Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alan van Sprang
7.1
Narc (2004)
Narc ဇာတ်ကားဟာ 2002 မှာထွက်ရှိထားတဲ့Thriller/Crime အမျိုးအစား ဖြစ်ပါတယ်။IMDb7.1 ရရှိထားပြီး Rotten tomatoes 84% ရထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တာဝန်ကရပ်ဆိုင်းခံထားရတဲ့ရဲအရာရှိ နက်ခ် တဲလစ်ကို ရဲတစ်ယောက်အသတ်ခံရတဲ့အမှုကိုပြန်လိုက်ဖို့ တာဝန်ပေးလိုက်ကြပါတယ်။သူရဲ့တွဲဖက်ပါတနာကတော့ ဟင်နရီအုက်ခ် ဖြစ်ပြီးဆုံးသွားတဲ့ရဲအရာရှိရဲ့ တွဲဖက်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ဟင်နရီအုက်ခ်ဟာ သူ့ရဲ့သူငယ်ချင်းဆုံးသွားတဲ့အပေါ်လက်စားပြန်ချေနိုင်ဖို့ ဘာမဆိုလုပ်ဝံ့သူပါ။ဒါကြောင့် crime ဇာတ်ကားကြိုက်တဲ့သူတွေအဖို့ တဲလစ်နဲ့အုက်ခ် တို့လူသတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ကြမယ်၊အဖြေရှာကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2.51 GB / 1.05GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Crime /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie
Narc (2004)
5.8
The Lie (2018)
The Lie (2018) ============ဒီဇာတ်ကားလေးကတော့ broken family တစ်ခုရဲ့ သက်ရောက်မှု တွေကို ဖော်ကြူးထားပါတယ်။ ဆယ်ကျော်သက်လေး ကေလာဟာ အမေ အဖေ တစ်ကွဲစီနဲ့ ဟိုကူးဒီကူးလုပ်နေရသူလေးပါ။ မိဘတွေ ကိုယ်စီမှာလည်း နောက်လူ အသီးသီးနဲ့ပေါ့။ တစ်ရက် ကျောင်းကပွဲ ကို တက်ရမယ့် အသွားလမ်းမှာ သူငယ်ချင်း ဘရစ်တနီကို တွေ့တာမို့ သူ့အဖေကားနဲ့ တစ်ပါတည်းလိုက်ဖို့ ခေါ်ခဲ့တယ်။ဘရစ်တနီဆိုတာလည်း အလန်းဇယားလေးတစ်ယောက်၊ ကိစ္စလေး တစ်ခုနဲ့ စကားများရင်း အဖေ့ကွယ်ရာအရောက် သူငယ်ချင်းကိုတွန်း ချလိုက်စဉ်မှာ ပြဿနာတွေက စပါတော့တယ်။ သမီးဖြစ်သူ ငယ်ငယ် ရွယ်ရွယ်ကို ထောင်ထဲအပါမခံနိုင်တဲ့ မိဘတွေရဲ့ ကြိုးပမ်း အားစိုက် လိမ်ညာမှု၊ သူတို့တွေရဲ့ အပူမီးကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မယ့် ဒရာမာကောင်းလေး ဖြစ်တာမို့ ကြည့်ရှုသင့်ပါကြောင်း ညွှန်းဆိုလိုက် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thu Thu ဖြစ်ပါတယ်)File Size..........(1.22 GB) / (455 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Thu Thu Encoder..........SWM
movie
The Lie (2018)
2018
6.2
Saw III (2006) Saw 3
Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie
Saw III (2006) Saw 3
5.7
Survival of the Dead (2009)
