Channel Myanmar

Alan Napier

Marnie (1964) 7.1
Marnie (1964)  ၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marnie ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် မင်းသမီးကြီး ‘Tippi’ Hedren နဲ့ မင်းသားကြီး Sean Connery တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မာနီက ဆွဲဆောင်မှုရှိတဲ့အပြင်ငယ်ရွယ်တဲ့အမျိုးသမီးလေးဖြစ်ပြီး နာမည်တုတွေအများကြီးနဲ့ ကုမ္ပဏီကြီးတွေမှာ အချိန်တစ်ခုလောက်အထိ အလုပ်လုပ်ကာ အဲ့ဒီအလုပ်မှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူတတ်တဲ့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့ သူမအလုပ်သွားလျှောက်တဲ့ ရတ်ထ်လန်ကုမ္ပဏီရဲ့ သူဋ္ဌေး မက်ခ်ရတ်ထ်လန်က သူမကို မျက်စိကျပြီး အလုပ်ခန့်လိုက်ပြီးနောက် သူမရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး သူမကို အကြပ်ကိုင်ကာ သူ့ကို အတင်းအဓမ္မ လက်ထပ်စေပါတော့တယ်။ လက်ထပ်ပြီးသွားမှ သိလိုက်ရတာကတော့ မာနီက သူမကို ဘယ်ယောက်ျားသားကမှ ထိတွေ့တာကို မနှစ်သက်ပါဘူး။မုန်တိုင်းတွေထန်တဲ့ညတွေမှာဆိုရင်လည်း အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတတ်ပါသေးတယ်။ ညဖက်တိုင်းလိုလို အိပ်မက်ဆိုးတွေ မက်နေတတ်တဲ့ မာနီ၊ မက်ခ်ကို သဘောကျပေမယ့် မက်ခ်ရဲ့ အထိအတွေ့ကို မနှစ်သက်တဲ့ မာနီ ...
movie

Marnie (1964)

Mary Poppins (1964) 7.8
Mary Poppins (1964) 2019 မှာ Mary Poppins ပြန်လာမယ်ဆိုပဲ။Mary Poppins ဆိုတာဘယ်သူလဲ။နတ်သမီးလေးလား။ကဝေမလေးလား။သူက ထူးခြားမှော်ဆန်တဲ့ ကလေးထိန်းမလေးပါ။Mary Poppins(1964) ကတော့ Comedy, Family, Fantasy ဇာတ်ကားလေးပါ။Disney ဇာတ်ကားတို့ရဲ့ ထုံးစံအတိုင်း သီချင်းလေးတွေဆို ရယ်စရာလေးတွေပဲပါတယ်ထင်ရင်တော့မှားသွားပါမယ်။သူပေးချင်တဲ့ ဘဝနဲ့ပတ်သက်တဲ့ Message တွေကလည်း အရမ်းကို ရိုးရှင်းကောင်းမွန်ပါတယ်။ကလေးတွေအတွက်လည်း အသိတိုးသလို လူကြီးတွေအတွက်လည်း သတိရလာအောင် သတိပေးမယ့် ချစ်စရာ Message လေးတွေကိုမြင်ရမှာပါ။သီချင်းလေးတွေကလည်း ချစ်စရာပါ။မိသားစုအတူတူပေါ့ပေါ့ပါးပါးရယ်ရစေမယ့် ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ်။ မိဘတွေရဲ့ ဂရုစိုက်ခြင်းမခံရဘဲ နာနီတွေနဲ့ပဲ အချိန်ကုန်နေရတဲ့ ကလေးတွေဟာ ကလေးဆိုးလေးတွေလိုဖြစ်လာကြပါတယ်။ကလေးထိန်းတွေတစ်ယောက်ပြီး တစ်ယောက်ပြောင်းနေရတဲ့အချိန်မှာ Mary Poppins က ကလေးတွေရဲ့ အလုပ်ခေါ်စာကိုတွေ့ပြီး ကလေးထိန်းအလုပ်လုပ်ရင်း သူတို့မိသားစုကြားမှာ ...
movie

