Channel Myanmar

Alanna Vicente

Branching Out (2024) 7.4
Branching Out (2024) Branching Out (2024) =================Branching out ရုပ်ရှင်ကားလေးဟာဆိုရင် IMDb 7.4 ရရှိထားတဲ့ family type အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဆင်ဂယ်အမေတစ်ယောက်ဖြစ်တဲ့ အမ်မလီရာဟာ သမီး လေးကို ဘယ်လိုပျိုးထောင်မယ် သမီး‌လေးရဲ့ ကျောင်းပ ရောဂျက်အတွက် ဖခင်အရင်းကို ဘယ်လိုရှာပုံတော်ဖွင့်မ လဲဆိုတာကို ကြည့်ရမှာပါ။ဒီဇာတ်ကားလေးမှာ အချစ်၊ ယုံကြည်မှုနဲ့ မိသားစုရဲ့ တကယ့် အဓိပ္ပာယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည်နူးစရာကောင်း ပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့သင့်တော်တဲ့ ဇာတ်ကားကောင်း လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မ လွှတ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ရ ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KK ဖြစ်ပါတယ်)File Size..........(1.62 GB) / (897 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 52Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family, Romance Translator.......KK Encoder..........SWM 
movie

Branching Out (2024)

2024
The Cell (2000) 6.4
The Cell (2000)  ဒီရုပ်ရှင်လေးက ၂၀၀၀ခုနှစ်ထွက် Sci-Fi Horrorကားလေးပါ...။သရုပ်ဆောင်တွေအနေနဲ့က Jennifer Lopez၊ Vince Vaughnတို့ပါဝင်ပြီး ဆုတံဆိပ်တွေအများကြီးရရှိခဲ့သလို Makeupနဲ့ Hairstyleပိုင်းမှာအော်စကာဇကာတင်အဖြစ်ပါခဲ့ပါသေးတယ်။ရုံဝင်ငွေကလည်း ဘတ်ဂျက်၃၃မီလီယံမှာ ၁၀၄မီလီယံအထိရရှိခဲ့တဲ့ကားလေးဖြစ်ပြီး အဲ့ဒီခေတ်အဲ့ဒီအခါက ဒီလိုဇာတ်အိမ်မျိုးကို ဒီလိုရိုက်ပြခဲ့ပါလားဆိုပြီး မြင်တွေ့ရမယ့်ကားလေးလည်းဖြစ်ပါတယ်...။ဇာတ်လမ်းအကြောင်းလေးကလည်း ခပ်ဆန်းဆန်း၊ တိုတိုရှင်းရှင်းပြောရရင်ကိုမာဝင်နေတဲ့လူရဲ့စိတ်ထဲကဝင်ပြီး ကိုယ်သိချင်တဲ့အချက်အလက်တွေဝင်ရှာပြီးရာဇဝတ်အမှုလိုက်သွားတဲ့ကားလေးပါ...။Inceptionလို မူဗီမျိုးကိုကြိုက်တတ်ရင်တော့ ဒီကားလေးကလည်းအရသာတစ်မျိုးတွေ့ဦးမှာပါ၊ ထပ်ပြီးထူးတာက ဒီကားထဲမှာhorror vibeကိုလည်းခံစားရဦးမှာပါ....၊ဇာတ်လမ်းအကျဥ်းလေးက ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိတယ်...သူ့သတ်ဖြတ်နည်းက ခပ်ဆန်းဆန်း၊အမျိုးသမီးတွေကိုပဲ ပြန်ပေးဆွဲကာတစ်နေရာမှာဖွက်ထားပြီး ရေနှစ်သေအောင်လုပ်တယ် ပြီးမှ အရုပ်မဖြစ်အောင်အရောင်ချွတ်ဆေးတွေနဲ့မွမ်းမံပြီး ရဲတွေတွေ့အောင်ပစ်သွားတာ...။ရဲတွေကသူ့ကိုတော်တော်နဲ့မဖမ်းနိုင်ခဲ့ဘူး...။ဘယ်အချိန်မှ ဖမ်းမိသွားလဲဆိုတောအဲ့ဒီလူသတ်သမားကိုမာဝင်သွားမှ ဖမ်းမိတယ်...။အဖမ်းခံရတဲ့အချိန်မှာလည်း အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲပြီးသား...၊ဒီတော့ ပြန်ပေးဆွဲခံတဲ့အမျိုးသမီးရဲ့တည်နေရာကို သူ့ကိုမေးဖို့အတွက်ခုနကပြောတဲ့ တစ်ဖက်လူရဲ့စိတ်ထဲဝင်လို့ရတဲ့နည်းပညာတွေလိုလာပြီပေါ့။အဲ့ဒီနည်းပညာတွေနဲ့ လူသတ်သမားရဲ့စိတ်ထဲကိုဝင်ကြည့်မိတဲ့အခါမှာတော့....။အဲ့ဒီခေတ်အခါက ဇာတ်အိမ်ဆန်းဆန်းနဲ့ ရိုက်ကွင်းရိုက်ကွက်တွေကိုတစ်ဖန်ပြန်ခံစားချင်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မှာပါ။  File size…1.90 GB / 840 MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 47m Genre ….. Crime , Horror , Sci-Fi Subtitle….Myanmar Subtitle ...
movie

The Cell (2000)