Channel Myanmar

Alex Avant

First Daughter (2004)
First Daughter (2004) ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie

First Daughter (2004)

Gallowwalkers (2012) 5.5
Gallowwalkers (2012)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို၂၀၁၂ကထွက်ရှိခဲ့တဲ့ Gallowwalkers ဆိုတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားကို ဒါရိုက်တာ Andrew Gothရိုက်ကူးပုံဖော်ထားပြီး မင်းသား Welsey Snipes ,Keivin Howarth နဲ့ မင်းသမီး Tanit Phoenixတို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီလမ်းအစမှာလူငါးယောက်ကအမျိုးသမီးတစ်ယောက်ကိုဝိုင်းဝန်းအသုံးတော်ခံနေကြပုံနဲ့ စတင်ထားပါတယ်..ဒီလိုနဲ့အချိန်ငါးနှစ်ကြာပြီးသွားတဲ့အချိန်မှာတော့အဲ့လူတွေအကုန်လုံးက အာမန်လို့ခေါ်တဲ့ ထူးဆန်းတဲ့သေနတ်သမားတစ်ယောက်ရဲ့ အမဲလိုက်သတ်ဖြတ်ခြင်းကိုခံလိုက်ရပါတယ် အကြောင်းကတော့ ဒီလူတွေဝိုင်းဝန်းအသုံးတော်ခံခဲ့ကြတဲ့ မိန်းမလှလေးက အာမန်လို့ခေါ်တဲ့ကောင်လေးတစ်ယောက် အသက်တမျှချစ်ခင်မြတ်နိုးရတဲ့ကောင်မလေးဖြစ်နေလို့ပါ ပဲ ဒီလိုနဲ့ထူးဆန်းစွာပဲတစ်နေ့မှာတော့ ဒီလူငါးယောက်က ငရဲကနေအာမန်ကိုလက်စားချေဖို့ တစ်ဖန်ပြန်လည် နိုးထလာပါတော့တယ် ဒီအချိန်မှာတော့ အာမန်တစ်ယောက်ငရဲကနေပြန်လည်နိုးထလာတဲ့ ဒီမကောင်းဆိုးဝါး ငါးယောက်ကိုပြန်လည်ရင်ဆိုင်ရှင်းပစ်ကြိုးစားပါတော့တယ်အာမန်ကိုယ်တိုင်ကလည်း သေခြင်းတရားကိုဘယ်လိုကျော်လွှားလာခဲ့ရတာလဲ သူ့ကရော ဘယ်သူတွေရဲ့သားဖြစ်မလဲ...ကောင်မလေးနဲ့ကော ဘယ်လိုတွေ့ဆုံခဲ့တာလဲသူ့ရဲ့ဘဝကကော ဘယ်လိုတွေ ရင်နာဖွယ်ကောင်းခဲ့လဲအာမန်ကိုပြန်ပြီးလက်စားချေဖို့ နိုးထလာတဲ့ဒီမကောင်းဆိုးဝါးငါးကောင်ကို ရင်ဆိုင်ဖို့ ကြိုးစားရမှာဘယ်လိုတွေကြုံတွေ့ရင်ဆိုင်ရမလဲ အာမန်တစ်ယောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ပါ့မလားဆိုတာဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်လိုက်ပါစီးမျော ကြည့်ရှုလိုက်ပါဦးဒီဇာတ်ကားက Action, Adventure, Fantasy,Horror, Thriller & Western အမျိုးအစားကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.94GB ...
movie

Gallowwalkers (2012)