Mary Poppins (1964)

1964
The Sword in the Stone (1963) 7.2
The Sword in the Stone (1963) The Sword in the Stone (1963) IMDb - 7.2/10_____Rotten - 66%   Old but Gold ထဲကနေ ကာတွန်းကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။၁၉၆၃ခုနှစ်ကထွက်ရှိခဲ့တဲ့ "The Sword in the Stone" ဆိုတဲ့ကားလေးပါ။ဟိုး ယခင်တိတ်ခွေခေတ်တုန်းကတည်းက ဖန်တစ်ရာတေအောင် ကြည့်ခဲ့ပြီး မကြည့်ရသေးတဲ့ သူတွေကိုလည်း ကားကောင်းလေးဖြစ်ကြောင်းလမ်းညွှန်ခဲ့ရတဲ့ Animation ကားလေးပါ...။ အခုပြန်ကြည့်ပြန်တော့လည်း ကျွန်တော်တို့ နှလုံးအိမ်ကို ဆွဲဆောင်နိုင်စွမ်းရှိနေတုန်းပါပဲ။၁၉၆၃ ကထွက်ခဲ့တဲ့ကားဆိုပေမယ့် လက်ရာကတော့ အတော်လေးကိုသေသပ်ကောင်းမွန်ပါတယ်။ ဇာတ်လမ်းလေးကတော့ တော်တော်များများသိကြမယ့် အာသာဘုရင်ကြီးနဲ့ မှော်ဆရာကြီးမာလင်တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ အင်္ဂလန်ပြည်မှာ ဘုရင်အဖြစ်ဆက်ခံမယ့်သူမရှိတော့တဲ့အတွက်ကြောင့် သူတစ်လူငါတစ်မင်းခေတ်ပျက်ကာလဖြစ်နေပါတယ်.. အဲ့လိုအချိန်မှာ ကျောက်တုံးတစ်တုံးအပေါ်မှာစိုက်ထားတဲ့ ဓါးတစ်ချောင်းထူးခြားစွာပေါ်လာခဲ့ပါတယ်။ အဲ့ဓါးကိုဆွဲထုတ်နိုင်သူသည် အင်္ဂလန်ရဲ့ဘုရင်ဖြစ်မည်ဆိုပြီးဓါးပေါ်မှာစာထွင်းထားတယ်ပေါ့။ တစ်ယောက်ပြီးတစ်ယောက်လာဆွဲနှုတ်ကြတယ် ဘယ်သူမှမရခဲ့ကြဘူး အဲ့လိုနဲ့နှစ်ပေါင်းများစွာကြာလာတော့ လူတွေကလဲ ဓါးကိုမေ့မေ့ပျောက်ပျောက်ဖြစ်လာတယ်ပေ့ါ။ အဲ့အချိန်မှာ အာသာက ၁၂နှစ်အရွယ်ကလေးပဲရှိသေးတယ်။ ဇာတ်လမ်းက အာသာကဘုရင်ဖြစ်ရမှာပဲ သူပဲဓါးဆွဲနှုတ်နိုင်မှာပေါ့(အာသာ၊ မာလင်ဇာတ်ကားတော်တော်များများ အဲ့အတိုင်းနီးနီးပါပဲ)။ ဒါပေမယ့် မာလင်တစ်ယောက် အာသာနဲ့ဘယ်လိုတွေ့သွားမှာလဲ။ မာလင်ကိုဘယ်လိုများ နည်းပေးလမ်းပြပေးမလဲ။ အာသာကရော ဓါးဆီဘယ်လိုရောက်သွားမလဲဆိုတာတော့ Disney ရဲ့ Classic လက်ရာလေးကို ခံစားရင်းကြည့်လိုက်ပါဦးဗျ.... မှတ်ချက်။ ။မာလင်ရဲ့မှော်ပညာတွေကိုစိတ်ဝင်စားသူများအတွက် ...
movie

The Sword in the Stone (1963)

1963