Channel Myanmar

Alberto San Juan

Four’s a Crowd (2022) 5.9
Four’s a Crowd (2022) ဒီနေ့တင်ဆက်ပေးမှာကတော့ စပိန်ခရီးသွား ဟာသကားလေးဖြစ်ပါတယ်။ ဟူလီယန်က အသက်၅၀ အရွယ် ရုံးဝန်ထမ်း တစ်ယောက်ဖြစ်ပါ။ မိန်းမနဲ့ ကွာရှင်းထားပြီး ငွေကြေးလိုအပ်ချက်အရ Application တစ်ခုမှာ ပို့စ်တင်ပြီး လူသုံးယောက်နဲ့အတူ ကားမျှစီးလေ့ရှိပါတယ်။ သူ ကြိတ်ခိုက်နေရသူလေးကတော့ ပုံမှန်ခရီးသည် ကောင်မလေး လော်ရယ်နာပါ။ လော်ရယ်နာကတော့ အသက် ၂၉ နှစ်အရွယ် ခပ်မိုက်မိုက်ကောင်မလေးပါ။ မက်ဒရစ်မှာ အလုပ်လုပ်ပြီး ပိတ်ရက် အမေနဲ့ အဖေဆီ ပြန်ရတာ ပင်ပန်းလို့ စိတ်ညစ်နေသူပါ။ လော်ရယ်နာနဲ့ ဟူလီယန်အတူ ကားမျှစီးကြတာ ခြောက်လလောက်ရှိပါပြီ။ လော်ရယ်နာလေးနဲ့ အေးအေးဆေးဆေး ခရီးသွားရဖို့ ဟူလီယန်တစ်ယောက် ကားအတူစီးဖို့ ခပ်ဝဝ ရုပ်ဆိုးဆိုး ယောကျ်ားလေးတွေကိုပဲ သေချာ ရွေးတင်လေ့ရှိပါတယ်။ ဒါပေမဲ့ ဘဝဆိုတာ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာတတ်လေတော့….. တစ်ရက်မှာ ဝမ်းကွဲအစ်ကိုရဲ့ ပရိုဖိုင်သုံးပြီး ကားပေါ်လိုက်လာတဲ့ ခပ်မိုက်မိုက်ကောင်လေး ဆာရ်ဂီယိုကြောင့် ပြဿနာ စတက်ပါတော့တယ်။ ...
movie

Four’s a Crowd (2022)

Advantages of Travelling by Train (2019) 6.5
Advantages of Travelling by Train (2019) Ratingကောင်းတွေရရှိထားတဲ့ စပိန်Mystery, Thrillerဇာတ်ကားတစ်ကားပါ။တစ်ကားလုံးခန့်မှန်းလို့မရတဲ့ဇာတ်လမ်းကြားမှာဖုံးကွယ်ထားတဲ့ဇာတ်လမ်းတွေထည့်ပြီး စပရိုက်တွေထထလုပ်ပါတယ်။အယ်ဒီတာအမျိုးသမီးတစ်ယောက် အိမ်ပြန်ရောက်တဲ့အခါသူ့ယောက်ျားဖြစ်သူရူးနှမ်းနေတာမြင်သွားတဲ့နောက်စိတ်ကျန်းမာရေးဆေးခန်းပို့ပြီးအပြန် ရထား‌ပေါ်မှာစိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ဆုံပြီးဆရာဝန်ကသူ့ကို စိတ်ဝင်စားစရာဇာတ်လမ်းတွေပြောပြပါတယ်။ဆရာဝန်မှာပဲစိတ်ဝင်စားစရာဇာတ်လမ်းတွေရှိတာမဟုတ်ပဲအမျိုးသမီးမှာလည်းဇာတ်လမ်းတွေနဲ့ပါ။ဘာဇာတ်လမ်းတွေလည်းဆိုတာ အရသာပေါ့သွားမှာစိုးလို့ မပြောတော့ပါဘူး။ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ။(ရွံစရာကောင်းတဲ့အခန်းနှစ်ခန်းလောက်ပါတာမို့ ရွံတတ်ရင်အစာစားရင်မကြည့်ပါနဲ့)ကြည့်ပြီးရင်အားရမယ့်ဇာတ်ကားတစ်ကားဆိုတာအသေအချာပါပဲ။စပရိုက်လုပ်မယ့်သူမရှိရင် ဒီကားကစပရိုက်လုပ်ပေးပါလိမ့်မယ်။ File Size : ( 967 MB , 286 MB) Quality : WEB-DL 720p Running Time : 1 hr 43 min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin 
movie

Advantages of Travelling by Train (2019)

Sleep Tight (2011) 7.2
Sleep Tight (2011) တစ်စုံတစ်ယောက်က သင့်ရဲ့ပျော်ရွှင်မှုတွေကို နှုတ်ယူဖို့ အစဉ်တစိုက်ကြိုးပမ်းနေတယ်... အဲ့ဒီတစ်စုံတစ်ယောက်က သင်အိပ်ပျော်သွားတာကို အမြဲတမ်းလာစောင့်ကြည့်နေတယ်ဆို ဘယ်လိုခံစားရမလဲ??? ဇာတ်ကားတချို့မှာ အော့နှလုံးနာစရာဗီလိန်မျိုးတွေကို မြင်ဖူးကြလိမ့်မယ်။ ဒီဇာတ်ကားထဲက ဗီလိန်ကတော့ မြင်ဖူးသမျှ ဗီလိန်တွေထဲမှာ တော်တော်လေး အော့နှလုံးနာစရာဗီလိန်မျိုးဖြစ်နေခဲ့တယ်။ သူက လူတွေပျော်ရွှင်နေတာကို မခံစားနိုင်တဲ့လူ သူ့ပတ်ဝန်းကျင်က လူတိုင်းရဲ့ ပျော်ရွှင်မှုကို နှုတ်ယူဖို့ အမြဲကြံစည်နေတဲ့လူ တနည်းအားဖြင့် ပျော်ရွှင်မှုကိုသတ်တဲ့လူ။ ဒီလို လူမျိုးက မိန်းကလေးတစ်ယောက်ရဲ့အိပ်ခန်းထဲကို ညတိုင်းဝင်လာပြီး မိန်းကလေးရဲ့ ပျော်ရွှင်မှုတွေကို ဘယ်လိုသတ်မလဲဆိုတာ.......။ ဇာတ်လမ်းကတော့ နောက်ဆုံးခန်းထိ အော့နှလုံးနာအောင်ရိုက်ကူးသွားပါတယ်။ စပိန်ဇာတ်ကားဖြစ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွက်တစ်ကွက်မှမပါဘဲ IMDb Rating (7.2/10) ထိရရှိထားတာကိုကြည့်ရင် ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ဇာတ်အိမ်ကိုသတိပြုမိပါမယ်။ -----------------------------------------------  
movie

Sleep Tight (2011)