတဲ့ဒိုးနပ်ပုံစံ ဗိုက်မှာအပေါက်လေးတွေနဲ့ ချစ်စရာ ရှဉ့်လိုကောင်လေးတွေပါ...ညီမဖြစ်သူအော့ပ်က တခြားမျိုးနွယ်တူတွေနဲ့အမြင်ကိုဂရုမစိုက်တတ်ပဲအဆော့သန်ပြီး ပေါက်တတ်ကရတွေ အမြဲလုပ်တတ်တယ်....အစ်ကိုဖြစ်သူအဒ်ကတော့ အေးဆေးသမား အော့ပ်တလွဲလုပ်သမျှ ခံရပြီး မျိုးနွယ်တူဖလန်မယ်အသိုင်းအဝိုင်းမှာ ဝင်ဆန့်ချင်ရှာတဲ့သူပေါ့....တနေ့တော့ သူတို့နှစ်ကောင် အကြီးကြီးလွဲပြီး ၂၁ ရာစုက ရှန်ဟိုင်းမြို့ကို time travel ရောက်သွားပါတော့တယ် ..အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.... File Size :(1.3GB) and (757 MB) Quality : HD-Rip 1080p Format…mp4 Duration…01:24:00 Genre : Animation , Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Extinct(2021)
The Lookout(2007)
The Lookout(2007)အညွှန်း***********************IMDb....7.0Rotten tomatoes....87%Chrisဟာ ယာဉ်တိုက်မှုတစ်ခုကြောင့် ဆယ်ရက်လောက် ကိုမာဝင်ခဲ့ပြီး အတိတ်မေ့ရောဂါရခဲ့ပါတယ်....ဒီယာဉ်တိုက်မှုရဲ့အဓိက တရားခံဟာ သူကိုယ်တိုင်ဖြစ်ပြီး ကားပေါ်ပါတဲ့သူငယ်ချင်းတွေဆုံးပါးခဲ့တဲ့အတွက်ယူကြုံးမရဖြစ်ပြီး သူ့အမှားဆိုတဲ့ စိတ်ကြီးနဲ့ပဲ အပြစ်တင်ရင်းနေလာခဲ့တယ်....သူရဲ့တစ်နေ့တာလုပ်ငန်းစဉ်ကိုတောင် မမှတ်မိနိုင်တဲ့ Chrisအတွက် ဘဝမှာ အဆင်မပြေမှုတွေ များခဲ့တယ်...ဘဏ်တစ်ခုမှာသန့်ရှင်းရေးလုပ်ရင်းတစ်နေ့တာကို ခက်ခဲလေလွင့်စွာဖြတ်သန်းနေရတယ်...တစ်နေ့တော့ အကြီးစားဘဏ်ဖောက်မှုကျူးလွန်တဲ့သူတွေဟာအမာခံတစ်ယောက်ရအောင် သူ့ကိုချဉ်းကပ်လာပြီးဘဏ်ဖောက်ဖို့ စည်းရုံးသိမ်းသွင်းလာတဲ့အခါမှာတော့....ဘဏ်ဓားပြကားတွေကြိုက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်... File Size :(926 MB) and (352MB) Quality : Blu-Ray 720p Format…mp4 Duration…01:39:00 Genre : Crime , Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae
movie
The Lookout(2007)
6.3
The Angry Birds (2016)
ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်းတဲ့ The Angry Birds Movie ဖြစ်ပါတယ် ..Animation ပရိတ်သတ်တို့ မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး ..ဇာတ်လမ်းအရဆိုရင် Angry Bird တွေ ဖြစ်ပေါ်လာပုံကိုအစပျိုး မိတ်ဆက်ပေးထားပါတယ်ဂိမ်းထဲမှာ ဘာကြောင့် ဝက်တွေနဲ့ ရန်ဖြစ်ရလဲဆိုတဲ့အကြောင်းကို သိရမှာပါ ..