Channel Myanmar

Aleksandr Luchinin

I Am Dragon (2015) 6.8
I Am Dragon (2015) I am Dragon (2015)နဂါးလေးကိုမှ ချစ်မိနေပါပြီဆိုတဲ့ CMပရိသတ်တို့အတွက် Animationကောင်းကောင်းနဲ့ Positive review တွေပိုင်ဆိုင်ထားတဲ့ IMDb-6.8ရ ရုရှားနဂါးကားလေး တင်ဆက်ပေးချင်ပါတယ်။ တောင့်တောင့်ဖြောင့်ဖြောင့် six pack နဲ့ နဂါးလေးရယ် လှရက်လွန်းလှတဲ့ မင်းသမီးလေးရယ်ကို ငမ်းရတာနဲ့တင် အတော်တန်တဲ့ ရုပ်ရှင်လေးဆိုတော့ ရုရှားအဆင်‌လေး ပြောင်းကြိုက်ချင်သူတွေအတွက်တော့ ကြည့်သင့်တဲ့ရုပ်ရှင်လေးဖြစ်ပါကြောင်း....တစ်ချိန်က နဂါးတွေကြီးစိုးနေစဉ်ကာလမှာ မြို့ငယ်လေးတစ်မြို့က လူတွေက ရွာကအပျိုချောတွေကို နဂါးကြီးကို ဆက်သရပါသတဲ့။ ဒီမိန်းကလေးတွေကို နဂါးစာအဖြစ် ဆက်သနေရတာဟာ ဒီမြို့လေးအတွက်တော့ ဓလေ့ထုံးစံတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ သိပ်ချစ်တတ်တဲ့ လူငယ်တစ်ယောက် မပေါ်လာခင်ပါပဲ။ဒီလူငယ်လေးကတော့ နဂါးကိုဆက်သရတော့မယ့်ချစ်သူမိန်းကလေးကို အရပြန်လုဖို့ စိတ်ပိုင်းဖြတ်ခဲ့ပေမဲ့ အလာကောင်းပေမဲ့ အခါနှောင်းသွားခဲ့ရပါတယ်။ ချစ်သူကို ကယ်ဖို့မမီလိုက်တဲ့ ဒေါသဇောနဲ့ပဲ အချစ်ကြီးတဲ့လူငယ်လေးက နဂါးကြီးကို လှံနဲ့ပစ်ခွင်းအနိုင်ယူပြီး နဂါးသတ်သမားဘွဲ့ကို ခံယူလိုက်ပါတော့တယ်။ နှစ်တွေကြာတော့ နဂါးဆိုတာ တကယ်ရှိတယ်တောင်မထင်ရတော့တဲ့အထိ ဒဏ္ဍာရီတစ်ပုဒ်သာသာဖြစ်လာတာပေါ့။အခုလက်ရှိမှာတော့ ဒီနဂါးသတ်သမားရဲ့မျိုးဆက်ဖြစ်တဲ့ အီဂါဆိုတဲ့လူငယ်လေးဟာ မြို့ကိုအုပ်စိုးတဲ့မင်းသားကြီးရဲ့ သမီးထွေးနဲ့ လက်ဆက်ဖို့ပြင်နေပါတယ်။ ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့ နဂါးတွေ နတ်သမီးပုံပြင်တွေကြားမှာ မွေ့လျော်နေတဲ့သမီးဖြစ်သူကို သူရဲကောင်းမျိုးဆက်လက်အပ်ချင်တဲ့မင်းသားကြီးနဲ့ တစ်ဖက်က ...
movie

I Am Dragon (2015)

2015
Metro (2013) 6.4
Metro (2013) Metro (2013) ============ IMDb Rating - 6.4/10 Action, Drama, Thriller၂၀၁၃ လောက်ကထွက်ခဲ့တဲ့ မက်ထရိုဆိုတဲ့ ရုရှားကားကောင်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်လောက်ထဲက ဆောက်လုပ်ခဲ့တဲ့ မော်စကိုမြေအောက်ရထားလှိုင်ခေါင်းကြီး တစ်ခုရှိပါတယ်။ မော်စကိုမြစ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်ပြီး၊ စစ်တွင်းက ဘန်ကာတွေလည်းရှိနေပါတယ်။ရန်သူတွေကိုရေလွှမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်လုပ်ထား ခဲ့တာဖြစ်ပြီး ယနေ့ခေတ်မှာတော့ ပြည်သူသုံးရထားလမ်းအဖြစ်ပဲ ဆက်လက်သုံးစွဲနေပါတယ်။ ဒါပေမယ့် ငလျင်လှုပ်သွားတာကနေ တစ်ဆင့် မော်စကိုမြစ်ရေနဲ့ လှိုင်ခေါင်း ချိတ်ဆက်ထားတဲ့နေရာက ပျက်စီးသွားပြီး ရေတွေ ဝင်လာပါတယ်။ ရထားတွဲမှာပါသွားတဲ့ လူ တွေလည်းပိတ်မိကုန်ပြီး သူစိမ်းတွေဆိုပေမယ့် အချင်းချင်း ကူညီ ရိုင်းပင်းရင်း ရှင်သန်ရုန်းကန်ကြတာကိုကြည့်ရမယ့် ဇာတ်လမ်း ကောင်းတစ်ခုဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(2.66 GB) / (1.25 GB) Quality............BLU-RAY 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Thriller Translator......Thiha Yan Naing Encoder..........SWM
movie

Metro (2013)

2013