Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Albert Hall
8.4
Apocalypse Now (1979)
Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%)ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။Apocalypse Now (1979) ...
movie
Apocalypse Now (1979)
1979
4K HEVC
6.3
Major Payne (1995)
Major Payne (1995) Genre – Adventure, Comedy, Family IMDB – 6.3/10 မေဂျာပိန်းဆိုတာက အမေရိကန်စစ်တပ်က အားထားရတဲ့ အထူးရှယ် လူသတ်လက်နက်ကြီးပေါ့။ ဒါပေမဲ့ နောက်ထပ် စစ်မြေပြင်တွေ မရှိတော့တဲ့အခါမှာ မေဂျာပိန်းအတွက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတော့တယ်။ အရပ်သားဘဝနဲ့ ကြိုးစားနေကြည့်တော့လည်း အဆင်မပြေမှုပေါင်းများစွာနဲ့ ဖြတ်သန်းနေရရော။ ဒီလိုနဲ့ အထက်အရာရှိကို တောင်းပန်ပြီး စစ်တပ်နဲ့ သက်ဆိုင်ရာ အသတ်အဖြတ်အလုပ်လေး တောင်းကြည့်တော့ အကယ်ဒမီကျောင်းတစ်ခုက ပရိုဂရမ်နဲ့ ဗိုလ်လောင်းလေးတွေကို နည်းပြလုပ်ရမယ်ဆိုပြီး အလုပ်တစ်ခု ရသွားခဲ့တယ်။ ဖြစ်ချင်တော့ ဗိုလ်လောင်းတွေဆိုတာက တကယ့်ကို နှပ်ချေးတွဲလောင်း ၆ နှစ်သားလောက်ကစပြီး ဆယ်ကျော်သက်အရွယ်ထိ အရွယ်စုံ လူစုံ ပေါင်းစုံ စုဝေးထားတဲ့ မျှော်လင့်ချက်မဲ့ ဗရုတ်သုတ်ခ ကလေးတစ်သိုက် ဖြစ်နေပါတယ်။ အဲဒီမှာတင် စည်းကမ်းတင်းကြပ်လွန်းတဲ့ မေဂျာပိန်းတစ်ယောက် ကလေးတစ်သိုက်ကို ဘယ်လိုတွေ ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားမလဲ၊ အကြံပေးဆရာမလေးရဲ့ အကူအညီကို ဘယ်လိုယူပြီး ပြောင်းလဲသွားမလဲ၊ သံမဏိစိတ်ဓာတ်နဲ့ အသည်းမာတဲ့ မေဂျာပိန်းတစ်ယောက် သူ့တပ်ဖွဲ့မှာ ဘုနဲ့ဘောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရယ်မောစရာလေးတွေနဲ့ တင်ဆက်ထားတဲ့ ၉၀ ခုနှစ် ကာလရဲ့ မိသားစု ဟာသကားလေးပဲ ဖြစ်ပါတယ်။ File size… ...
movie
Major Payne (1995)
1995
The Fabulous Baker Boys (1989)
IMDb : 6.9 ~ Meta : 85 ~ Rt : 97% ဖရန့်ခ်နဲ့ ဂျက်ခ် ဘိတ်ကာ ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ဟာ အပန်းဖြေတည်းခိုခန်းတွေနဲ့စားသောက်ဆိုင် စင်မြင့်ထက်မှာ 15 နှစ်ကျော်လှည့်လည်ဖျော်ဖြေလာခဲ့ကြတဲ့ ပရော်ဖက်ရှင်နယ်စန္ဒရားပညာရှင်နှစ်ယောက်ပါ။ ဒီလိုနဲ့ပဲ အချိန်တွေက တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး သူတို့ဖျော်ဖြေနေကျပွဲတွေကို လူတွေလာကြည့်တာနည်းလာတဲ့နောက်မှတော့ သူတို့ရဲ့ရပ်တည်မှုကို လုပ်နေကြ ဖျော်ဖြေမှုတွေနဲ့ဆက်လုပ်လို့မရတော့ဘူးဆိုတာကို သိရှိလာခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဖို့အတွက် အမျိုးသမီးအဆိုတော်တစ်ယောက်ကို ခေါ်ဆိုမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး လူရွေးပွဲတစ်ခုလုပ်ပြီး ဆူစီ ဒိုင်းမွန်းလို့ခေါ်တဲ့ အဆိုတော်တစ်ယောက်ကို ရရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်လှည့်လည်ဖျော်ဖြေကြရင်း လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ အခဲမကျေမှုတွေဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိူးအခြေအနေအထိ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 1989 ခုနှစ်ကရိုက်ထားခဲ့တဲ့ musical drama ရုပ်ရှင်ဖြစ်ပြီး အော်စကာ စကာတင်ဆု လေးဆုလည်းဝင်တဲ့အပြင် BEFTA မှာ Best Sound ...
movie
The Fabulous Baker Boys (1989)
6.5
National Treasure: Book of Secrets (2007)
National Treasure: Book of Secrets (2007) " Quality ကောင်းကောင်းနဲ့ ပြန်တင်ပေးထားပါတယ် " National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ ...
movie
National Treasure: Book of Secrets (2007)