ဂိမ်းထဲက အတိုင်း ငှက်တစ်ကောင်စီရဲ့ စွမ်းရည်တစ်မျိုးစီကိုလည်းကောင်းကောင်းမွန်မွန် ကြည့်ရှူခံစားရပါမယ်..ဇာတ်လမ်းကြီးကြီးမားမားမရှိပေမယ့်တင်ဆက်ပြသပုံ မဆိုးတဲ့အတွက် ကြည့်ရှုမယ့် ပရိတ်သတ်တွေသဘောကျ စိတ်ကျေနပ်စေမှာပါ ...ရုပ်ရှင်ကပေးတဲ့ message တွေကလည်းကောင်းမွန်တဲ့အတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ် ..အထူးသဖြင့် ဇာတ်ကောင်လေးတွေကို မိတ်ဆက်တဲ့နေရာမှာသဘောကျစရာလေးတွေပါဝင်ပြီး ချစ်စရာပုံစံလေးတွေလည်းအများကြီးတွေ့ရပါဦးမယ် ခင်ဗျ .. ပြောရရင် animation cartoon ချစ်သူတို့ အကြိုက်တွေ့စေမယ့်ရုပ်ရှင်ကားတစ်ကားဖြစ်ပါကြောင်း။အားပေးကြည့်ရှုခံစားကြပါဦး(ေဩာ် မေ့တော့မလို့ စာတန်းထိုးပြီးတဲ့အထိကြည့်ကြပါလို့ )(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Ye Kyaw Htet ပဲ ဖြစ်ပါတယ်)
movie
The Angry Birds (2016)
2016
7.0
ParaNorman (2012)
ParaNorman (2012) IMDb - 7.0/10_____Rotten - 89% ဒီကားလေးဟာ မက်ဆာချူးဆက်ပြည်နယ်ရဲ့ မြို့ဟောင်းတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ သရဲဇတ်လမ်းကား တစ်ကားပါ... အသက် ၁၁ နှစ်အရွယ် နော်မန် (Norman Babcock) ဆိုတဲ့ ကောင်လေးကတော့ အဓိကဇတ်ကောင်နေရာကနေပါဝင်ထားပါတယ်... နော်မန့်မှာ မွေးရာပါစွမ်းရည်တစ်ခု လက်ဆောင်ရထားပါတယ်... အဲ့ဒါကတော့ သေဆုံးသွားတဲ့ဝိညဉ်တွေကို မြင်တွေ့နိုင်ပြီး စကားပြောနိုင်တာပါ... သူမြင်တွေ့နေရတာတွေကို ဘယ်သူမှ မမြင်တဲ့အတွက် အရူးတစ်ယောက်လို သတ်မှတ်ခံထားရပါတယ်... သူ့မိသားစုကကတောင် သူ့ကိုမယုံပါဘူး... သူတို့မြို့လေးမှာ စုန်းမတစ်ယောက်ရဲ့ကျိန်စာအကြောင်း ပုံပြင်ဇာတ်လမ်းလေးရှိနေခဲ့ပါတယ်... ဒါပေမယ့် အဲ့ဒီ ဇာတ်လမ်းမှာ အမှန်တကယ်ရှိနေခဲ့ပါတယ်... နောက်ပြီး အဲ့ဒီမြို့လေးကလူတွေအားလုံးရဲ့ကံကြမ္မာနဲ့သက်ဆိုင်နေပါတယ်... ဒီလိုနဲ့ တစ်နေ့မှာ ဝိညဉ်တွေနဲ့ စကားပြောဆိုနိုင်တဲ့ နော်မန့်ဆီကို စုန်းမရဲ့ကျိန်စာကိုရပ်တန့်ပေးဖို့ ရုတ်တရက်တာဝန်တစ်ခုပေးခြင်း ခံလိုက်ရတဲ့ အခါမှာတော့..... နော်မန်တစ်ယောက် စုန်းမရဲ့ ကျိန်စာကို ရပ်တန့်နိုင်ပြီး လူတွေအားလုံးကို ကယ်တင်နိုင်မှာလား... စုန်းမကရော ဘယ်လိုအဆုံးသတ်သွားမလဲ ဆိုတာတွေကိုတော့ ဆက်လက်ရှုစားကြပါဦးလို့.... ဒီကားလေးဟာ ပထမဆုံး အရုပ်သေးသေးလေးတွေ နဲ့ stop-motion 3D နည်းပညာကို သုံးထားတဲ့ Animation ကား တစ်ကားဖြစ်ပါတယ်... ရုပ်ရှင်ကားကို ...
movie
ParaNorman (2012)
2012