Survival of the Dead (2009)======================= ခေတ်ကြီးက Zombies တွေ နဲ့ ကမ္ဘာကြီးကပရမ်းပတာတွေဖြစ်နေတဲ့အချိန်ပေါ့။ ဒီလိုအခြေအနေတွေကြားမှာ အထက်ကိုစိတ်နာပြီးတပ်ပြေးလာတဲ့ ဆာ့ခ်ျတို့ စစ်သားတွေတသိုက်။ပလမ်းကျွန်းပေါ်မှာကလည်း အိုဖလင်း မိသားစုနဲ့ မဲလ်ဒွန်းမိသားစုရဲ့ဇွန်ဘီးတွေအပေါ်အယူအဆကွဲလွဲပုံကြောင့်ပစ်ခတ်နေကြတာကပုံမှန်လိုပဲ။အိုဖလင်းတွေက ဒီဖုတ်ကောင်တွေကိုအမြစ်ဖြုတ်သတ်ပစ်ရမယ်ထင်ကြတယ်။ မဲလ်ဒွန်းတွေက ဒီကောင်တွေကိုပြောင်းလဲနိုင်မယ်ထင်ကြတယ်။အားလျော့တာတဲ့ အိုဖလင်းတွေရဲ့ခေါင်းဆောင် ပတ်ထရစ်ဟာတနေ့မှာတော့ ကျွန်းကနေပါနှင်ထုတ်ခံရပါတော့တယ်။ ကျွန်းကိုပြန်နိုင်ဖို့ကြံနေတဲ့ပတ်ထရစ်နဲ့ ဘေးကင်းရာနေရာတခုရှာနေတဲ့ဆာ့ခ်ျတို့တွေ့ကြတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲ သူတလူငါတမင်းခေတ်မှာဘယ်သူကများအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး... File size…1.11GB / 415MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 30m Genre ..... Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Survival of the Dead (2009)
6.2
Land of the Dead (2005)
Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့နောက် Old but gold zombie ကားကောင်းတစ်ကားကို CM fanတွေ မကြည့်ဖူးမရှိရအောင် တင်ဆက်ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊ ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊ ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြို့ပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ ကြေးစားအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသားတွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie
Land of the Dead (2005)
6.0
Immortals (2011)
Immortals (2011)=============IMDb Rating - 6.0/10#Unicodeဂရိသူရဲကောင်း သီးစီးယက်စ်ကို အားလုံးပဲသိကြမှာပါ။ သူက ဟာဂျူလီတို့လို အင်အားကြီးမားတဲ့သူရဲကောင်းမျိုး မဟုတ်ပေမယ့် ဥာဏ်ပညာကြီးမားပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သူရဲကောင်းတစ်ယောက်ပါပဲ။ ဒီကားဟာ ဂရိဒဏ္ဍာရီတွေပေါ် မှီငြမ်းရိုက်ကူးထားတဲ့ Fantasy အမျိုးအစားပဲဖြစ်ပါတယ်။ သို့ပေမယ့် ဇာတ်လမ်းကြောရိုးသာတူပြီး ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ပုံပြင်တွေနဲ့တော့ကွဲထွက်နေမှာ အမှန်ပါပဲ။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ကို ဖျက်စီးဖို့ ဘုရင်ဟစ်ပီးရီးယန်းကအစ်ပိုင်းရပ်စ်လေးတော်ကို လိုက်ရှာနေတာနဲ့ အစပြု့ထားပါတယ်။ လူသားတို့ရဲ့ အရေးကိစ္စတွေထဲပါဝင်ပတ်သက်ခြင်းမပြု့ရလို့ ဇူးစ်ကိုယ်တိုင်က ဥပဒေချမှတ်ထားတာကြောင့် နတ်ဘုရားတွေကိုယ်တိုင်ကလည်း ဝင်ကူညီရခက်နေကြပါတယ်။ ဒါကြောင့် ဘုရင်ကြီးဟစ်ပီးရီးယန်းကို တားဆီးနိုင်ဖို့အတွက်သီးစီးယက်စ်ရဲ့ အကူအညီကို ရယူရပါတော့တယ်...။ ဒီကားရဲ့ တင်ဆက်ပုံဟာ 300 Spartans ကားနဲ့အတော်လေးတူညီနေတာကို သတိထားမိတယ်။ နောက်ခံတွေ တိုက်ပွဲတွေဟာ 300 ကားကိုပြန်ကြည့်နေရသလိုပါပဲ။ Fan တွေကတော့ ဂရိဒဏ္ဍာရီတွေနဲ့ အတော်လေးကွဲထွက်နေတာကို သိပ်သဘောမကျကြပုံပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စူပါမင်း(Man of ...
movie
Immortals (2011)
2011