Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aleksa Palladino
5.5
The Ring Two (2005)
ဒီတစ်ခါမှာတော့ The Ring ဆိုတဲ့horror ကားကောင်းလေးကိုတင်ဆက်ပေးပါရစေတစ်ချို့သဘာဝလွန်ဖြစ်ရပ်တွေက တကယ်ရှိတယ် မရှိဘူးပြောလို့မရဘဲကိုယ်တိုင်ကြုံတွေ့မှလက်ခံလို့ရတာမျိုးဗျဒီဇာတ်ကားလေးထဲမှာလည်းအဲလိုပဲ ရေချယ်လ်နဲ့သားဖြစ်သူအေဒန်တို့ကြုံတွေ့နေရတဲ့ သဘာဝလွန်ဖြစ်ရပ်က ဘေးလူတွေအတွက်တော့ မယုံနိုင်စရာရူးကြောင်ကြောင်ပုံပြင်လိုပါပဲရေချယ်လ်ရဲ့သားဖြစ်သူအေဒန်ဟာ ဆမာရာဆိုတဲ့သေပြီးသားကလေးမလေးရဲ့ဝိညာဥ်ပူးကပ်ခြင်းကိုခံနေရတာပါဒီလိုမျိုးပူးကပ်ခံရတာမှာအေဒန်ဟာပထမဆုံးကလေးတော့မဟုတ်ပါဘူးရှေ့မှာလည်းအေဒန့်လိုမျိုးပူးကပ်ခံရတဲ့ကလေးတွေရှိပါသေးတယ်ကလေးတွေကိုပူးကပ်တတ်တဲ့ဆမာရာဟာ စိတ်ကျဝေဒနာခံစားနေရတဲ့မိခင်ဖြစ်သူကြောင့် သေဆုံးခဲ့ရတဲ့ကလေးလေးပါမိခင်ကောင်းတစ်ယောက်လိုချင်တဲ့ဆမာရာတစ်ယောက် ဝိညာဉ်ဘဝနဲ့ကလေးတွေကိုလိုက်ပူးကပ်ရင်းမိခင်ရဖို့ကြိုးစားရင်းနဲ့အေဒန်ဆီကိုပူးကပ်ရာကနေ အေဒန်လေးဟာ လူတစ်ကိုယ်စိတ်နှစ်မျိုးလိုဖြစ်သွားတတ်ပါတယ်ဒီလိုဖြစ်ရပ်ကနေလွတ်မြောက်ချင်လို့ မူလနေထိုင်ရာမြို့ကနေထွက်ပြေးတိမ်းရှောင်လာကြပေမယ့် အေဒန်ဟာ ဆမာရာရဲ့ပူးကပ်မှုကိုမလွတ်မြောက်နိုင်ဘဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်ပါ.... File size…2.26GB / 1.12GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie
The Ring Two (2005)
8.7
The Irishman (2019)
ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie
The Irishman (2019)
2019
4K HEVC
7.3
Before the Devil Knows You’re Dead (2007)
Imdb rating - 7.3/10ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ အမေရိကန်အင်ဒီရုပ်ရှင်ဖြစ်ပြီး Crime/Drama နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။ ဇာတ်ကားနာမည်က အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး ဒီရုပ်ရှင်ကို၂၀၀၇ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။အော်စကာဆုရှင်မင်းသားကြီး Philip Seymour Hoffmann နဲ့ Ethan Hawke တို့က အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Hank နဲ့ Andy Hanson ညီအစ်ကိုနှစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းမိတ်ဆက်ကတော့ ဟန်ခ့်ဟန်ဆန် (Ethan Hawke) က ဇနီးဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေးမပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီးဖြစ်သူအတွက် ကလေးစရိတ်ကိုတောင်ပေးဖို့ရုန်းကန်နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်ဒီက အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေးဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့် ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီက သူ့ညီဟန်ခ့်ကို ဓားပြတိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြတိုက်မှာက တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့ သူတို့စီစဥ်ထားသလိုမဖြစ်ဘဲ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်ဆက်တွဲဖြစ်ရပ်တွေ တသီတတန်းကြီးကို ...
movie
Before the Devil Knows You’re Dead (2007)
6.5
Mona Lisa Smile (2003)
Mona Lisa Smile (2003) ================= IMDb Rating - 6.5/10၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့် ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီး တယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်း မပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှ လူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီ စနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ် ပြီး တက်ကြွတဲ့ ဆရာမလေး အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့် တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲ သွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေး ဟာ ...
movie
Mona Lisa Smile (2003)
2003
6.5
No Man of God(2021)
No Man of God(2021)အညွှန်း**************************The Lord of the Rings ထဲက ဖရိုဒိုလေးက ဒီတစ်ခါတော့FBI အရာရှိ ဘေလ်ဟက်မိုင်ယာ အဖြစ်ပါဝင်ထားပါတယ်..." ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ လျှပ်စစ်ကုလားထိုင်နဲ့ ကွပ်မျက်ခြင်း ခံလိုက်ရတဲ့ တက်ဘန်ဒီ " တက်ဒ်ဘန်ဒီခေါ် အမည်ရင်း သီအိုဒေါဘန်ဒီဆိုတဲ့သူက ဘယ်သူများလဲ... ဘယ်လိုပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ သေဒဏ်အထိ ပေးခံခဲ့ရတာလဲ... အမေရိကားမှာတော့ တက်ဘန်ဒီဆိုတဲ့နာမည်ကြားရင် မသိသူမရှိလောက်အောင်ပါပဲ .... ဘာလို့လဲဆိုတော့ သူက ၁၉၇၀ ကျော်မှာ အမေရိကန်ပြည်နယ်ပေါင်းများစွာကို လှည့်လည်ပြီး အရွယ်မရောက်သေးတဲ့ကလေးသူငယ်အပါအဝင် မိန်းကလေးပေါင်းများစွာကို ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားဖြစ်နေလို့ပါပဲ... သူနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေ စာအုပ်တွေလည်း အမြောက်အများ ထုတ်ဝေခဲ့ကြဖူးပါတယ် ... ခုလည်း ၂၀၂၁ မှာ မင်းသား လုခ်ကာဘီ က တက်ဒ်အဖြစ် သရုပ်ဆောင်ထားတဲ့ဇာတ်ကားထွက်လာပြန်ပါပြီ ... ထူးခြားတာက ယခုဇာတ်ကားမှာတော့ တက်ဒ်ရဲ့ရှူထောင့်ဘက်က မဟုတ်ပဲ တက်ကို အင်တာဗျူးမယ့် FBI ...
movie
No Man of God(2021)